<div style='background-color: none transparent;'></div>

Thursday, November 7, 2013

ချန်ပီယံလိဂ် ရလဒ်များနှင့် ထူးခြားမှတ်တမ်း

ကြာသပတေးနေ့ နံနက် အစောပိုင်းမှာ ယှဉ်ပြိုင်ကစားခဲ့ကြတဲ့ ချန်ပီယံလိဂ် အုပ်စုအဆင့်ပွဲစဉ်တွေမှာတော့ အာဆင်နယ်၊ ချဲလ်ဆီးတို့ ရလဒ်ကောင်းခဲ့သလို ဘာစီလိုနာ၊ အက်သလက်တီကို တို့လည်း ဂိုးပြတ်နိုင်ပွဲတွေ ရရှိခဲ့ကြပါတယ်။ အာဆင်နယ်ဟာ ဒေါ့မွန်ကွင်းမှာ
နိုင်ပွဲရခဲ့တာကြောင့် (၁၆)သင်း ရှုံးထွက်အဆင့်တက်ဖို့ အခြေအနေကောင်းသွားခဲ့ပြီး ချဲလ်ဆီးလည်း အုပ်စုကနေ ကျော်ဖြတ်ဖို့ ပိုနီးစပ်လာခဲ့ပါပြီ။

ချန်ပီယံလိဂ်ပွဲစဉ်ရလဒ်များ

ဇင်းနစ် ၁-၁ ပေါ်တို

အက်သလက်တီကို ၄-၀ သြစတြီးယားဗီယင်နာ

ဘာစီလိုနာ ၃-၁ အေစီမီလန်

အေဂျက် ၁-၀ ဆဲလ်တစ်

ဘေဆယ် ၁-၁ စတူအာဘူခါရက်

ချဲလ်ဆီး ၃-၀ ရှော်လ်ကေး

ဒေါ့မွန် ၀-၁ အာဆင်နယ်

နာပိုလီ ၃-၂ မာဆေး

ထူးခြားမှတ်တမ်း

၁၉၆၄ခုနှစ် နိုဝင်ဘာလမှာ မန်ယူက ဒေါ့မွန်ကို အဝေးကွင်းနိုင်ပွဲ ရခဲ့ပြီးနောက် အာဆင်နယ်ဟာ ဒေါ့မွန်ကို အဝေးကွင်းမှာ အနိုင်ကစားနိုင်တဲ့ ပထမဆုံး အင်္ဂလန်ကလပ်ဖြစ်လာ

အာဆင်နယ်ဟာ ဂျာမနီမြေမှာ ကစားခဲ့တဲ့ ချန်ပီယံလိဂ် နောက်ဆုံးပွဲစဉ်(၉)ပွဲဆက် ဂိုးသွင်းနိုင်ခဲ့

မက်ဆီကတော့ ချန်ပီယံလိဂ် (၇)ရာသီဆက်တိုက် (၅)ဂိုးနဲ့အထက် သွင်းနိုင်တဲ့ ပထမဆုံး ကစားသမားဖြစ်လာ။

အီတူးဟာ ချန်ပီယံလိဂ် ပြိုင်ပွဲ(၉)ရပ်ဆက်တိုက် ဂိုးသွင်းနိုင်တဲ့ ကစားသမားဖြစ်နေ။

အာဆင်နယ်ကို ဂိုးမသွင်းနိုင်ခဲ့တာဟာ ဒေါ့မွန်အတွက် ၂၀၀၂ခုနှစ်နောက်ပိုင်း ချန်ပီယံလိဂ် အိမ်ကွင်းပွဲစဉ်မှာ ပထမဆုံးအကြိမ် ဂိုးမသွင်းနိုင်ခဲ့တာပါပဲ။

ဇော်ထွန်း(ရိုးရာလေး)

0 comments:

Post a Comment

နည်းပညာနဲ့ ပတ်သတ်ပြီး သိလိုသည်များကို မေးခဲ့နိုင်ပါတယ်...နည်းပညာတိုင်းက ကျွန်တော် ရေးထားတာ မဟုတ်ပေမယ့်..ကျွန်တော် သိသလောက်ကို ဖြေပေးမှာပါ..သတင်းပို့စ်တွေနဲ့ ပတ်သတ်ပြီးလည်း..ကြိုက်သလို ဝေဖန်နိုင်ပါတယ်...