လားရှိုးမြို့၊ 19-9-2013 (၁၉-၉-၂၀၁၃)နေ့ ညနေ(၃း၃၀)ခန့်တွင် လားရှိုးမြို့
ပြည်ထောင်စုလမ်းမကြီး ရေပန်းလမ်းဆုံအရောက်တွင်(၁၂)ဘီးယာဉ်(၁)စီး
ဘရိတ်ပေါက်၍ အရှိန်မထိန်းနိုင်ဘဲ လားရှိုးမြို့ရပ်ကွက်(၈)
မိခင်နှင့်ကလေးစောင့်ရှောက်ရေးအဆောက်အဦရှေ့မှစ၍
(၃)ဖာလုံခန့်ကွာဝေးသောမန်ဆူအဝေးပြေးယာဉ်ရပ်နားစခန်းရှေ့အထိ ယာဉ်(၉)စီးအား
ဆက်တိုက် တိုက်ချမှုဖြစ်ပွားကြောင်းသိရှိရပါသည်။
ယာဉ်မောင်း သိန်းမြင့်(ဘ)ဦးညို ၊ အသက်(၄၁)နှစ် မောင်းနှင်လာသော ပီအီး(၁၂)ဘီးအမျိုးအစား ၉ခ/၅၃၄၀ ယာဉ်သည် လားရှိုးမြို့ တွင်း ပြည်ထောင် စုလမ်းမကြီးတစ်လျှောက် အန္တရာယ်ကုန်းဆင်းအတိုင်း မူဆယ်ဘက်သို့မောင်းနှင်လာစဉ် ရေပန်းလမ်းဆုံအရောက်၌ ကားဘရိတ်ချွတ်ယွင်းမှုကြောင့် အရှိန်မထိန်းနိုင်ဘဲ ယာဉ်(၉)စီးအား ဆက်တိုက် တိုက်မိမှုဖြစ်ပွားခဲ့ပါသည်။
မိခင်နှင့်ကလေးစောင့်ရှောက်ရေးအဆောက်အဦးရှေ့အရောက်တွင် ပထမဆုံး (၁၂)ဘီးယာဉ်၏ရှေ့၌ မောင်းနှင်နေသော MARK-II အဖြူရောင်ယာဉ်၏နောက်ပိုင်းအားဝင်ရောက် တိုက်မိစဉ် MarK-II ကားသည် နောက်မှဆောင့်မိသည့်အရှိန်ကြောင့် လမ်းညာဘက်ရှိ ရေမြောင်းအတွင်းသို့ ရှေ့ဘီးကျွံ၍ ထိုးဆင်းသွားပြီး အနီးရှိ အိမ်တစ်အိမ်၏ အုတ်တံတိုင်းအားတိုက်မိမှပင် ရပ်တန့်သွားပါသည်။
ဆက်လက်၍ (၁၂)ဘီးကားကြီးသည် မန်ဆူအဝေးပြေးယာဉ်ရပ် နားစခန်းရှေ့ လမ်းညာဘက်ရှိ အိမ်စီးလိုက်ထရပ်(၂)စီး၊ ခရီးသည်စောင့်ဆိုင်းနေသော ဗင်(၅)စီးတို့အား ဆင့်ကဲတိုက် မိပြီး နောက်ဆုံး AA/4100 ဗင်ဖင်ခုံး အဖြူရောင်ယာဉ်(၁)စီး၏ ယာဉ်နောက်ပိုင်းအား ၀င်ရောက်တိုက်မိပြီးမှပင် ရပ်တန့်သွားပါသည်။
အဆိုပါယာဉ်တိုက်မှုကြောင့် လူအချို့ထိခိုက်ဒဏ်ရာ ရရှိကြသော်လည်း ပြင်းထန်စွာထိခိုက်မှုမရှိကြောင်းသိရသည်။ ယာဉ်တိုက်မှုကြောင့် ယာဉ်မောင်း သိန်းမြင့်(ဘ)ဦးညို အား လားရှိုးယာဉ်ထိန်းတပ်ဖွဲ့မှ အမှုဖွင့်အရေးယူထားကြောင်းသိရသည်။
Min Nyoont
Posted From Lsomaungmaung Maung

by myawady

0 comments:
Post a Comment
နည်းပညာနဲ့ ပတ်သတ်ပြီး သိလိုသည်များကို မေးခဲ့နိုင်ပါတယ်...နည်းပညာတိုင်းက ကျွန်တော် ရေးထားတာ မဟုတ်ပေမယ့်..ကျွန်တော် သိသလောက်ကို ဖြေပေးမှာပါ..သတင်းပို့စ်တွေနဲ့ ပတ်သတ်ပြီးလည်း..ကြိုက်သလို ဝေဖန်နိုင်ပါတယ်...