မလေးရှားတွင် လူတစ်စု၏ အကြမ်းဖက်ခံရမှုကြောင့် သေဆုံးသူ မြန်မာလေးဦး၏ အလောင်းကို မလေးရှားနိုင်ငံဆိုင်ရာ
မန်မာသံရုံးက
သေစာရင်းမပေးသောကြောင့် သင်္ဂြိုဟ်နိုင်ခြင်းမရှိသေးကြောင်း ၈၈
မျိုးဆက်ငြိမ်းချမ်းရေးနှင့် ပွင့်လင်း လူ့အဖွဲ့အစည်းမှ ကိုဂျင်မီက
မဇ္ဈိကိုပြောသည်။
မလေးရှားနိုင်ငံ ဆလာရန်းမြို့ရှိ ကပုန်း
နာရေးကူညီမှုအသင်း ဥက္ကဋ္ဌ ကိုစန်းဝင်း၏ သတင်းပေးပို့မှုကို ကိုဂျင်မီက
ပြန်လည်ပြောကြားခြင်းဖြစ်ပြီး လက်ရှိတွင် အဆိုပါအသင်းက အလောင်းများကို
တာဝန် ယူထားရသည်ဟု ဆိုသည်။
''အလောင်းတွေက ပုပ်ပွနေပြီ၊ အဲဒါ သံရုံးရဲ့ခွင့်ပြုချက်ကို စောင့်နေတာ''ဟု သူက ဆိုသည်။
အကြမ်းဖက်မှုများ
ဖြစ်ပေါ်နေခြင်းကြောင့် မလေးရှားရှိ မြန်မာနိုင်ငံသားများ၏ လုံခြုံရေးနှင့်
အေးချမ်းစွာ နေထိုင်လုပ်ကိုင်နိုင်ရေး အတွက် နှစ်ဖက်အစိုးရ၏
ပူးပေါင်းဆောင်ရွက်မှု လိုအပ်နေပြီဖြစ်ကြောင်းလည်း ကိုဂျင်မီက
မှတ်ချက်ပြုသည်။
အကြမ်းဖက်မှုများမှာ မလေးရှားနိုင်ငံ၊
ဆလာရန်းမြို့နယ်တွင် မေလကုန်ပိုင်းမှ စတင်ဖြစ်ပွားခဲ့ပြီး မြန်မာ
ခုနစ်ဦးခန့် အသက်ဆုံးရှုံးခဲ့ရပြီး ၁၅ ဦးခန့် ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြပြီး
၎င်းတို့အနက် ရှစ်ဦးမှာ ဒဏ်ရာပြင်းထန်သည်ဟုပင် ကွာလာလမ်ပူမြို့နေ
ကိုအောင်ကြီးက ဇွန်လ ၆ ရက်တွင် မဇ္ဈိမကို ပြောကြားထားသည်။
စာရင်းများမှာ
၎င်းတို့ လက်လှမ်းမီသမျှ ပြုစုထားခြင်းဖြစ်ပြီး အမှန်တကယ် ကိန်းဂဏန်းများ
ထိုအရေအတွက် ထက် များနိုင်ဖွယ်ရှိကြောင်းလည်း ဆိုသည်။
အကြမ်းဖက်မှုများကြောင့်
မလေးရှားနိုင်ငံဆိုင်ရာ မြန်မာသံရုံးရှေ့တွင် ဇွန်လ ၆ ရက်က ကိုအောင်ကြီး
ဦးဆောင်၍ လူ ငါးဦး ဆန္ဒပြခဲ့ကြသေးသည်။
ဆလာရန်းမြို့အနီးတွင်
လူတစ်စု၏ အကြမ်းဖက် တိုက်ခိုက်မှုကြောင့် မြန်မာတစ်ဦးသေဆုံးပြီး နှစ်ဦးမှာ
ဆေးရုံတင်ထားရကြောင်း မလေးရှားနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးတင်လတ်က
နိုင်ငံပိုင်ရုပ်သံ၏ မေးမြန်းမှုကို ဇွန်လ ၂ ရက်က ဖြေကြားခဲ့သည်။
ပဋိပက္ခနောက်ခံအခြေအနေ ဇွန်လ ၄ ရက်ကလည်း မြန်မာနိုင်ငံခြားရေး ဒုတိယဝန်ကြီး
ဦးဇင်ယော်က မြန်မာနိုင်ငံဆိုင်ရာ မလေးရှားသံအမတ် မစ္စတာ အာမက်ဖိုင်ဆဲလ်
ဘင်မိုဟာမက်အား မြန်မာနိုင်ငံသားများအား တိုက်ခိုက်ခံခဲ့ရပြီး
အသက်ဆုံးရှုံးမှုနှင့် ထိခိုက်ဒဏ်ရာရရှိခြင်းများနှင့် ပတ်သက်၍
နိုင်ငံခြားရေး ဝန်ကြီးဌာနသို့ ခေါ်ယူပြီး သတိပေးခဲ့သည်။
မလေးရှားနိုင်ငံတွင်
မြန်မာနိုင်ငံသားများအား အကြမ်းဖက်မှုများ ဆက်လက်ဖြစ်ပွားနေပါက
မလေးရှားနိုင်ငံ သို့ အလုပ်သမားစေလွှတ်မှုများ
ရပ်ဆိုင်းသွားမည်ဖြစ်ကြောင်းလည်း အလုပ်သမားရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး
ဦးမြင့်သိန်းကလည်း ပြောဆိုထားသည်။
လက်ရှိ၌ မလေးရှားနိုင်ငံရှိ
မြန်မာနိုင်ငံသားများသည် အကြမ်းဖက်မှုနှင့် ဖမ်းဆီးမှုများအန္တရာယ်ကြောင့်
အိမ်ခန်းတွင်း၌ တံခါး ပိတ်နေကြခြင်း၊ ဆူပူမှုလျော့ပါးသည့် နေရာများသို့
ပြောင်းရွှေ့နေထိုင်ကြခြင်း၊ မြန်မာဘုန်းကြီးကျောင်းများ၌ ပြောင်းရွှေ
နေထိုင်ခြင်းများ ရှိနေသည်။
by mizzima
Monday, June 10, 2013
မလေးရှားတွင် သေဆုံးသည့်မြန်မာများ သံရုံးခွင့်ပြုချက်မရသဖြင့် မသင်္ဂြိုဟ်ရသေး
Subscribe to:
Post Comments (Atom)










0 comments:
Post a Comment
နည်းပညာနဲ့ ပတ်သတ်ပြီး သိလိုသည်များကို မေးခဲ့နိုင်ပါတယ်...နည်းပညာတိုင်းက ကျွန်တော် ရေးထားတာ မဟုတ်ပေမယ့်..ကျွန်တော် သိသလောက်ကို ဖြေပေးမှာပါ..သတင်းပို့စ်တွေနဲ့ ပတ်သတ်ပြီးလည်း..ကြိုက်သလို ဝေဖန်နိုင်ပါတယ်...