ရီးရဲလ်နောက်ခံလူ ရာမို့စ်က မက်ဆီမှာလက်ရှိအနေအထားတွင်ဋ္ဌ
ရော်နယ်ဒိုထက် တစ်ဆင့်နိမ့်နေသည့် ကစားသမား
ဖြစ်ကြောင်းဝေဖန်ခဲ့ပြီး (၂၀၁၃)ခုနှစ်အတွက် အကောင်းဆုံး ကစားသမားဆုကို ရော်နယ်ဒိုသာ ရသင့်သည်ဟု ထင်မြင်ကြောင်း ဖွင့်ဟသွားခဲ့သည်။ (၂၀၁၃)ခုနှစ်အတွင်း ရော်နယ်ဒို သွင်းယူခဲ့သည့်ဂိုးအရေအတွက်မှာ မက်ဆီထက် ပိုမိုများပြားနေသကဲ့သို့ ဒဏ်ရာပြဿ နာကြောင့် မက်ဆီ (၂)လကြာ အနားယူနေရချိန်၌ ရာမို့စ်က ယခုကဲ့သို့ ခိုင်းနှိုင်းလိုက်ခြင်းဖြစ်သည်။
“ဒီနှစ်ထဲမှာ ရော်နယ်ဒို ထုတ်ပြနေတဲ့ ခြေစွမ်းတွေကြောင့် သူ့အနေနဲ့ ကမ္ဘာ့အကောင်းဆုံး ဘောလုံးသမားဆု ရနိုင်ပါတယ်။ ကမ္ဘာ့အကောင်းဆုံး ဘောလုံးသမားလို့ သတ်မှတ်ထားတဲ့ မက်ဆီက ရော်နယ်ဒိုထက် တစ်ဆင့်နိမ့်နေပါတယ်”ဟု ရာမို့စ်က ပြောခဲ့သည်။ ထို့အပြင် ရီးရဲလ်နည်းပြ အန်စလော့တီကလည်း ယခုနှစ်တွင် ကမ္ဘာ့အကောင်းဆုံး ကစားသမားဆုကို ရော်နယ်ဒိုမရပါက ဆန္ဒပြသွားမည်ဟု ဖွင့်ဟထားခဲ့သည်။
ဇော်ထွန်း(ရိုးရာလေး)

0 comments:
Post a Comment
နည်းပညာနဲ့ ပတ်သတ်ပြီး သိလိုသည်များကို မေးခဲ့နိုင်ပါတယ်...နည်းပညာတိုင်းက ကျွန်တော် ရေးထားတာ မဟုတ်ပေမယ့်..ကျွန်တော် သိသလောက်ကို ဖြေပေးမှာပါ..သတင်းပို့စ်တွေနဲ့ ပတ်သတ်ပြီးလည်း..ကြိုက်သလို ဝေဖန်နိုင်ပါတယ်...