စင်ကာပူ စာတိုက်တွေကနေ တဆင့် မြန်မာနိုင်ငံကို
ငွေပို့ငွေလွှဲ ၀န်ဆောင်မှုတွေ ပေးသွားမှာ ဖြစ်တယ်လို့
စင်ကာပူ စာတိုက် ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ကမ္ဘာမှာ ပထမဆုံးအဖြစ် စာတိုက်ကနေတဆင့် ငွေလွှဲပို့မယ့်
ဝန်ဆောင်မှုကို မြန်မာကို ပေးသွားမှာလို့ နိုဝင်ဘာလ ၂၇
ရက်နေ့က စကာင်္ပူစာတိုက်က ထုတ်ပြန်ချက်မှာ ကြေညာပါတယ်။
မြန်မာနိုင်ငံက အာရှ စိမ်းလန်းရေးဘဏ်၊ စီဘီဘဏ်၊
ကမ္ဘောဇဘဏ်၊ ထွန်းဖောင်ဒေးရှင်းဘဏ်တို့နဲ့
ပူးပေါင်းလုပ်ဆောင်တာ ဖြစ်တယ်လို့လည်း ပြောပါတယ်။
ငွေပို့ငွေလွှဲလုပ်တာအပြင် ပေးပို့သူတွေက လစာကို
စုဆောင်းငွေတွေအဖြစ် အိမ်ကို ပေးပို့နိုင်သလို မြန်မာက
ဘဏ်တွေက အတိုးပေးသွားမယ်လို့လည်း ဆိုပါတယ်။
စင်ကာပူမှာ မြန်မာနိုင်ငံသား ၁ သိန်းခွဲကနေ ၂ သိန်းရှိတယ်လို့လည်း ထုတ်ပြန်ချက်က ဖော်ပြထားပါတယ်။
By ဒီဗွီဘီ
Thursday, November 28, 2013
စင်ကာပူ စာတိုက်တွေကနေတဆင့် မြန်မာနိုင်ငံကို ငွေလွှဲရပြီ
Subscribe to:
Post Comments (Atom)











0 comments:
Post a Comment
နည်းပညာနဲ့ ပတ်သတ်ပြီး သိလိုသည်များကို မေးခဲ့နိုင်ပါတယ်...နည်းပညာတိုင်းက ကျွန်တော် ရေးထားတာ မဟုတ်ပေမယ့်..ကျွန်တော် သိသလောက်ကို ဖြေပေးမှာပါ..သတင်းပို့စ်တွေနဲ့ ပတ်သတ်ပြီးလည်း..ကြိုက်သလို ဝေဖန်နိုင်ပါတယ်...