<div style='background-color: none transparent;'></div>

Thursday, November 14, 2013

ဖိလစ်ပိုင်တွင် မုန်တိုင်းကြောင့် အသက်ဆုံးရှုံးခဲ့သူ ခန့်မှန်းထားသည်ထက် များစွာနည်းနိုင်ကြောင်း သမ္မတအကွီနိုပြော

နိုဝင်ဘာလ ၈ ရက်တွင် တိုက်ခိုက်ခဲ့သော တိုက်ဖွန်မုန်တိုင်းကြောင့် အသက်ဆုံးခဲ့ရသူ အရေအတွက်မှာ ယခင်ခန့်မှန်းထားသည်ထက် နည်းနိုင်သည်ဟု ဖိလစ်ပိုင်သမ္မတ အကွီနိုက ပြောကြားလိုက်ကြောင်း နိုဝင် ဘာ ၁၃ ရက်ကအေအက်ဖ်ပီသတင်းဌာနမှ ဖော်ပြထားသည်။

စီအန်အန်သတင်းဌာနနှင့် အင်တာဗျူးတစ်ခုတွင် သေဆုံးခဲ့သူပေါင်း ၁၀,၀၀၀ ရှိသည်ဟု ခန့်မှန်းထားခြင်း မှာ “အလွန်မြင့်မား” ပြီး အမှန်တကယ် သေဆုံးခဲ့သည့် အရေအတွက်မှာ ၂၅၀၀ ကျော်သာ ရှိနိုင်ချေရှိ သည်ဟု သမ္မတကဆိုသည်။

မုန်တိုင်းဒဏ်အား လူ ၁၁ သန်းကျော်ခံခဲ့ရပြီး ၎င်းတို့အနက် ၆၇၃,၀၀၀ အားရွှေ့ပြောင်း နေရာချထားခဲ့ရ သည်ဟု ကုလသမဂ္ဂမှဆိုသည်။

ပြန်လည်ထူထောင်ရေး လုပ်ငန်းစဉ်များအား စတင်လုပ်ဆောင်ခဲ့ပြီ ဖြစ်သော်လည်း ဒုက္ခသည်အတော် များများမှာမူ အကူအညီများ မရရှိသေးပေ။

မုန်တိုင်းဒဏ်ကြောင့် သေဆုံးခဲ့ရသူ ဦးရေအား တင်ပြန်ရန်အတွက် မြို့နယ်ပေါင်း ၂၉ မြို့နယ် ကျန်ရှိနေ သေးသည် ဟုလည်း ၎င်းင်းက ဆိုသည်။ သေဆုံးသူ ဦးရေ ၁၀,၀၀၀ ရှိသည်ဟူသော အစောပိုင်းခန့်မှန်း ချက်မှာ ရဲဝန်ထမ်းများနှင့် ဒေသခံအာဏာပိုင်များထံမှ ပြောကြားချက်များအပေါ်တွင်အခြေခံခဲ့ခြင်း ဖြစ် ပြီး ၎င်းခန့်မှန်းချက်မှာ ကပ်ဘေးဒုက္ခများ၏ ဗဟိုချက်မ ဖြစ်နေခြင်းအတွက် “စိတ်ဒဏ်ရာ” ရရှိမှုများမြင့် တက်လာနိုင် ချေရှိသည်။

အမျိုးသားကပ်ဘေးအန္တရယ်လျှော့ချရေးနှင့် စီမံခန့်ခွဲရေးကောင်စီ (ND- RRMC) မှ ဗုဒ္ဓဟူးနေ့တွင် ဖော် ပြခဲ့သော တရားဝင် စာရင်းဇယားများအရ သေဆုံး သူ ၁၈၃၃ ဦး၊ ဒဏ်ရာရရှိသူ ၂၆၃၃ ဦးနှင့် ပျောက် ဆုံးနေသူ ၈၄ ဦးရှိသည်။

အစောပိုင်းရက်များက Leyte ပြည်နယ်အုပ်ချုပ်ရေးမှူးက ဒေသတွင်း ရဲတပ်ဖွဲ့အကြီးအကဲ အယ်မာဆိုရီ ယာအား ပြောကြားခဲ့ရာတွင် အရှေ့ပိုင်းရှိ ထိုကျွန်းတစ်ခုထဲ၌ပင် မုန်တိုင်းကြောင့် သေဆုံးသူပေါင်း ၁၀,၀ ၀၀ ခန့်ရှိနေပြီဟု ဆိုခဲ့သည်။

မုန်တိုင်းအန်္တရာယ်ကြောင့် လူပေါင်း သိန်းနှင့်ချီကာ ၎င်းင်းတို့၏နေအိမ်များကို စွန့်ခွာကာ ဘေးကင်းရာသို့ ပြောင်းရွှေ့ခဲ့ကြရသည်။ မုန်တိုင်းဒဏ်ကြောင့်ူနပအန ကျွန်းပေါ်ရှိ တာကိုဘန်မြို့မှာ လုံးဝပျက်စီးသွားခဲ့ သည်။ ပြင်းထန်လှသော ဟိုင်ရန်တိုင်ဖွန်းဒဏ်ကြောင့် Leyte ပြည်နယ်၏ မြို့တော်တွင် နေအိမ်များပျက် စီးသွားခဲ့ရသည်။

ပြည်နယ်မြို့တော်တွင် သန့်ရှင်းသော သောက်သုံးရေများ ပြတ်လပ်သွားပြီး လျှပ်စစ်မီးများလည်းပြတ် တောက်သွားကာ စားစရာများလည်း ရှားပါးနေသည်။ အကူအညီများ ဖြန့်ဝေပေးရန် ရုန်းကန်နေရပြီး လုယက်မှုများလည်း ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပွားနေသည်ဟု မြို့တော်အာဏာပိုင်များက ဆိုသည်။

by mizzima

0 comments:

Post a Comment

နည်းပညာနဲ့ ပတ်သတ်ပြီး သိလိုသည်များကို မေးခဲ့နိုင်ပါတယ်...နည်းပညာတိုင်းက ကျွန်တော် ရေးထားတာ မဟုတ်ပေမယ့်..ကျွန်တော် သိသလောက်ကို ဖြေပေးမှာပါ..သတင်းပို့စ်တွေနဲ့ ပတ်သတ်ပြီးလည်း..ကြိုက်သလို ဝေဖန်နိုင်ပါတယ်...