ရန်ကုန်တိုင်းဒေသကြီး အင်းစိန် အကျဉ်းဦးစီးဌာန ဝန်ထမ်းအိမ်ရာ အတွင်းရှိ
အမျိုးသမီး အဆောင်ပေါ်သို့ ညအချိန်မတော် အမျိုးသားတစ်ဦး တက်ရောက်ကာ
အမျိုးသမီး တပ်သားတစ်ဦး၏ ခြေထောက်ကို ကိုင်တွယ်ခဲ့သောကြောင့် ဖမ်းဆီး
အရေးယူထားကြောင်း အင်းစိန်မြို့နယ် မြို့မရဲစခန်းမှ ရဲအရာရှိတစ်ဦးက
ပြောကြားသည်။
ရွာမအရှေ့ရပ်ကွက်၊
အေးသိဒ္ဓိ (၂) လမ်းတွင်နေသူ အသက် ၂၃ နှစ်အရွယ်ရှိ ကိုမျိုးသူ ဆိုသူသည်
စက်တင်ဘာလ ၁၃ ရက် နံနက် ၂ နာရီ ၃၀ မိနစ်တွင် အင်းစိန် အကျဉ်းဦးစီးဌာန
ဝန်ထမ်းအိမ်ရာ အတွင်းရှိ အင်ကြင်းလိုင်း အမျိုးသမီး အပျိုဆောင်ပေါ်သို့
တက်ရောက်လာကာ အမျိုးသမီး တပ်သား၏ ခြေထောက်ကို ကိုင်တွယ်သောကြောင့် နိုးကာ
လန့်အော်သဖြင့် ယင်းအဆောင်နေ အမျိုးသမီးအပျို ဝန်ထမ်းများက ဝိုင်းဖမ်းဆီးကာ
အင်းစိန်ဗဟို အကျဉ်းထောင် ဒုကြီးကြပ်ရေးမှူးထံ အကြောင်းကြားခဲ့ကြောင်း
သိရှိရသည်။
အင်းစိန် အကျဉ်းဦးစီးဌာနပိုင်ဝင်းကို အုတ်တံတိုင်း
ခြံစည်းရိုးများ ကာရံထားပြီး အဆိုပါ အမျိုးသမီး အပျိုဆောင် အတွင်းသို့
ညအချိန်မတော် ကျော်နင်း ဝင်ရောက်မှုမှာ ပထမဆုံးအကြိမ် ဖြစ်ကြောင်း
အင်းစိန်မြို့နယ် မြို့မရဲစခန်းမှ ရဲအရာရှိတစ်ဦးက ပြောကြားသည်။
အကျဉ်းဦးစီးဌာနမှ အမျိုးသမီးတပ်သား၏ ခြေထောက် ကိုင်တွယ်ခဲ့သူကို
အင်းစိန်မြို့နယ်မြို့မ ရဲစခန်းမှ (ပ) ၉၉၂/၁၃၊ ပုဒ်မ ၄၅၆ ဖြင့် အမှုဖွင့်ကာ
ဖမ်းဆီးစစ်ဆေးလျက် ရှိကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးထံမှ
သိရှိရသည်။
by the voice weekly
Monday, September 16, 2013
အင်းစိန် အကျဉ်းဦးစီး အမျိုးသမီးဆောင် ညအချိန်မတော် အမျိုးသားတစ်ဦး ဝင်ရောက်
Subscribe to:
Post Comments (Atom)










0 comments:
Post a Comment
နည်းပညာနဲ့ ပတ်သတ်ပြီး သိလိုသည်များကို မေးခဲ့နိုင်ပါတယ်...နည်းပညာတိုင်းက ကျွန်တော် ရေးထားတာ မဟုတ်ပေမယ့်..ကျွန်တော် သိသလောက်ကို ဖြေပေးမှာပါ..သတင်းပို့စ်တွေနဲ့ ပတ်သတ်ပြီးလည်း..ကြိုက်သလို ဝေဖန်နိုင်ပါတယ်...