<div style='background-color: none transparent;'></div>

Wednesday, June 5, 2013

ဆီဗီလာကွင်းလယ်လူ နာဗက်စ်ကို မန်စီးတီး ခေါ်ယူ

ဆီဗီလာကွင်းလယ်လူ နာဗက်စ်ကို မန်စီးတီးခေါ်ယူဆီဗီလာ ကွင်းလယ်လူ နာဗက်စ်ကိုခေါ်ယူရန် ပြောင်းရွှေ့ကြေးပေါင် ၁၇သန်းဖြင့် သဘောတူညီမှု ရရှိခဲ့ကြောင်း
မန်စီးတီးမှ အတည်ပြုခဲ့သည်။ အသက် ၂၇နှစ် အရွယ်ရှိ နာဗက်စ်မှာ ဆီဗီလာအသင်း ယူရိုပါလိဂ်ဖလား ရခဲ့စဉ်က အထူးခြေစွမ်းပြနိုင်ခဲ့သည့် ကစားသမားတစ်ဦးဖြစ်ပြီး ၎င်း၏ စွမ်းဆောင်ရည်၊ ပွဲထွက်ခွင့်၊ အောင်မြင်မှုအလိုက် မန်စီးတီးအနေဖြင့် ပြောင်းရွှေ့ကြေး ထပ်တိုးပေးရမည်ဖြစ်သည်။
နာဗက်စ်မှာ တိုက်ကြီးများဖလား ပြိုင်ပွဲဝင် စပိန်လက်ရွေးစင် ကစားသမားတစ်ဦးဖြစ်ပြီး ပြီးခဲ့သည့် ရာသီက ဆီဗီလာအတွက် လာလီဂါပွဲစဉ် ၃၇ပွဲ ပါဝင်ကစားခွင့် ရရှိခဲ့သော်လည်း ဂိုးတစ်ဂိုးမျှ သွင်းနိုင်ခဲ့ခြင်းမရှိပေ။ ထို့ကြောင့် ၎င်းကိုခေါ်ယူခဲ့သည့် မန်စီးတီးအနေဖြင့် ဝေဖန်ခြင်းခံနေရသည်။
မန်စီးတီးအသင်း၏ နောက်ဆက်တွဲ သတင်းတစ်ပုဒ်မှာ အသင်းပရိသတ်များမှ မဲပေးရွေးချယ်သော တစ်နှစ်တာ အကောင်းဆုံး ကစားသမားဆုကို နောက်ခံလူ ဇာဘလက်တာ ရရှိခဲ့ခြင်းပင်ဖြစ်သည်။ ဇာဘလက်တာမှာ ပြီးခဲ့သည့်ရာသီက မန်စီးတီးအတွက် ခြေစွမ်းပြနိုင်ခဲ့သော တီဗက်ဇ်၊ နက်စတာဆစ်တို့ကို ကျော်ဖြတ်ကာ အဆိုပါဆု ဆွတ်ခူးသွားနိုင်ခဲ့ခြင်းဖြစ်သည်။
by yoyarlay

0 comments:

Post a Comment

နည်းပညာနဲ့ ပတ်သတ်ပြီး သိလိုသည်များကို မေးခဲ့နိုင်ပါတယ်...နည်းပညာတိုင်းက ကျွန်တော် ရေးထားတာ မဟုတ်ပေမယ့်..ကျွန်တော် သိသလောက်ကို ဖြေပေးမှာပါ..သတင်းပို့စ်တွေနဲ့ ပတ်သတ်ပြီးလည်း..ကြိုက်သလို ဝေဖန်နိုင်ပါတယ်...