နှစ်ပေါင်း ၂၀ ကျော် ပိတ်ထားခဲ့ရာမှ လာမည့် ဒီဇင်ဘာလတွင် ပြန်လည်
ဖွင့်လှစ်တော့မည့် ရန်ကုန်နှင့် မန္တလေး တက္ကသိုလ်ဝင်ခွင့် ဦးရေကို ယခင်က
လူဦးရေ သုံးရာစီ သတ်မှတ် ထားသော်လည်း လျှောက်ထားသူ ဦးရေ
များပြားသည့်အတွက် တက္ကသိုလ် တစ်ခုလျှင် ခုနစ်ရာဦးစီ ထပ်တိုးမြှင့်မည်
ဖြစ်ကြောင်း ရန်ကုန် တက္ကသိုလ် သင်တန်းရေးရာဌာန တာဝန်ရှိသူတစ်ဦးက The Voice သို့ ပြောကြားသည်။
ယင်းသို့ တိုးမြှင့်ခေါ်ယူခဲ့သည့်အတွက် ဘာသာရပ် တစ်ခုလျှင် လူဦးရေ ၆၅
ဦးအထိ လက်ခံသွားမည် ဖြစ်ကြောင်း၊ အထူးပြု ဘာသာရပ် ၂၀ တွင် တစ်ဘာသာလျှင် ၁၅
ဦးထိသာ ဝင်ခွင့်လျာထားခဲ့ရာမှ အဆင့်မြင့်ပညာ ဦးစီးဌာန (အောက်မြန်မာပြည်)
က ဝင်ခွင့် ဦးရေကို ၅၀ ဦးအထိ ထပ်တိုးမည် ဖြစ်ကြောင်း နိုဝင်ဘာလ ၂၁
ရက်နေ့ နိုင်ငံပိုင် သတင်းစာများတွင် ထုတ်ပြန်ခဲ့သည်။
“ဒီလိုထပ်တိုးရတာ ပညာတတ်တွေ ပိုလိုချင်လို့ပါ” ဟု ရန်ကုန် တက္ကသိုလ် သင်တန်းရေးရာဌာနမှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။
ရန်ကုန်နှင့် မန္တလေးတက္ကသိုလ် ဝင်ခွင့် လျှောက်ထားသူ များပြားလွန်းသည့်
အတွက် ဝင်ခွင့်မရခဲ့သူ ကျောင်းသား၊ ကျောင်းသူများစွာ ရှိခဲ့ပြီး
ထပ်မံခေါ်ယူသော စာရင်းတွင် အဆိုပါ ကျောင်းသား များပါ လျှောက်ထားနိုင်ကြောင်း
အဆင့်မြင့်ပညာ ဦးစီးဌာန (အောက်မြန်မာပြည်) ၏ ထုတ်ပြန်ချက်အရ သိရသည်။
ပထမအကြိမ် ဝင်ခွင့်ရရှိသူ သုံးရာဦးသည် လာမည့် ဒီဇင်ဘာလ ၅ ရက်နေ့တွင် စတင်
တက်ရောက်ရမည် ဖြစ်ပြီး ထပ်မံခေါ်ယူမည့် ၁၄၀၀ ဦးအတွက် ကျောင်းခေါ်ချိန်
ပြည့်မီရေးကိုလည်း ဆောင်ရွက်နေကြောင်း အဆိုပါ သင်တန်းရေးရာ ဌာနမှူးက
ပြောကြားသည်။
ထပ်မံခေါ်ယူသည့် ဝင်ခွင့် ကျောင်းသား စာရင်းကို
ဒီဇင်ဘာလ ၉ ရက်နေ့ နောက်ဆုံး လျှောက်ထားရမည် ဖြစ်ပြီး ဝင်ခွင့်ရ
ကျောင်းသားစာရင်းကို ဒီဇင်ဘာလ ၁၆ ရက်နေ့ နောက်ဆုံး ထုတ်ပြန် ကြေညာသွားမည်
ဖြစ်သည်။
by the voice weekly
Friday, November 22, 2013
ရန်ကုန်နှင့် မန္တလေး တက္ကသိုလ်ဝင်ခွင့် တစ်ထောင်ကျော် ထပ်တိုးမည်
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment
နည်းပညာနဲ့ ပတ်သတ်ပြီး သိလိုသည်များကို မေးခဲ့နိုင်ပါတယ်...နည်းပညာတိုင်းက ကျွန်တော် ရေးထားတာ မဟုတ်ပေမယ့်..ကျွန်တော် သိသလောက်ကို ဖြေပေးမှာပါ..သတင်းပို့စ်တွေနဲ့ ပတ်သတ်ပြီးလည်း..ကြိုက်သလို ဝေဖန်နိုင်ပါတယ်...