ရန်ကုန်-
 မန္တလေး အမြန်လမ်းမပေါ်တွင် အစိုးရဝန်ထမ်းများ အိမ်ပြောင်း ရွှေ့ခြင်းနှင့် 
ကုန်တင်ယာဉ်ငယ် များအရေးပေါ်ဖြတ်သန်းရန်လို အပ်ပါက ယာဉ်ပေါ်ပါပစ္စည်းများကို 
စစ်ဆေး၍ ဖြတ်သန်းခွင့်
  ပေးမည်ဖြစ်ကြောင်း အမြန်လမ်း တည်ဆောက်ရေးမှ 
အင်ဂျင်နီယာ မှူးကြီးဦးမျိုးမြင့်က ပြောသည်။ ယင်းကဲ့သို့ ဖြတ်သန်းသွား 
လာခြင်းကို နေ့စဉ် နံနက်ရှစ်နာ ရီမှ မွန်းလွဲနှစ်နာရီကြားဖြတ်သန်း 
ခွင့်ပြုသွားမည်ဖြစ်ကြောင်း သိရ သည်။
 
 ဦးမျိုးမြင့်က ''အမြန်လမ်း မကြီးဥပဒေအရ ကုန်တင်ယာဉ်
  ကြီးယာဉ်ငယ်တွေကို ဖြတ်သန်း ခွင့်မပြုထားပါဘူး။ ဒါပေမဲ့ အ များပြည်သူ အကျိုးရှိမယ့် ကုန်တင်ကားလေး တခိျု့ကို လိုအပ်သ လိုစစ်ဆေးပြီး
  ဖြတ်သန်းခွင့်ပြုပါ တယ်။ နောက် စီမံကိန်းရွှေ့ပြောင်း တဲ့ယာဉ်တွေ၊ ဝန်ထမ်းမိသားစု တွေ အိမ်ပြောင်း တာတွေ ကိုလဲ ယာဉ်ကူစစ်ဆေးပြီး
  မောင်းနှင်ခွင့် ပြုထားပါတယ်''ဟုဆိုသည်။
 
 ရန်ကုန်-  မန္တလေး အမြန် လမ်းတွင် အမြန်လမ်းမကြီး ဥပ ဒေပုဒ်မ-၈(ခ)အရ 
ကုန်တင်ယာဉ် များ၊ ဆိုင်ကယ်၊ စက်ဘီး၊ ထော် လာဂျီအပါအဝင် အနှေးယာဉ်များ 
ဖြတ်သန်း သွားလာခွင့် မပြုသော် လည်း ဌာနဆိုင်ရာဝန်ထမ်းများ 
အိမ်ပြောင်းရွှေ့ခြင်းနှင့် ကုန်တင် ယာဉ်ငယ်များအား ဖြတ်သန်းခွင့် 
ပြုခြင်းဖြစ်ကြောင်း သိရသည်။
 
 ယင်းက ဆက်လက်ပြီး 
အဆိုပါအရေးကြီးယာဉ်များအား ဖြတ်သန်းရာတွင် နံနက် ရှစ်နာရီ မှ 
မွန်းလွဲနှစ်နာရီအတွင်း ဖြတ်ခွင့်ပြုကြောင်းနှင့် ယာဉ်ဖြတ်သန်း မောင်းနှင် 
ရန်သက်ဆိုင်ရာသို့ အ ကြောင်းကြားပြီး ယာဉ်နှင့် ယာဉ် မောင်းကို 
သေချာစစ်ဆေးပြီးမှ သာလျှင်ခွင့်ပြုကြောင်း ဆိုသည်။ ရန်ကုန်-မန0x081တလေး 
အမြန် လမ်းမကြီး တွင် ၂၀၀၉ခုနှစ် မတ် လမှ ယခုနှစ် ဧပြီလကုန်အထိ 
အမြန်လမ်းမပေါ်တွင် ယာဉ်စီးရေ စုစုပေါင်း ၇၁၀၅၇၁၁စီး ဖြတ် သန်းသွား 
လာခဲ့ကြောင်း အမြန် လမ်းရဲ တပ်ဖွဲ့မှ သိရသည်။
 
 စိုင်းဟန်
 by Yangon Media Group
 
 
 
 
          
      
 
  
 
 
 
  
0 comments:
Post a Comment
နည်းပညာနဲ့ ပတ်သတ်ပြီး သိလိုသည်များကို မေးခဲ့နိုင်ပါတယ်...နည်းပညာတိုင်းက ကျွန်တော် ရေးထားတာ မဟုတ်ပေမယ့်..ကျွန်တော် သိသလောက်ကို ဖြေပေးမှာပါ..သတင်းပို့စ်တွေနဲ့ ပတ်သတ်ပြီးလည်း..ကြိုက်သလို ဝေဖန်နိုင်ပါတယ်...