တက္ကသိုလ်များချန်ပီလံလိဂ် (UCL) ပြိုင်ပွဲဝင်အသင်းများမှ ရရှိသော
ပြိုင်ပွဲဝင်အသင်းဝင်ကြေး ငွေကျပ် ၃၂ သိန်းကို UCL ဥက္ကဌ နေရွှေသွေးအောင်
(ခေါ်) ဖိုးလပြည့်က ဘုရားကျောင်းကန်၊ မိဘမဲ့ဂေဟာနှင့် ဆေးရုံများကို
လှူဒါန်းမည်ဟု UCL ၏ ဖေ့စ်ဘုတ်စာမျက်နှာတွင် ရေးသားထားသည်။
UCL ဥက္ကဌ
နေရွှေသွေးအောင်က ထိုငွေများကို သူ၏ နာမည်ဖြင့် လှူမည်မဟုတ်ဘဲ "UCL
ပြိုင်ပွဲဝင်တက္ကသိုလ်များမှ ကျောင်းသူ၊ ကျောင်းသားများ၏ ကောင်းမှု" ဟုဆိုကာ
ဘုရားကျောင်းကန်၊ မိဘမဲ့ဂေဟာ၊ ဆေးရုံစသည့် ဘာသာရေးအသင်းအဖွဲ့များသို့
လှူဒါန်းစေမည်ဟု ရေးသားထားသည်။
ထိုငွေများသည်
ပြိုင်ပွဲဝင်အသင်းများမှ ပြိုင်ပွဲဝင်ကြေးအဖြစ် တစ်သင်းလျှင်
ကျပ်နှစ်သိန်းနှုန်းကောက်ခံကာ ၁၆သင်းအတွက် ၃၂ သိန်းရရှိထားကာ ထိုငွေများကို
ပြိုင်ပွဲကုန်ကျစရိတ်တွင် အသုံမပြုဘဲ လှူဒါန်းမည်ဟု သိရသည်။
တက္ကသိုလ်များ ချန်ပီလံလိဂ်(UCL) တက္ကသိုလ်ကျောင်းပေါင်းစုံ
ဘောလုံးပြိုင်ပွဲကို အောက်တိုဘာလ ၅ ရက်က ရန်ကုန်ယူနိုက်တက်အသင်းပိုင်
ဘောလုံးကွင်းတွင် စတင် ကျင်းပခဲ့ပြီး Miss Universe Myanmar 2013 ဆုရှင်
မိုးစက်ဝိုင်က ဖွင့်လှစ်ပေးခဲ့သည်။
ထိုသို့ယှဉ်ပြိုင်စဉ်
အောက်တိုဘာလ ၉ရက်က ဆေးတက္ကသိုလ်(၁)အသင်းနှင့် သန်လျင်(ပါဒ)အသင်းတို့
ယှဉ်ပြိုင်ကစားရာတွင် ပရိတ်သတ်များက အားပေးရာတွင် စကားလုံးကြမ်းတမ်းရာမှ
အစပြုကာ ဆေးတက္ကသိုလ်(၁)မှ ယှဉ်ပြိုင်သည့် အသင်းနှစ်သင်း နှုတ်ထွက်ရန်အထိ
ဖြစ်ပွားခဲ့သည်။ ထိုသို့ဖြစ်ပွားမှုကို UCL ဥက္ကဌနှင့် ဆေးတက္ကသိုလ်(၁)
ပါမောက္ခချုပ်တို့မှ ပြန်လည်ရှင်းလင်း၍ ပြေလည်မှုရရှိပြီး ပြိုင်ပွဲကို
ဆက်လက်ကစားလျှက်ရှိသည်။
by mizzima
Sunday, October 13, 2013
ဖိုးလပြည့်က လူမှုအသင်းအဖွဲ့များသို့ ငွေကျပ် ၃၂ သိန်း လှူမည်
Subscribe to:
Post Comments (Atom)










0 comments:
Post a Comment
နည်းပညာနဲ့ ပတ်သတ်ပြီး သိလိုသည်များကို မေးခဲ့နိုင်ပါတယ်...နည်းပညာတိုင်းက ကျွန်တော် ရေးထားတာ မဟုတ်ပေမယ့်..ကျွန်တော် သိသလောက်ကို ဖြေပေးမှာပါ..သတင်းပို့စ်တွေနဲ့ ပတ်သတ်ပြီးလည်း..ကြိုက်သလို ဝေဖန်နိုင်ပါတယ်...