<div style='background-color: none transparent;'></div>

Tuesday, June 4, 2013

စမ်းချောင်းမြို့နယ်မှဟိုတယ်တစ်ခုတွင် ဆရာဝန်တစ်ဦးသေဆုံးနေ

စမ်းချောင်းမြို့နယ်၊ မြေနီကုန်းမြောက်ရပ်ကွက်၊ ဓမ္မာရုံလမ်းရှိ၊
ဟိုတယ်တွင် ၂.၆.၂၀၁၃ ရက်နေ့ ၂၂၃၀ အချိန်က လာရောက်တည်းခိုနေသော မောင်စိုင်းဘိုဘိုထွန်း၊ ၂၇နှစ်၊
(ဘ)ဦးစောထွန်းဖ၊ ဆရာဝန် အား ၃.၆.၂၀၁၃ ရက်နေ့
၁၆၀၀ အချိန်တွင်

ဟိုတယ်မှတည်းခိုခန်းခရှင်းရန်အတွက်
ဖုန်းဆက်ခြင်း၊ အပြင်မှတံခါးခေါက်ခြင်းများပြုလုပ်ခေါ်သော်လည်း
မရသဖြင့် ဟိုတယ်မန်နေဂျာမှ ရဲစခန်းသို့ အကြောင်းကြားခဲ့၍ သော့ပိုနှင့်ဖွင့်ကာဝင်ရောက်စစ်ဆေးရာ အခန်းတံခါးအား အတွင်းမှဆက်တီခုံနှင့် ကာပိတ်ထားသည်ကိုတွေ့ရှိရပြီး မောင်စိုင်းဘိုဘိုထွန်းမှာ ခုတင်ပေါ်တွင်စောင်ခြုံကာမြွရေခွံအိတ် အားခေါင်းတွင်စွပ်လျှက် ပြင်ပဒဏ်ရာမရှိဘဲသေဆုံး နေကြောင်း စစ်ဆေးတွေ့ရှိခဲ့ရပါသည်။

၎င်း၏အခန်းအတွင်းအားစစ်ဆေးရာ ATC စာတမ်းပါပန်းရောင် ဆေးပြား(၄)ပြား၊ အဖြူရောင်ဆေးပြား (၂)ပြားတို့အားကြမ်းပြင်ပေါ် တွင်ပြန့်ကျဲလျက်တွေ့ရှိရသဖြင့် ၎င်းဆေးပြားများအား စစ်ဆေးပေးနိုင်ရေးဓါတုဗေဒ၀န်ရုံးသို့ ပို့အပ်ထားရှိပြီး စမ်းချောင်းမြို့ မရဲစခန်းတွင် သေမှုသေခင်း ရေးဖွင့်စစ်ဆေးလျက်ရှိကြောင်း သတင်းရ ရှိပါသည်။

by Yangon Police News

0 comments:

Post a Comment

နည်းပညာနဲ့ ပတ်သတ်ပြီး သိလိုသည်များကို မေးခဲ့နိုင်ပါတယ်...နည်းပညာတိုင်းက ကျွန်တော် ရေးထားတာ မဟုတ်ပေမယ့်..ကျွန်တော် သိသလောက်ကို ဖြေပေးမှာပါ..သတင်းပို့စ်တွေနဲ့ ပတ်သတ်ပြီးလည်း..ကြိုက်သလို ဝေဖန်နိုင်ပါတယ်...