Blogger တွေ ဆိုဒ်မှာ စာတင်မယ်ဆိုပြီး ရေးထားပြီး တင်လိုက်တယ် မကြိုက်သေးလို့ ပြန်ပြင်မယ် ဆိုကာမှ Edit မနှိပ်မိဘဲ Delete ကိုမှားပြီးနှိပ်မိတဲ့ အခါမျိုးတွေ ရှိတတ်ပါတယ် ဒါမှမဟုတ် တင်ထားတာကြာနေပြီဖြစ်တဲ့ ပိုစ့်တစ်ခုခု ကိုလဲ ဖျက်မိတတ်တာပဲလေ ဒီလိုကြုံရရင် အစကနေ ပြန်ရေးမလား ဒါမှမဟုတ် ကိုယ်ပင်ပန်းထားသမျှ စိတ်ကူးထားသမျှတွေကို ဆုံးရှုံးရလို့ လွမ်းတတနဲ့ မခံချိမခံသာဖြစ်နေမလား တစ်ခုခုတော့ ဖြစ်မိကြမှာပေါ့ ဒီလို အချိန်မျိုးမှာ ကိုယ်မှားဖျက်လိုက်မိတဲ့ Post ကို ပြန်ဆယ်ယူလို့ ရမယ်ဆိုရင် ဘယ်လောက်အဆင်ပြေမလဲနော် ဒါကြောင့်
Blogger တွေ မိမိဆိုဒ်မှာ တင်ထားပြီး မှားဖျက်လိုက်မိတဲ့ Post တွေကို ဘယ်လို Recover ပြန်လုပ်ယူရမယ်ဆိုတာ ကို ပြောပေးပါမယ် ကြုံဆုံခဲ့လို့ရှိရင်တော့ အသုံးတည့်မှာပေါ့ ဒါပေမယ့် ပညာပါပဲ သိထားတော့ မမှားဘူးပေါ့ဗျာ Blogger တစ်ယောက်အနေနဲ့ကတော့ သိကိုသိထားသင့်တယ်လို့ ကျွန်တော်အနေနဲ့ ယူဆမိပါတယ် တခြားသူတွေကတော့ မပြောတတ်ဘူးပေါ့ဗျာ
ဘယ်လို ပြန်ဆယ်ယူကြမလဲ ?
1.ပထမဆုံး www.google.com ကိုသွားပါ
2.Search box ထဲမှာ site:akarphyoe.com လို့ ရိုက်ထည့်ပြီး ရှာလိုက်ပါ (အနီရောင်နဲ့ ပြထားတဲ့ စာနောက်မှာ ကိုယ်ပြန်ရှာလိုတဲ့ post title ကို ထည့်ပေးပါ) အောက်ကပုံမှာ ပြထားပေးပါတယ် ပုံသေးနေရင် ပုံကို ကလစ်နှိပ်ပြီးကြည့်ပါ
3.ရှာလို့ ထွက်လာတာကနေ နောက်နားက မြှားခေါင်းလေးကို နှိပ်ပေးပြီး Cached ဆိုတာလေးကို နှိပ်ပေးပါ
နောက် သင်မှားဖျက်လိုက်မိတဲ့ ပိုစ့်ကို copy လုပ်ပြီး သင့်ဆိုဒ်မှာ
ပြန်တင်နိုင်ပါတယ် ဒါဟာ Google က ပေးထားတဲ့ အရမ်းကောင်းတဲ့ အကူအညီတစ်ခုပါပဲ
ဒါပေမယ့်လို့ သင်ပြန်ရတာဟာ Comments တွေ ဘာတွေတော့ ပါမှာမဟုတ်ပါဘူး ဒါတွေ
ဘယ်လိုပြန်ရအောင်လုပ်မလဲဆိုတာကို ကျွန်တော် ကလိကြည့်တဲ့အခါ နည်းတစ်ခု
သွားတွေ့ပါတယ် ဒါက cached copy ကနေ Post ID ပြန်ရှာယူတဲ့နည်းပါ
Post ID ကို ဘယ်လိုရှာမလဲ?
ရှာတာကလွယ်ပါတယ်
၁. ကိုယ့် ဆိုဒ်ကို သွားပါ
၂. ဆိုဒ်ဖွင့်ထားတဲ့ အနေအထားမှာ Ctrl+U ကိုနှိပ်ပါ source page တက်လာပါမယ်
၃.source page အက်တစ် ဖြစ်နေတဲ့ အနေအထားမှာ Ctrl + F ကိုနှိပ်ပါ ပြီးရင်
post hentry ဆိုတာလေးကို ရိုက်ရှာလိုက်ပါ
<div class='post hentry'>
<h3 class='post-title entry-title'>
ဒီလိုအနေအထားမျိုး မြင်ရပါမယ် အပြာရောင်နဲ့ ပြထားတဲ့ နံပါတ် တွေဟာ
Post ID ပါပဲ (သင့်ဆိုဒ်က သင်ရိုက်ရှာလို့ရလာတဲ့ နံပါတ်တွေနဲ့တော့
မတူဘူးနော် သင်ရှာလို့ရတာ ကတစ်မျိုးဖြစ်နေပါလိမ့်မယ်)
Post ID တော့ တွေ့ပြီ ဘာဆက်လုပ်ရမလဲ ဆိုတော့
http://www.blogger.com/blogger.g?blogID=XXXXXXXX#editor/target=post;postID=YYYYYYYYY;
XXXXXXXX အနီရောင်က Blog ID ပါ YYYYYYYYY ဒါကတော့ post ID ပေါ့
နောက်တစ်ခုက ကျွန်တော်တို့ အနေနဲ့ ဖျက်လိုက်မိတဲ့ ပိုစ့်ကို
အထက်ကအတိုင်းမဟုတ်ဘဲ Google Reader ကနေ ရှာကြည့်နိုင်ပါသေးတယ်
ရှာနည်းကတော့
https://www.google.com/reader/view/feed/http://akarphyoe.com/feeds/posts/default
အထက်ပါ Link ကို ဖွင့်ကြည့်ပြီး ရှာကြည့်နိုင်ပါတယ် ဒါကအသေအချာတော့
ရမယ်ပြောလို့ ရတာတော့မဟုတ်ပါဘူး ရနိုင်ချေ 95% လောက်တော့
ရှိတယ်လို့ပြောလို့ရပါတယ် ဒါပေမယ့် ဒီ service က july 2013 မှာ
ပျောက်ကွယ်သွားပါမယ်လို့ ပြောထားတာရှိလေတော့ ဟဲဟဲ အထက်က နည်းအတိုင်းပဲ
ရှာကြတော့ပေါ့ဗျာနော်
by arkarphyo











0 comments:
Post a Comment
နည်းပညာနဲ့ ပတ်သတ်ပြီး သိလိုသည်များကို မေးခဲ့နိုင်ပါတယ်...နည်းပညာတိုင်းက ကျွန်တော် ရေးထားတာ မဟုတ်ပေမယ့်..ကျွန်တော် သိသလောက်ကို ဖြေပေးမှာပါ..သတင်းပို့စ်တွေနဲ့ ပတ်သတ်ပြီးလည်း..ကြိုက်သလို ဝေဖန်နိုင်ပါတယ်...