<div style='background-color: none transparent;'></div>

Friday, September 20, 2013

မြစ်ကြီးနား စစ်စခန်းများအကြောင်း ရုပ်ရှင်ရိုက်ကူးရန် ဟောလိဝုဒ် ဒါရိုက်တာ နှစ်ဦးရောက်ရှိ

ရန်ကုန် ၊ စက်တင်ဘာ ၁၈။ ။ ဒုတိ ယကမ္ဘာစစ်က မြန်မာနိုင်ငံ တွင် တာဝန်ထမ်းဆောင်ခဲ့သည့် လေသူရဲတစ်ဦး ၏သားဖြစ်သူ ဟော လိဝုဒ်ဒါရိုက်တာ Mr.Geoffrey Charies သည် ကချင်ပြည်နယ် တွင်ရှိသော စစ်စခန်းများနှင့် ပတ်သက် ပြီး ရုပ်ရှင်ရိုက်ကူးရန် အတွက် မြန်မာနိုင်ငံကိုရောက် ရှိနေပြီဖြစ်ကြောင်း သိရသည်။

အဆိုပါဟောလိဝုဒ်ဒါရိုက် တာ Mr.Geoffrey Charies နှင့်အတူ Mr.Denise Annette Ashley Gordon လည်း မြန်မာ နိုင်ငံတွင် ရုပ်ရှင်ဇာတ်ကားရိုက် ကူးရန်အတွက် မြန်မာနိုင်ငံရုပ် ရှင်အစည်းအရုံးဥက္ကဋ္ဌ ဦးလူမင်း အပါအဝင် နယက အဖွဲ့ ဝင်များ နှင့် တွေ့ဆုံဆွေးနွေးမှုများ စတင် ပြုလုပ်နေပြီဖြစ်ကြောင်း သိရ သည်။ ဟောလိဝုဒ်ဒါရိုက်တာ Mr. Geoffrey Charies သည် သူ၏ ဖခင်မြန်မာနိုင်ငံတွင် တာဝန် ထမ်းစဉ်က မြန်မာနိုင်ငံနှင့်ပတ် သက်ပြီးပြောပြခဲ့သော အကြောင်း အရာ များ ကိုစုစည်းပြီး ရုပ်ရှင် ဇာတ်ကားတစ်ကား ရိုက်ကူးရန် အတွက် စိတ်အားထက်သန်ခဲ့ သည်မှာ အချိန်ကြာမြင့်ခဲ့ပြီဖြစ် ကြောင်း ယင်း၏ပြောကြားချက် အရသိရသည်။

ယင်းနှင့်ပတ်သက်ပြီး မြန် မာနိုင်ငံရုပ်ရှင်အစည်းအရုံးဥက္ကဋ္ဌ ဦးလူမင်းက ''သူတို့နဲ့ဆွေးနွေးမှု လုပ်တယ်ဆိုတာက ပထမဦးဆုံး တွေ့ဆုံဆွေးနွေးတာပါ။ ရုပ် ရှင်ရိုက်ချင်တယ်ဆိုတဲ့အကြောင်း ကိုပဲ အများဆုံးဆွေးနွေးဖြစ်ခဲ့ တာပါ။ မြန်မာနိုင်ငံက ရုပ်ရှင်အခြေအနေကိုတော့ မဆွေးနွေးဖြစ် ခဲ့ကြပါဘူး။ သူတို့ ဒီမှာ ရုပ်ရှင် ရိုက်ရင် ဘယ်လိုမျိုးတွေ တွေ့ကြုံ ရနိုင်တယ်ဆိုတာမျိုးနဲ့ ပတ်သက် ပြီး ဒီကအနေအထားတွေကို ပြော ပြဆွေးနွေးဖြစ်ခဲ့တာပါ''ဟု ပြော သည်။

ယင်းဒါရိုက်တာနှစ်ဦးသည် ကချင်ပြည်နယ် မြစ်ကြီးနားမှ စစ် စခန်းများနှင့်ပတ်သက်ပြီး ရုပ်ရှင် ရိုက်ကူးရန်အတွက် သိရှိလိုသည် များကို စက်တင်ဘာ၁၅ရက်က မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး အထူးအစည်းအဝေးခန်းမတွင် ပထမအကြိမ် ဆွေးနွေး မှုများပြု လုပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ ဒါရိုက်တာနှစ်ဦး သည် ရုပ်ရှင်ဇာတ်ကားရိုက်ကူး နိုင်ရန်အတွက် မြန်မာနိုင်ငံတွင် လေ့လာမှုများပြုလုပ်နေပြီဖြစ်ပြီး ရုပ်ရှင်ရိုက်ကူးနိုင်ရန်အတွက် လို အပ်သောတွေ့ဆုံညှိနှိုင်းမှုများကို လည်းသက်ဆိုင်ရာ တာဝန်ရှိသူ များနှင့် ညှိနှိုင်း ဆောင်ရွက် သွား မည်ဖြစ်ကြောင်း သိရသည်။
Yangon Media Group

0 comments:

Post a Comment

နည်းပညာနဲ့ ပတ်သတ်ပြီး သိလိုသည်များကို မေးခဲ့နိုင်ပါတယ်...နည်းပညာတိုင်းက ကျွန်တော် ရေးထားတာ မဟုတ်ပေမယ့်..ကျွန်တော် သိသလောက်ကို ဖြေပေးမှာပါ..သတင်းပို့စ်တွေနဲ့ ပတ်သတ်ပြီးလည်း..ကြိုက်သလို ဝေဖန်နိုင်ပါတယ်...