မွတ်ဆလင် အမျိုးသမီးတွေအတွက် အသေးစားအောင်မြင်မှုလို့ ပြောလို့ရနိုင်မယ့်
စည်းမျဉ်းတစ်ခုကို ယမန်နေ့က ဗြိတိသျှ တရားသူကြီးတစ်ဦးက ချမှတ်လိုက်ပါတယ်။
ဒါကတော့ တရားသူကြီး ပီတာမာဖီက မွတ်ဆလင် အမျိုးသမီးတွေဟာ သူတို့ ရဲ့
ဟေဂျပ်လို့ခေါ်တဲ့ မျက်နှာကိုကွယ်ထားတဲ့ အ၀တ်ကို တရားခွင်မှာ
သက်သေထွက်ဆိုရာမှာ ဖယ်ရှားပစ်ရမယ်ဆိုတဲ့ စည်းမျဉ်းကိုချမှတ်လိုက်တာပါ။
၂၂ နှစ်ရွယ်ရှိတဲ့ လန်ဒန်ကအမျိုးသမီးတစ်ဦးကတော့ သူ့ဟေဂျပ်ကို ချွတ်ပြီး
ယောက်ျားတွေ ရှေ့မှာ သူ့ မျက်နှာကိုထုတ်ဖော်ပြသဖို့ ငြင်းဆန်လိုက်ပါတယ်။
ပြီးတော့ သူ့ကို ခြိမ်းခြောက်မှုအတွက်လည်း လျှောက်လဲချက်တွေ
ပြုလုပ်ခဲ့တယ်လို့ အစောပိုင်းသတင်းတွေက ဆိုထားပါတယ်။
ဒီကိစ္စနဲ့ပတ်သက်ပြီး ဘီဘီစီသတင်းဌာနရဲ့ တရားရေးရာ ကျွမ်းကျင်သူက
လိုက်ကိုးမန်းက “ဒီကိစ္စဟာ အင်္ဂလန်နဲ့ ဝေလပြည်နယ်မှာဖြစ်နေတဲ့
တရားရေးရာပြိုင်ဆိုင်မှုရဲ့ အရေးကြီးတဲ့ ပြယုဂ်ပါ” ဟု မှတ်ချက် ပြုခဲ့သည်။
ဒီလိုကိစ္စတွေရဲ့ တစ်ဖက်မှာလည်း အဓိကအရေးကြီးတဲ့ကိစ္စတွေပါဝင်နေတ
မွတ်ဆလင်တစ်ဦးဖြစ်သူ ရာစမင်းအလီဘိုင်ရဲ့ Independent Newspaper မှာ
ရေးသားထားတာ ကတော့...အားလုံး ခြုံကြည့်လိုက်ရင်တော့ ဒီမျက်နှာအုပ်ဟေဂျပ်ဟာ
မွတ်ဆလင် အမျိုးသမီးတွေအတွက် အမျိုးသားတွေနဲ့ လူ့အဖွဲ့အစည်းထဲမှာ
ဘေးအန္တရာယ်တစ်ခု ဖြစ်စေတယ်ဆိုတဲ့ ယုံကြည်မှုတစ်ခုအတွက်ပါ။ ဒါဟာ
လက်ခံနိုင်စရာမရှိတဲ့၊ တန်းတူညီမျှမှုမရှိတဲ့၊ တာလီဘန်တွေရဲ့ အကြမ်းဖက်စွာ
တိုက်တွန်းထားတဲ့ ဆော်ဒီနဲ့ အီရန်က ချုပ်ချယ်သူတွေရဲ့ အစဉ်အလာတွေပဲ
ဖြစ်ပါတယ်။ သူတို့တွေဟာ ဒီနိုင်ငံ(ဗြိတိသျှ)ထဲမှာ နေရာမရှိတော့ပါဘူး။
ဒါဆိုဘာကြောင့်များ ဗြိတိသျှက အမျိုးသမီးတွေဟာ ဒီ အကြောင်းကို
ပြောနေကြရပါသလဲဆိုတာ စဉ်းစားမရပါဘူး။ အ၀တ်အစား အကာအကွယ်တွေဟာ လွတ်မြောက်မှု၊
ကိုယ်ပိုင်ဆုံးဖြတ်နိုင်မှု၊ ဒီမိုကရေစီနဲ့ လိင်ညီမျှမှုတွေအတွက်
ဘာသာရေးတစ်ခုကို ကျော်လွန်ပြီးတော့ သင်္ကေတတစ်ခုဖြစ်အောင်
ကြိုးပမ်းနိုင်ရမယ်။
မွတ်ဆလင် မိသားစုရေးရာ ကျွမ်းကျင်သူ
အကီလာအာမက်ကတော့ ...ဘာသာတရား တစ်ခုကို ကိုးကွယ်ခွင့်နဲ့
လွတ်လပ်စွာယုံကြည်ခွင့်ကို ကာကွယ်ရမယ်လို့ လူ့အခွင့်အရေးဆိုင်ရာ ဥရောပ
ကွန်ဗင်းရှင်း (ECHR) ထဲက အာတီကယ်ကိုးထဲမှာ ထည့်သွင်းထားပါတယ်။ ဒါပေမဲ့
အစ္စလမ်ဘာသာရေးထဲမှာတော့ အမျိုးသမီးတွေ ဟေဂျပ်ဝတ်ဆင်ခြင်းနဲ့
ဆိုင်တာတွေမတွေ့ရပါဘူး။ ကျွန်မတို့ရဲ့ အမေတွေ၊ အစ်မတွေ၊ သမီးတွေနဲ့
အိမ်ထောင်ရှင်အမျိုးသမီးတွေကို အသိအမှတ်ပြု အရေးတယူလုပ်နေတဲ့
ဒီနေ့အမျိုးသား ကြီးစိုးထားတယ်ဆိုတဲ့ ကမ္ဘာကြီးထဲမှာ ဒီဟေဂျပ်ဝတ်ဆင်ခြင်း
သင်္ကေတဟာ ဖိနှိပ်ချုပ်ချယ်မှုနှင့် မညီမျှမှုတွေကို ဖော်ပြနေပါတယ်။
တရားရုံးရဲ့ ဒီဆုံးဖြတ်ချက်ဟာ ဗြိတိသျှက အမျိုးသမီးတွေရဲ့
လွတ်မြောက်မှုအတွက် တစ်ဆင့် တိုးတက်သွားခြင်းပဲဖြစ်ပါတယ်။ ဒါပေမဲ့ ဒါဟာ
သေးငယ်လှတဲ့ အချက်လေးပါ။ ဒါပေမဲ့ ဗြိတိသျှနိုင်ငံဟာ ပြင်သစ် နိုင်ငံနဲ့
တူညီတဲ့ ဥပဒေတစ်ခု လိုအပ်နေတာပါ။ ပြင်သစ်နိုင်ငံမှာဆိုရင် လူဦးရေထူထပ်တဲ့
အများပြည်သူ ပိုင်နေရာတွေမှာ မျက်နှာအုပ်ခြင်းမျိုးကို ခွင့်မပြုပါဘူး။
by Mizzima
Wednesday, September 18, 2013
မွတ်ဆလင် အမျိုးသမီးတွေအတွက် အသေးစားအောင်မြင်မှု တစ်ခု
Subscribe to:
Post Comments (Atom)










0 comments:
Post a Comment
နည်းပညာနဲ့ ပတ်သတ်ပြီး သိလိုသည်များကို မေးခဲ့နိုင်ပါတယ်...နည်းပညာတိုင်းက ကျွန်တော် ရေးထားတာ မဟုတ်ပေမယ့်..ကျွန်တော် သိသလောက်ကို ဖြေပေးမှာပါ..သတင်းပို့စ်တွေနဲ့ ပတ်သတ်ပြီးလည်း..ကြိုက်သလို ဝေဖန်နိုင်ပါတယ်...