<div style='background-color: none transparent;'></div>

Sunday, October 13, 2013

ဇန်န၀ါရီတွင် အက်စ်တွန်ဗီလာမှ ထွက်ခွာဖွယ်ရှိသည့် ဂစ်ဗင်း

ဂိုးသမား ရှေးဂစ်ဗင်းသည် ဇန်န၀ါရီ အပြောင်းအရွှေ့ကာလတွင် အက်စ်တွန်ဗီလာမှ ထွက်ခွာရန် စီစဉ်နေကြောင်း သိရသည်။

အသက် ၃၇ နှစ်အရွယ် ဂိုးသမားသည် ပေါလ်လမ်းဘတ်၏ ဦးစားပေး ဂိုးသမားအဖြစ်မှ ချန်လှပ်ခံရပြီးနောက် မိမိအနေဖြင့် အသင်းတွင် နေရာပြန်လည် ရရှိရန် ရုန်းကန်နေရပြီး အသင်းမှထွက်ခွာရန် စီစဉ်နေကြောင်း ၀န်ခံပြောကြားခဲ့သည်။

“အသင်းကစားပုံကို ပွဲတိုင်း အရံခုံကနေ ထိုင်ကြည့်နေရတာဟာ အလွန်ကို ခက်ခဲပါတယ်။ အထူးသဖြင့် ကစားသမားကိုယ်တိုင် ကိုယ့်ကိုယ်ကို ဆက်ကစားနိုင်သေးတယ်လို့ ယုံကြည်နေတဲ့ အချိန်မှာပေါ့” ဟု ဂစ်ဗင်းက Daily Mail ထံ ပြောကြားခဲ့သည်။

ဆက်လက်ပြီး “ဇန်န၀ါရီလ မရောက်ခင်အထိ ကျွန်တော် ပြင်းပြင်းထန်ထန် လေ့ကျင့်သွားမှာပါ။ တစ်စုံတစ်ရာ အပြောင်းအလဲ ဖြစ်လာလိမ့်မယ်လို့ မျှော်လင့်ပါတယ်” ဟု ဂစ်ဗင်းက ပြောကြားသွားခဲ့သည်။

ဂစ်ဗင်းသည် ဇန်န၀ါရီလက အက်ဖ်အေဖလားတွင် မီဝေါကို ၂ ဂိုး ၁ ဂိုးဖြင့် ရှုံးနိမ့်ခဲ့ပြီးနောက်ပိုင်း အသင်း၏ ဂိုးသမားနေရာကို ဘရတ်ဂူဇန်ထံ လွှဲပြောင်းပေးခဲ့ရသည်။

ှSoccer Myanmar

0 comments:

Post a Comment

နည်းပညာနဲ့ ပတ်သတ်ပြီး သိလိုသည်များကို မေးခဲ့နိုင်ပါတယ်...နည်းပညာတိုင်းက ကျွန်တော် ရေးထားတာ မဟုတ်ပေမယ့်..ကျွန်တော် သိသလောက်ကို ဖြေပေးမှာပါ..သတင်းပို့စ်တွေနဲ့ ပတ်သတ်ပြီးလည်း..ကြိုက်သလို ဝေဖန်နိုင်ပါတယ်...