<div style='background-color: none transparent;'></div>

Wednesday, June 12, 2013

ဂိုးတစ်ဂိုးသွင်းဖို့ ၁၇နှစ် စောင့်ခဲ့ရသူ

ဂိုးတစ်ဂိုးသွင်းဖို့ ၁၇နှစ် စောင့်ခဲ့ရသူမနေ့က ယှဉ်ပြိုင်ခဲ့တဲ့ သြစတြေးလျနဲ့ ဂျော်ဒန်တို့ ပွဲစဉ်မှာ ၄ဂိုးပြတ် အနိုင်ရခဲ့တဲ့ သြစတြေးလျအတွက်
ကမ္ဘာ့ဖလား ခြေစစ်ပွဲအောင်ဖို့
ခြေတစ်လှမ်းနီးစပ်လာခဲ့ပါတယ်။ ဒီပွဲမှာ ထူးခြားတာတစ်ခုကတော့ အသင်းခေါင်းဆောင် လူးကပ်စ်နေးလ်ရဲ့ပွဲသိမ်းဂိုးပါပဲ။ ၃ဂိုးပြတ် အနိုင်ရနေချိန်မှာ နောက်တစ်ဂိုး ထပ်သွင်းနိုင်ခဲ့တာက သိပ်ပြီးထူးခြားလှတယ် မဟုတ်ပေမယ့် သူ့အတွက် ဒီဂိုးသွင်းဖို့ ၁၇နှစ်ကြာအောင် စောင့်ဆိုင်းခဲ့ရတာပါ။
လူးကပ်စ်နေးလ်ဟာ သြစတြေးလျ လက်ရွေးစင် ကစားသမားအဖြစ် ပွဲ ၉၀ ပါဝင်ကစားခဲ့ပေမယ့် ဂိုးတစ်ဂိုးတောင် သွင်းနိုင်ခဲ့ခြင်းမရှိဘဲ ၉၁ပွဲမြောက်အဖြစ် ကစားခဲ့တဲ့ ဂျော်ဒန်နဲ့ပွဲမှာ ပွဲပြီးဖို့ ၆မိနစ်လိုချိန် သွင်းခဲ့တဲ့ ခေါင်းတိုက်ဂိုးဟာ သူ့အတွက် ပထမဆုံး နိုင်ငံလက်ရွေးစင် သွင်းဂိုးဖြစ်ခဲ့ပါတယ်။ ဒါဟာ သူ့အတွက် အမှတ်တရ အခိုက်အတန့်ဖြစ်ခဲ့သလို သြစတြေးလျအနေနဲ့လည်း အုပ်စုနောက်ဆုံးပွဲမှာ အီရတ်ကို အနိုင်ရမယ်ဆိုရင် သုံးကြိမ်ဆက် ကမ္ဘာ့ဖလားခြေစစ်ပွဲ အောင်မြင်မှာဖြစ်ပါတယ်။

by yoyarlay

0 comments:

Post a Comment

နည်းပညာနဲ့ ပတ်သတ်ပြီး သိလိုသည်များကို မေးခဲ့နိုင်ပါတယ်...နည်းပညာတိုင်းက ကျွန်တော် ရေးထားတာ မဟုတ်ပေမယ့်..ကျွန်တော် သိသလောက်ကို ဖြေပေးမှာပါ..သတင်းပို့စ်တွေနဲ့ ပတ်သတ်ပြီးလည်း..ကြိုက်သလို ဝေဖန်နိုင်ပါတယ်...