၁၈.၉.၂၀၁၃ ရက်နေ့ ၁၁၃၅ အချိန်မှ စ၍ မင်္ဂလာဒုံမြို့နယ်၊ မင်္ဂလာဒုံဥယျာဉ်မြို့တော်အတွင်း၊ ရန်ကုန်စက်မှုဇုန်၊ ဗိုလ်တေဇလမ်းနှင့်
A 1 လမ်းထောင့်ရှိ ၊ A 1 အထည်ချုပ်စက်ရုံတွင် စက်ရုံ၏ အချောကိုင်ဌာနရေငွေ့စုပ်စက် အပူလွန်ကဲရာမှမီးစတင်လောင်ကျွမ်း
ခဲ့ရာမှ အ၀တ်အထည်များ၊
စက်ပစ္စည်းများနှင့်အဆောက်အဦးတို့အား မီးကူးစက်လောင်ကျွမ်းခဲ့၍ မီးသတ်ယာဉ်(၄၄)စီး၊ အုပ်ချုပ်မှုယာဉ်(၅)စီး၊ အထောက်အကူပြုယာဉ်(၂)စီး၊ မီးသတ်စက်ယာဉ်(၁)စီးတို့ဖြင့်
ရောက်ရှိငြိမ်း သတ်ခဲ့သဖြင့် ၁၂၁၅ အချိန်တွင် မီးငြိမ်းသွားခဲ့ပါသည်။
အခင်းဖြစ်မီးလောင်ရာသို့ ရန်ကုန်တိုင်းဒေသကြီးမီးသတ်ဦးစီးဌာန၊ ဦးစီးမှူးဦးကြည်ဝင်း၊ ဒုတိယတိုင်းဒေသကြီးရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီးစိုင်းဝင်းအေး၊ တိုင်းအကူတပ်ဖွဲ့ခွဲမှူး ဒုတိယရဲမှူးကြီးရွှေသောင်း၊ မြောက်ပိုင်းခရိုင်ရဲတပ်ဖွဲ့မှူး
ဒုတိယရဲမှူးကြီးစိုးမြင့်၊
ရန်ကုန်တိုင်းဒေသကြီးလျှပ်စစ် စစ်ဆေးရေး
ဦးစီးဌာနမှ ဦးလှစိုင်၊ ဦးစောထူးဝါး၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူး
ဦးညွန့်ဟန်၊မြို့နယ်ရဲတပ်ဖွဲ့မှူးနှင့်တာဝန်ရှိသူများရောက်ရှိစစ်ဆေး ခဲ့ပါသည်။
အဆိုပါစက်ရုံတွင် အလုပ်သမား(၁၀၀၀)ဦးခန့်ဖြင့်လုပ်ငန်းလည်ပတ်
လျက်ရှိပြီး အလုပ်သမားများ ထမင်းစားနားနေချိန်တွင် မီးလောင်မှုဖြစ်ပွါးခဲ့ခြင်းဖြစ်ကြောင်းနှင့်လူထိခိုက်ဒဏ်ရာရရှိမှုမရှိကြောင်း သိရှိရပါသည်။
မီးလောင်မှုကြောင့် တန်ဘိုးငွေကျပ်(၁၂၇)သိန်းခန့်ဆုံးရှုံးခဲ့သဖြင့် အထည်ချုပ်စက်ရုံမန်နေဂျာ ဦးနိုင်ဦး(ဘ)ဦးလှအောင်အား မင်္ဂလာဒုံမြို့မရဲစခန်း (ပ)၅၈၄/၂၀၁၃၊ ပုဒ်မ ၂၈၅ ဖြင့်အရေးယူဆောင် ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။
by Yangon Police

0 comments:
Post a Comment
နည်းပညာနဲ့ ပတ်သတ်ပြီး သိလိုသည်များကို မေးခဲ့နိုင်ပါတယ်...နည်းပညာတိုင်းက ကျွန်တော် ရေးထားတာ မဟုတ်ပေမယ့်..ကျွန်တော် သိသလောက်ကို ဖြေပေးမှာပါ..သတင်းပို့စ်တွေနဲ့ ပတ်သတ်ပြီးလည်း..ကြိုက်သလို ဝေဖန်နိုင်ပါတယ်...