<div style='background-color: none transparent;'></div>

Tuesday, June 4, 2013

ဗီလိန်တစ်ယောက်၏ ဖွင့်ဟ၀န်ခံချက်

ကိုယ့်ကိုကိုယ့် ဘယ်သူလည်လည်းးးးးးးးး

ခွဲခြားမရတဲ့ အထိ မုသားအထပ်ထပ်နဲ့

ရစ်ပတ်လို့ အချစ်ကို လိမ်ညာယူခဲ့သူ ..................

ကျွမ်းကျင်အဆင့်မဟုတ်တောင်

ပါးနပ်စွာ အသုံးချတက်တဲ့ ဗီဇ အရ

အချို့သော အပြစ်တွေကို မြေမြုတ်ခဲ့သူ .................

ေ၀၀ါးစ ရောင်နီကိုဖမ်းဆုတ်ရင်း

ခဏခဏ ချော်ကျနေတဲ့ အတွေးမှားတွေကို

နင်းခြေလို့ သာယာမှုနဲ့ ရှေ့ဆက်ချင်သော

ဆန္ဒတစ်စုံ ကိုင်ထားသူ ..................

အဆိုးတွေကို ဘောင်မသွင်းပဲ

ကောင်းကွက်တွေ ထုတ်နှုတ်လို့

ဆက်လှမ်းခွင့်ရှိပါ့မလား .............

ဖြစ်ပါစေတော့ .............

အိမ်မက်လည်းမက်ပါစေတော့ ..............

အချစ်ဆိုတာကိုသာ ယုံကြည်ခဲ့ရင်

သို့

ငဲ့ကြည့်တက်လျှင်

သို့

နားလည် ခဲ့ရင်

ငါဟာ သေမင်းနဲ့စစ်ခင်းဝံ့သူပါ ..............

အရိပ်ကလေး (ခ) ဒါဏ်ရာ

(နွေနှင်းဆီ)
 by ကဗျာနန်းတော်(facebook)

0 comments:

Post a Comment

နည်းပညာနဲ့ ပတ်သတ်ပြီး သိလိုသည်များကို မေးခဲ့နိုင်ပါတယ်...နည်းပညာတိုင်းက ကျွန်တော် ရေးထားတာ မဟုတ်ပေမယ့်..ကျွန်တော် သိသလောက်ကို ဖြေပေးမှာပါ..သတင်းပို့စ်တွေနဲ့ ပတ်သတ်ပြီးလည်း..ကြိုက်သလို ဝေဖန်နိုင်ပါတယ်...