ချယ်လ်ဆီး မန်နေဂျာ ဟိုဆေး မော်ရင်ဟို အနေဖြင့် ထရာအိုယေးကို
ခေါ်ယူနိုင်ခဲ့သည့်နောက် အသင်း၏ သွေးသစ်လောင်းရေး စီမံကိန်းကို
ပိုမိုအားထည့် ကြိုးစားလာ
ချယ်လ်ဆီးအသင်းသည် လူငယ်သွေးသစ်များ စုဆောင်းရေး စီမံကိန်း၏ ခြေလှမ်းသစ်အဖြစ် လာဇာမာကိုဗစ်နှင့် ပက်ဒရို ဒယ်လ်ဂါဒိုတို့ နှစ်ဦးကို ချိတ်ဆက်နေကြောင်း သိရှိရသည်။ ချယ်လ်ဆီးအနေဖြင့် မကြာသေးမီက ၎င်းတို့ ကာလရှည်ကြာ စောင့်ဆိုင်းခဲ့ရသည့် အလုပ်လုပ်ခွင့်ပါမစ်ကိစ္စ ပြေလည်ပြီးနောက် ဘာကီနာဖာကို ကွင်းလယ်ကစားသမားလေး ဘာထရန် ထရာအိုယေးကို အပြီးသတ် စာချုပ်ဖြစ်ခဲ့သည်။ ထို့နောက်တွင်မူ ဘင်ဖီကာနှင့် အင်တာမီလန် အသင်းများမှ တောက်ပလာသည့် လူငယ် ကွင်းလယ် ကစားသမားလေး နှစ်ဦးကိုပါ ဆက်လက် ချိန်ရွယ်လာခြင်း ဖြစ်သည်။ ချယ်လ်ဆီး မန်နေဂျာ ဟိုဆေး မော်ရင်ဟို အနေဖြင့် ထရာအိုယေးကို ခေါ်ယူနိုင်ခဲ့သည့်နောက် အသင်း၏ သွေးသစ်လောင်းရေး စီမံကိန်းကို ပိုမိုအားထည့် ကြိုးစားလာခြင်း ဖြစ်သည်။
လတ်တလောတွင် ချယ်လ်ဆီးသည် အသက်(၁၉)နှစ်ရှိ မာကိုဗစ်နှင့် အသက်(၁၆)နှစ်အရွယ် ဒယ်လ်ဂါဒိုတို့ နှစ်ဦးလုံးကို အလေးအနက် စောင့်ကြည့်နေကြောင်း သိရသည်။ မာကိုဗစ်သည် တောင်ပံလူ တစ်ဦးဖြစ်ပြီး ဘင်ဖီကာနှင့်အတူ နာမည်ကြီးလာသည့်နောက် ဆာဘီးယား လက်ရွေးစင်အဖြစ်လည်း ရွေးချယ်ခံခဲ့ရသည်။ ၎င်းအနေဖြင့် ပြီးခဲ့သည့် ဇန်နဝါရီလက ပါတီဇန် ဘဲလ်ဂရိတ်တွင်သာ ကစားနေဆဲဖြစ်ပြီး ထိုစဉ်ကလည်း ချယ်လ်ဆီးက ခေါ်ယူရန် ကြိုးပမ်းခဲ့ဖူးသေးသည်။ ဒယ်လ်ဂါဒိုမှာမူ ကွင်းလယ်တိုက်စစ် ကစားသမားလေးဖြစ်ပြီး ပေါ်တူဂီ ဒုတိယတန်း ကလပ်အသင်းလေး ပရိုတီမိုနိစ်ထံမှ အင်တာက ခေါ်ယူထားခြင်းဖြစ်ပြီး အီတလီကလပ်နှင့်အတူ အရည်အသွေးကောင်းများကို ပြသနေသဖြင့် ချယ်လ်ဆီးက မျက်စိကျနေခြင်းဖြစ်သည်။
Planet Myanmar Network

0 comments:
Post a Comment
နည်းပညာနဲ့ ပတ်သတ်ပြီး သိလိုသည်များကို မေးခဲ့နိုင်ပါတယ်...နည်းပညာတိုင်းက ကျွန်တော် ရေးထားတာ မဟုတ်ပေမယ့်..ကျွန်တော် သိသလောက်ကို ဖြေပေးမှာပါ..သတင်းပို့စ်တွေနဲ့ ပတ်သတ်ပြီးလည်း..ကြိုက်သလို ဝေဖန်နိုင်ပါတယ်...