
Emotion UI ပါဝင်သော Huawei ဖုန်းများတွင် Root လုပ်စရာမလိုပဲ မြန်မာဖောင့်ထည့်ဖို့ iOS Theme pack လေးတစ်ခုပြုလုပ်ပေးလိုက်ပါတယ်။
အရင်က တခြားသူများဖန်တီးထားတဲ့ Huawei emotion UI (include myanmar font)
theme pack တွေရှိပါတယ်။ အခု ကျနော်က users တွေအတွက်
နည်းနည်းလေးအပြောင်းအလဲအနေနဲ့ iOS ဒီဇိုင်းလေးနဲ့ပြုလုပ်ပေးထားတာပါ.
လက်တလော မြန်မာပြည်ကိုရောက်နေတဲ့ Emotion UI သုံးထားတဲ့တခြား huawei
ဖုန်းတွေ (C8813,U8950,y300.. etc) စတဲ့ဖုန်းတွေမှာလည်း ဒီ Theme pack
လေးနဲ့ မြန်မာစာထည့်နိုင်ပါတယ်။ Theme
ထဲမှာစံမြန်မာဖောင့်ကိုထည့်သွင်းပေးထားပါတယ်။ Root မလုပ်ချင်ဘဲ ဖုန်းမှာ
မြန်မာစာပေါ်ချင်တဲ့သူတွေအတွက်အဆင်ပြေမှာပါ။ ဒီဇိုင်းပိုင်းကိုတော့ iOS 6
ရဲ့ အသွင်အပြင်လေးအနည်းငယ်ထည့်ထားပါတယ်။ iOS wallpaper လေးခု Built in
ထည့်သွင်းပေးထားပါတယ်။
- Including Myanmar Font (San Myanmar Font) No Root Required
- Decorate Emotion UI with iOS theme style
Apple Theme by MMUG ကိုအောက်က link မှာရယူပါ။
http://www18.zippyshare.com/v/95953700/file.html
Theme ကိုထည့်သွင်းနည်းကတော့ ဖုန်းရဲ့ Internal Memory ထဲက
HWTheme/DiyTheme ဆိုတဲ့ Folder ထဲမှာ အခုပေးမယ့် Theme file လေးကိုထည့်ပါ။
ပြီးရင် ဖုန်းရဲ့ Theme ထဲကနေ Apple Theme by MMUG ကိုတွေ့ရပါလိမ့်မယ်။
Apple Theme by MMUG ထဲသို့ဝင်ပြီး Apply ကိုနှိပ်ပါ။ Theme With font
ကိုရွေးပေးလိုက်ပါ။ ဖုန်းက reboot ကျသွားပြီးပြန်တက်လာပြီဆိုရင်တော့ iOS
ဒီဇိုင်း Theme နဲ့အတူ မြန်မာစာလည်း ဖတ်နိုင်ပြီဖြစ်ပါတယ်။ ( Computer
ထဲမှာ Photoshop မသွင်းရသေးတဲ့အတွက် ဒီဇိုင်းပိုင်းကို
လုံးဝအချောသတ်မလုပ်ရသေးပါဘူး။) မြန်မာစာလုံးပေါ်တာလုံးဝမမှန်သေးပေမယ့်
စာလုံးဖတ်ရတာတော်တော်လေးအဆင်ပြေမယ်လို့ထင်ပါတယ်။
အားလုံးပဲအဆင်ပြေကြလိမ့်မယ်လို့ထင်ပါတယ်။
Thet Naing Soe (Myanmar Mobile App Store)
by myanmarmobileapp
Sunday, June 16, 2013
Emotion UI ပါဝင်သော Huawei ဖုန်းများတွင် Root လုပ်စရာမလိုပဲ မြန်မာဖောင့်သွင်းဖို့အတွက် iOS Theme by Myanmar Mobile Users Group
Subscribe to:
Post Comments (Atom)










0 comments:
Post a Comment
နည်းပညာနဲ့ ပတ်သတ်ပြီး သိလိုသည်များကို မေးခဲ့နိုင်ပါတယ်...နည်းပညာတိုင်းက ကျွန်တော် ရေးထားတာ မဟုတ်ပေမယ့်..ကျွန်တော် သိသလောက်ကို ဖြေပေးမှာပါ..သတင်းပို့စ်တွေနဲ့ ပတ်သတ်ပြီးလည်း..ကြိုက်သလို ဝေဖန်နိုင်ပါတယ်...