<div style='background-color: none transparent;'></div>

Thursday, June 13, 2013

ဆီးရီးယား အတိုက်အခံများ ကျေးရွာကို တိုက်ခိုက်သိမ်းယူပြီး ဒေသခံများကို သတ်ဖြတ်


ဆီးရီးယားနိုင်ငံ အရှေ့ပိုင်း ဒီယာ အက်ဇ်ဇာပြည်နယ်ရှိ ဟက်လာ့ကျေးရွာအား ပြည်ပထောက်ပံ့ခံ ဆီးရီးယား အတိုက်အခံ တပ်ဖွဲ့များက ဇွန် ၁၁ ရက်တွင် တိုက်ခိုက် သိမ်းယူခဲ့ ပြီးနောက် ရှီးယိုက်မျိုးနွယ်စု ဒေသခံ ၆ဝ ဦးအား သတ်ဖြတ် ခဲ့ကြသည်ဟု သိရသည်။

အဆိုပါ တိုက်ပွဲတွင် ရွာသားများ ဘက်မှ ပြန်လည်တုံ့ပြန် တိုက်ခိုက်ခဲ့ခြင်းကြောင့် စစ်သွေးကြွ ၁၂ ဦးခန့် သေဆုံးခဲ့ရပြီး အတိုက်အခံများ၏ ကျူးကျော်ဝင်ရောက် တိုက်ခိုက်မှုကြောင့် ဒေသခံ ပေါင်းများစွာမှာ ၎င်းတို့၏ နေအိမ်များကို စွန့်ခွာ ထွက်ပြေးသွားခဲ့ရသည်ဟု အေအက်ဖ်ပီ သတင်းဌာန၏ ဖော်ပြ ချက်အရ သိရသည်။

ဆီးရီးယား ပြည်တွင်းစစ်သည် ၂ဝ၁၁ ခုနှစ် မတ်လအတွင်းမှ စတင်ဖြစ်ပွားခဲ့ ခြင်းဖြစ်ပြီး စစ်ပွဲ စတင်ချိန်မှစ၍ ယနေ့ အချိန်အထိ အစိုးရ တပ်ဖွဲ့ဝင်များအပါ အဝင် လူပေါင်းများစွာ သေဆုံးခဲ့ရ သည်ဟု သိရသည်။

by myawady

0 comments:

Post a Comment

နည်းပညာနဲ့ ပတ်သတ်ပြီး သိလိုသည်များကို မေးခဲ့နိုင်ပါတယ်...နည်းပညာတိုင်းက ကျွန်တော် ရေးထားတာ မဟုတ်ပေမယ့်..ကျွန်တော် သိသလောက်ကို ဖြေပေးမှာပါ..သတင်းပို့စ်တွေနဲ့ ပတ်သတ်ပြီးလည်း..ကြိုက်သလို ဝေဖန်နိုင်ပါတယ်...