၁၂-၁၀-၂၀၁၃ ရက်နေ့ ၂၁၁၅ အချိန် ရှမ်းပြည်နယ်၊ အမှတ်(၂၄)မူးယစ်တပ်ဖွဲ့စု
လားရှိုးမှ တပ်ဖွဲ့ဝင်များသည် လားရှိုးမြို့၊ ဟိုပိတ်အေးရှားဝေါလ်တိုးဂိတ်တွင်
သက်သေများနှင့်အတူ မူးယစ် ဆေးဝါးတားဆီးနှိမ်နင်းရေးလုပ်ငန်းများ
ဆောင်ရွက်နေစဉ် မူဆယ်မှလားရှိုးသို့ မိတ်္ထီလာမြို့၊ ဈေးအရှေ့ရပ်၊
သြဇာခြံရပ်ကွက်၊ ရတနာသင်းကျစ်ဘုရားဝင်းနေ ထင်ကျော်ကျော်(၁၈)နှစ်
မောင်းနှင်လာသော ဆိုင်ကယ်အား ရပ်တန့်စစ်ဆေးခဲ့သည်။ ထိုသို့စစ်ဆေးရာ
၎င်း၏ခါးတွင်ပတ်ထားသည့် ခါးပတ်အိတ် အတွင်းမှ
ပန်းရောင်စိတ်ကြွရူးသွပ်ဆေးပြား(၂၀၀)ပြားပါ(၆)ထုပ်၊
စုစုပေါင်းဆေးပြား(၁၂၀၀)ပြား၊ တန်ဘိုးငွေကျပ်(၂၄)သိန်းအား
ရှာဖွေသိမ်းဆည်းရမိခဲ့သဖြင့် ထင်ကျော်ကျော်အား လားရှိုးနယ်မြေ ရဲစခန်း
မယ(ပ)၇၇/၂၀၁၃၊ မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ
ဥပဒေပုဒ်မ ၁၅/၁၉(က)/၂၁ ဖြင့် အမှုဖွင့်အရေးယူထားရှိကြောင်း သတင်းရရှိသည်။
by myawady











0 comments:
Post a Comment
နည်းပညာနဲ့ ပတ်သတ်ပြီး သိလိုသည်များကို မေးခဲ့နိုင်ပါတယ်...နည်းပညာတိုင်းက ကျွန်တော် ရေးထားတာ မဟုတ်ပေမယ့်..ကျွန်တော် သိသလောက်ကို ဖြေပေးမှာပါ..သတင်းပို့စ်တွေနဲ့ ပတ်သတ်ပြီးလည်း..ကြိုက်သလို ဝေဖန်နိုင်ပါတယ်...