၂၀၁၃ ခုနှစ် တက္ကသိုလ်ဝင်တန်း အောင်စာရင်းများကို ဇွန်လ ၉ ရက်နေ့
တွင်ထုတ်ပြန်နိုင်မည်ဟု ပညာရေးအသိုင်းအဝိုင်းမှ သိရှိရသည်။
အောင်စာရင်းထုတ်ပြန်ခြင်းနှင့်ပတ်သက်၍ ပညာရေးဝန်ကြီးဌာန ကို မေးမြန်းခဲ့ရာ
ဒုတိယဝန်ကြီး ဦးအေးကြူက" ဆရာတို့တောင်ရက်အတိအကျမသိသေး
ပါဘူး ဇွန်လဆန်း စနေ၊တနင်္ဂနွေ တစ်ရက်ရက်မှာထွက်မှာတော့သေချာ
တယ်"ဟုပြောကြားခဲ့သည်။
တက္ကသိုလ်ဝင်တန်း ဖြေဆိုထားသော ကျောင်းသား၊ ကျောင်းသူများ ၏ အောင်စာရင်းကို ဇွန်လ ဒုတိယအပတ်တွင် ထုတ်ပြန်နိုင်ကြောင်း မကွေး တိုင်းဒေသကြီး နတ်မောက် ဒုတိယမြို့နယ်
ညွှန်ကြားရေးမှုးက ''အောင်စာရင်းက ဇွန် ဒုတိယပတ် ၉ ရက်နေ့လို့ပြောသံ
ကြားပါတယ်။ ဇွန် ၂ ရက်နေ့မှာပြည်နယ်နဲ့တိုင်း ညွှန်ကြားရေးမှုး ဆီမှာ
အောင်စာရင်းသွားယူပြီး ကိုယ်ရုံးမှာမထားဘဲ ရဲစခန်း ဒါမှမဟုတ် လုံခြုံတဲ့
နေရာမှာ ထားရမှာပါ။
အခုထိတော့ထုတ်ပြန်ထားတာ အတိအကျမရှိသေး
ပါဘူး''ဟုပြောကြားခဲ့သည်။အောင်စာရင်းထွက်ရှိမည့်ရက်ကို တရာဝင်ထုတ်
ပြန်ထားခြင်း မရှိသေးသော်လည်း ဇွန်လ ၉ရက်နေ့တွင် ထွက်ရှိလာနိုင်
ကြောင်း၊
အနောက်ပိုင်းခရိုင် ပညာရေးမှုးရုံးမှ ဒုတိယညွှန်ကြားရေးမှုး
ဦးအုန်းသွင် က ပြောကြားခဲ့သည်။ ၂၀၁၂-၂၀၁၃ တက္ကသိုလ်ဝင်တန်း
တွင်မြန်မာတစ်နိုင်ငံလုံး အောင်ချက်ရာခိုင်နှုန်း ၃၀ ကျော်ရှိခဲ့ရာ မွန်ပြည်နယ်
သည် အောင်ချက်အကောင်းဆုံးဖြစ်ခဲ့ကြောင်း ပြည်တွင်းမီဒီယာများမှ
သတင်းရရှိသည်။
by Skynet News

0 comments:
Post a Comment
နည်းပညာနဲ့ ပတ်သတ်ပြီး သိလိုသည်များကို မေးခဲ့နိုင်ပါတယ်...နည်းပညာတိုင်းက ကျွန်တော် ရေးထားတာ မဟုတ်ပေမယ့်..ကျွန်တော် သိသလောက်ကို ဖြေပေးမှာပါ..သတင်းပို့စ်တွေနဲ့ ပတ်သတ်ပြီးလည်း..ကြိုက်သလို ဝေဖန်နိုင်ပါတယ်...