<div style='background-color: none transparent;'></div>

Saturday, November 16, 2013

ရိုမေးနီးယား လက်ရွေးစင်အသင်း လူစာရင်းတွင် မန်စီးတီးဂိုးသမား ပန်တီလီမွန် ပြန်လည်ရွေးချယ်ခံရ

မန်စီးတီးအသင်းတွင် နောက်ဆုံး လေးပွဲဆက်တိုက်ပွဲ ထွက်ခွင့်ရခဲ့သော မန်စီးတီးဂိုးသမား ပန်တီလီမွန် အနေဖြင့် ရိုမေးနီးယား လက်ရွေးစင်အသင်းနှင့် ခြောက်လကြာ ဝေးကွာနေပြီးနောက် ဂရိနှင့် ကစားရမည့် ကမ္ဘာ့ဖလား ခြေစစ်ပွဲစဉ်အတွက် ပြန်လည် ရွေးချယ်ခံခဲ့ရသည်။

ရိုမေးနီးယားနည်းပြ ပီထရူကာအနေဖြင့် ဒဏ်ရာကြောင့် နုတ်ထွက်ခဲ့သော တာရာရူဆာနူ၏ နေရာတွင် ပန်တီလီမွန်ကို အစားထိုးရွေးချယ်ခဲ့ခြင်း ဖြစ်သည်။

စတူအာဘူဂါရက် ဂိုးသမား တာရာရူဆာနူမှာမှာ ကျောဒဏ်ရာကြောင့် လက်ရွေးစင်အသင်း လူစာရင်းမှ နုတ်ထွက်ခဲ့ခြင်းဖြစ်ပြီး စပါးနောက်ခံလူ ချီရီ ချက်စ်မှလည်း နှာခေါင်းရိုးကျိုး ဒဏ်ရာကြောင့် ဂရိနှင့်ပွဲကို လွဲချော်မည် ဖြစ်သည်။

ပန်တီလီမွန်သည် ၂၀၁၃ မတ်လက နယ်သာလန်ကို ၀-၄ ဂိုးဖြင့်ရှုံးခဲ့သောပွဲတွင် နောက်ဆုံးပါဝင် ကစားခဲ့ပြီး ယခုအခါ ပြန်လည်ရွေးချယ်ခံရခြင်းလည်း ဖြစ်သည်။

ရိုမေးနီးယားအသင်းမှာ ၁၉၉၈ ကမ္ဘာ့ဖလား ခြေစစ်ပွဲအောင်မြင်ခဲ့ပြီး နောက်ပိုင်း တစ်ကြိမ်မှ ခြေစစ်ပွဲမ အောင်တော့ပဲ ယခုခြေစစ်ပွဲတွင် ဂရိကိုကျော်လွှားနိုင်ခဲ့ပါက ၁၃နှစ်အတွင်း ပထမဆုံး ကမ္ဘာ့ဖလားသို့ ၀င် ပြိုင်ခွင့် ပြန်ရခြင်း ဖြစ်လာမည် ဖြစ်သည်။

by mizzima

0 comments:

Post a Comment

နည်းပညာနဲ့ ပတ်သတ်ပြီး သိလိုသည်များကို မေးခဲ့နိုင်ပါတယ်...နည်းပညာတိုင်းက ကျွန်တော် ရေးထားတာ မဟုတ်ပေမယ့်..ကျွန်တော် သိသလောက်ကို ဖြေပေးမှာပါ..သတင်းပို့စ်တွေနဲ့ ပတ်သတ်ပြီးလည်း..ကြိုက်သလို ဝေဖန်နိုင်ပါတယ်...