ဇွန် ၆ ရက်၊ မွန်းလွဲ ၃ နာရီခွဲခန့်တွင် ရန်ကုန်-နေပြည်တော်
အမြန်လမ်းပိုင်းရှိ ၁၈၅ မိုင်တွင် နိုင်ငံခြားသားများ ပါရှိသော
ပါရာဒိုတစ်စီးနှင့် အေဒီဗန် အမျိုးအစား အိမ်စီးကားတစ်စီးတို့
တိုက်မှုဖြစ်ပွားခဲ့ကြောင်း ရန်ကုန်-နေပြည်တော် အမြန်လမ်းပိုင်း
ရဲတပ်ဖွဲ့မှူး ရဲမှူးကြီး နေ၀င်းက ပြောကြားသည်။
ယင်းဖြစ်စဉ်ကြောင့် အသက် ၈၆ နှစ် အရွယ် ဆွစ်ဇာလန် နိုင်ငံသားတစ်ဦး
အပါအ၀င် အတိုက်ခံရသည့် အိမ်စီးယာဉ်မှ အမျိုးသမီးနှစ်ဦး အခင်းဖြစ်ပွားရာ
နေရာမှာပင် သေဆုံးသွားပြီး အဆိုပါ ယာဉ်နှစ်စီးပေါ်တွင် လိုက်ပါလာသူများအနက်
လေးဦးဒဏ်ရာ ရရှိခဲ့ကြောင်း သတင်းရရှိသည်။
ဖြစ်စဉ်မှာ အသက် ၆၂ နှစ်အရွယ် အင်္ဂလန်နိုင်ငံသား တစ်ဦး၊ အသက် ၈၆
နှစ်အရွယ် ဆွစ်ဇာလန်နိုင်ငံသား တစ်ဦးနှင့် ဘာသာပြန်တစ်ဦး ပါရှိသော
ပါရာဒိုယာဉ်အား မောင်းနှင်သူ ကိုတင်ဝင်းဆိုသူက ရှေ့ရှိ မိသားစု ခြောက်ဦး
ပါရှိသော အေဒီဗန်ကားအား ကျော် တက်ရာမှ ယာဉ်တိုက်မှုဖြစ်ပွားခဲ့ရာ အေဒီဗန်မှာ
ဘက်ဘယ်ခြမ်းရှိ ချောက်အတွင်းသို့ ကျကာ ယာဉ်ပေါ်ပါ အမျိုးသမီးနှစ်ဦး
သေဆုံးခဲ့ပြီး အခြားနှစ်ဦးမှာ ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
အသက် ၈၆ နှစ် အရွယ် ဆွစ်ဇာလန် နိုင်ငံသားတစ်ဦး အပါအ၀င် အတိုက်ခံရသည့် အိမ်စီးယာဉ်မှ အမျိုးသမီးနှစ်ဦး အခင်းဖြစ်ပွားရာ နေရာမှာပင် သေဆုံးသွား... |
အဆိုပါ ဖြစ်စဉ်အပေါ် ရဲမှူးကြီးနေ၀င်းက “အခုဖြစ်ပွားခဲ့တဲ့ ဖြစ်စဉ်ဟာ ပါရာဒိုကားပေါ်က ယာဉ်မောင်းရဲ့ အိပ်ငိုက်မှုကြောင့် ဖြစ်တယ်လို့ ကျွန်တော်တို့ တွက်ချက်ထားပါတယ်” ဟု ဇွန် ၆ ရက်ည ၁၁ နာရီက ပြန်လည် ဖြေကြားခဲ့သည်။
အဆိုပါ ယာဉ်တိုက်မှုအတွင်း ဒဏ်ရာ ရရှိခဲ့သူ လေးဦးအား နေပြည်တော် ခုတင် ၁၀၀၀ ဆံ့ ဆေးရုံတွင် ကုသထားပြီး လက်ရှိတွင် စိုးရိမ်ရသည့် အခြေအနေ မရှိတော့ကြောင်း၊ ပါရာဒိုယာဉ်မောင်းအား အမှုဖွင့် အရေးယူထားကြောင်း ရဲမှူးကြီးနေ၀င်းက ဆက်လက်ပြောကြားသည်။
by weeklyeleven










0 comments:
Post a Comment
နည်းပညာနဲ့ ပတ်သတ်ပြီး သိလိုသည်များကို မေးခဲ့နိုင်ပါတယ်...နည်းပညာတိုင်းက ကျွန်တော် ရေးထားတာ မဟုတ်ပေမယ့်..ကျွန်တော် သိသလောက်ကို ဖြေပေးမှာပါ..သတင်းပို့စ်တွေနဲ့ ပတ်သတ်ပြီးလည်း..ကြိုက်သလို ဝေဖန်နိုင်ပါတယ်...