သျှမ်းပြည်တောင်ပိုင်းကွန်ဟိန်းမြို့နယ်အတွင်း အစိုးရတပ်နှင့်သျှမ်းပြည်
တပ်မတော် RCSS/SSA တို့ ယခုရက်ပိုင်းအတွင်း တိုက်ပွဲများ ဆက်တိုက်
ဆင်နွဲနေသောကြောင့် ဒေသခံ ရွာသူရွာသား ရာဂဏန်းက စစ်ဘေး တိမ်းရှောင်နေ
ရသည်ဟု ဒေသခံ များက ပြောပါသည်။
စက်တင်ဘာ ၃၀ ရက်မှ ယနေ့ အောက်တိုဘာ
၁၂ ရက်နေ့ အထိ သျှမ်းပြည်တောင် ပိုင်း ကွန်ဟိန်းမြို့ အရှေ့တောင်ဘက်
ကျိုင်းလုံး (မ်း) ဒေသ ဘက်၌ မိုင်းဇန်မြို့နယ်ခွဲ အခြေစိုက် အစိုးရတပ် ခမယ
၁၅၀ နှင့် ဒေသအတွင်းအခြေချ လှုပ်ရှား သော သျှမ်းပြည်တပ်မတော် RCSS(SSA)
တို့ တိုက်ပွဲများ ဆက်တိုက်ဖြစ်ပွား နေခြင်း ဖြစ်၏။
တိုက်ပွဲကြောင့်
ကျေးလက်ဒေသခံ ကျိုင်းလုံး(မ်း)၊ ဝိန်းဖွီး၊ ဝမ်တုံ၊ လုံဝိုင်၊ နားဆော့၊
နားတီး၊ နားလေ၊ နောင်လေ၊ နားကျောက် နှင့် ပိန်းနေ ရွာသူ သားများ ရာဂဏန်းက
စစ်ဘေးရှောင်နေရသည်ဟု ကွန်ဟိန်းမြို့ပေါ် သို့ ရောက် ရှိ သည့် ဒေသခံ
စိုင်းအိုက်လူး ကပြောသည်။
“တိုက်ပွဲက ဆက်တိုက်ဘဲဗျ။
စက်တင်ဘာလကတည်းကဘဲ။ ရွာသား တဦး ပျောက်နေတယ်၊ သူ့ရဲ့ ယာခင်း နားမှာ လာတိုက်
ကြတာ၊ ၁၀ ရက်နေ့ ကတည်းက အခုထက်ထိ ရှာမတွေ့သေးဘူး။ ဒီနေ့လဲတိုက်ပွဲက နံနက်
၁၀ နာရီကနေ အခု (ဆက်သွယ် မေးမြန်းချိန် မွန်းလွဲ ၂ နာရီခွဲ) အထိ
ဖြစ်နေတုန်း ။ ကျနော်တို့ဘက် ဗမာစစ်သားမရောက်တာကြာပြီ။ အခုလာ လှုပ်ရှားတော့
တိုက်ပွဲက ဖြစ်တော့တာဘဲ” ဟု စိုင်းအိုက်လူး က ပြောသည်။
အောက်တိုဘာ
၁၀ ရက်နေ့တိုက်ပွဲကြောင့် သျှမ်းပြည်တပ်မတော် သား နှစ်ဦးကျဆုံးကြောင်း၊
တိုက်ပွဲများကအထက်ပါရွာများ ဝန်းကျင်တဝိုက် တွင် ဖြစ်နေ ကြာင်း၊ အောက်တိုဘာ
၁၂ ရက်ယနေ့ နံနက် ၁၀ နာရီမှ မွန်း လွဲ ၂ နာရီကျော်အထိ ဝိန်းဖွီး ရွာအနီး
တိုက်ခိုက်ကြခြင်းဖြစ်ကြောင်း၊ တိုက်ပွဲကြောင့် အသေအပျောက်စာရင်း မသိရသေးေ
ကြာင်း ရှေ့တန်းရောက် သျှမ်း ပြည်တပ်မတော် အရာရှိငယ်တဦးက ပြောသည်။
အဆိုပါဖြစ်ပွားခဲ့သောတိုက်ပွဲများကြောင့်
ကျေးလက်ရွာသားများ ကွန်ဟိန်းမြို့ပေါ်၊ ကာလိမြို့နယ်ခွဲဘက်သို့ တိမ်းရှောင်
သကဲ့သို့ တောဘက်သို့ ပုန်းရှောင်နေသည့် သူများလဲရှိကြောင်း၊
တိုက်ပွဲချက်ခြင်းရပ်တန့်ပေးရန် ဝန်ကြီးဦးအောင်မင်းထံ စာတင်ထားကြောင်း
ကွန်ဟိန်းမြို့နယ် ပြည်သူ့လွှတ်တော်အမတ် နန်းဝါနုက သျှမ်းသံတော်ဆင့်အား
ပြောသည်။
“အစပိုင်းက ခမယ ၁၅၀ က အင်အား ၈၀ ကျော်ဘဲ လာလှုပ်ရှားတာ။
အခုရက်ပိုင်းအတွင်း အင်အားတရာကျော် ထပ်လာ တယ်။ ဘယ်တပ်လဲမသိဘူး၊ ဒီတိုင်း
အင်အားထပ်ဖြည့်ရင်တော့ တိုက်ပွဲအရှိန်က ထပ်မြင့်မှာဘဲ”- ဟု ဒေသအတွင်းနေ
ကျားဖြူပါတီဝင် နန်းခမ်း က ပြောသည်။
သျှမ်းပြည်တပ်မတော်RCSS/SSA
နှင့် မြန်မာအစိုးရတို့သည် ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးသဘော
တူလက်မှတ်ရေး ထိုးကြပြီးဖြစ်သည်။ သို့သော် လက်မှတ်ရေးထိုးပြီးနောက်ပိုင်း
တိုက်များ ၁၃၃ ကြိမ်
ထက်မနည်းဖြစ်ပွားခဲ့သောကြောင့်တပ်မတော်အကြီးအကဲနှင့်တိုက်ရိုက်ဖြေ
ရှင်းလိုသည်ဟု RCSS/SSA ခေါင်းဆောင် ဒုတိယ ဗိုလ်ချုပ်ကြီးယွက်စစ်က
သျှမ်းတော်ဆင့်သို့ပြောဖူးပါသည်။
သျှမ်းသံတော်ဆင့်











0 comments:
Post a Comment
နည်းပညာနဲ့ ပတ်သတ်ပြီး သိလိုသည်များကို မေးခဲ့နိုင်ပါတယ်...နည်းပညာတိုင်းက ကျွန်တော် ရေးထားတာ မဟုတ်ပေမယ့်..ကျွန်တော် သိသလောက်ကို ဖြေပေးမှာပါ..သတင်းပို့စ်တွေနဲ့ ပတ်သတ်ပြီးလည်း..ကြိုက်သလို ဝေဖန်နိုင်ပါတယ်...