<div style='background-color: none transparent;'></div>

Tuesday, November 19, 2013

ပြည်တွင်းရွှေဈေး အကျပိုင်းသာရှိမည်မှန်း

နိုဝင်ဘာလဆန်းပိုင်းမှ စတင်ကာ တဖြည်းဖြည်းကျဆင်းလာသည့် ပြည်တွင်းရွှေဈေး အကျပိုင်းသို့သာ ဦးတည်နေနိုင်သည်ဟု ရွှေဆိုင်လုပ်ငန်းရှင်များက ပြောသည်။

နိုဝင်ဘာလဆန်းပိုင်းတွင် တစ်ကျပ်သားလျှင် ကျပ် ၆၈၇,၀၀၀ ဈေးရှိခဲ့ပြီး နိုဝင်ဘာ ၁၈ ရက်တွင်ကျပ် ၆၇၇,၀၀၀ ဈေးရှိလာသည်ဟု ရွှေဆိုင်လုပ်ငန်းရှင်များက ဆိုသည်။

တိတ်စိန်ရွှေဆိုင်လုပ်ငန်းရှင် ဦးဇော်အောင်က “အားလုံးကတော့ အကျဘက်ကိုပဲ ဦးတည်နေတယ်လို့ မှန်းထားကြ တယ်” ဟု ပြောသည်။

နိုဝင်ဘာလဆန်းပိုင်းမှ ၁၈ ရက်အတွင်း ကမ္ဘာ့ရွှေဈေးကျဆင်းမှုကြောင့် ပြည်တွင်းရွှေဈေးလိုက်ပါကျ ဆင်းလာခဲ့ပြီး ပြည်တွင်းရွှေဈေး အနိမ့်ဆုံးဈေး ဖြစ်လာသည်ဟု ရွှေလုပ်ငန်းရှင်များက ပြောသည်။

အောင်သမာဓိရွှေဆိုင် (မန္တလေးပင်ရင်း) ၏ တာဝန်ခံဦးမော်က “ရွှေဈေးက အကျပိုင်းပေါ့၊ ရွှေဈေး အလားအလာက ဈေးတစ်ခုထိဆင်းပြီးရင်တော့ ပြန်တက်တဲ့သဘောတော့ရှိတယ်” ဟု ပြောသည်။

ပွင့်လင်းရာသီဖြစ်သည့်အတွက် ရွှေဈေးအရောင်းအ၀ယ် ပုံမှန်ရှိနေပြီး ရောင်းအားကောင်းကြောင်း ရွှေဆိုင်များက ပြောသည်။

ကမ္ဘာ့ရွှေဈေးသည် နိုဝင်ဘာလဆန်းပိုင်းတွင် တစ်အောင်စလျှင် ဒေါ်လာ ၁,၃၂၀ ရှိရာမှ ၁၈ ရက်တွင် ဒေါ်လာ ၁,၂၈၇ ဈေးရှိနေသည်။


by mizzima

0 comments:

Post a Comment

နည်းပညာနဲ့ ပတ်သတ်ပြီး သိလိုသည်များကို မေးခဲ့နိုင်ပါတယ်...နည်းပညာတိုင်းက ကျွန်တော် ရေးထားတာ မဟုတ်ပေမယ့်..ကျွန်တော် သိသလောက်ကို ဖြေပေးမှာပါ..သတင်းပို့စ်တွေနဲ့ ပတ်သတ်ပြီးလည်း..ကြိုက်သလို ဝေဖန်နိုင်ပါတယ်...