<div style='background-color: none transparent;'></div>

Saturday, November 30, 2013

ဂယ်လီယာနီနဲ့ အေစီမီလန်ပြဇာတ် တစ်ခန်းရပ်တော့မည်

အေစီမီလန် ဒုတိယဥက္ကဋ္ဌ ဂယ်လီယာနီက အေဂျက်စ်နှင့် ချန်ပီယံလိဂ်ပွဲစဉ်အပြီးတွင်၎င်း၏ရာထူးမှ နုတ်ထွက်
မည်ဖြစ်ကြောင်း အတည်ပြုလိုက်သည်။ ဂယ်လီယာနီမှာ (၁၉၈၆)ခုနှစ်မှစတင်၍အေစီမီလန် ဒုတိယဥက္ကဋ္ဌအဖြစ်သာမက အမှုဆောင်ချုပ်အဖြစ် ဆောင်ရွက်ခဲ့သူဖြစ်သော်လည်း ယခုရာသီတွင် အေစီမီလန်အသင်း ရလဒ်ဆိုးများ ဆက်တိုက်ကြုံတွေ့နေရပြီးနောက် အသင်းပိုင်ရှင် ဘာလူစကိုနီ၏ သမီးဖြစ်သူ ဘာဘရာဘာလူစကိုနီနှင့် ပဋိပက္ခပိုများလာခဲ့ကြောင့် အသင်းမှနုတ်ထွက်ခြင်းဖြစ်ကြောင်း အီတလီမီဒီယာများက ဖော်ပြခဲ့သည်။

ဂယ်လီယာနီက “လာမယ့်ရက်ပိုင်းအတွင်း အသင်းကနေ ကျွန်တော် ထွက်တော့မှာပါ။ အေဂျက်စ်နဲ့ ပွဲစဉ်အပြီးလောက် ဖြစ်နိုင်ပါတယ်။ ဒီလို မနုတ်ထွက်ဘူးဆိုရင်လည်း အသင်းမှာ အပြောင်းအလဲတွေဖြစ်လာတော့မယ်ဆိုတာ သိပါတယ်။ အခုဟာက ကျွန်တော့်ရဲ့ ဂုဏ်သိက္ခာကိုပါ ထိခိုက်လာတာကြောင့်ပါပဲ။ တကယ်ဆိုရင် သိမ်သိမ်မွေ့မွေ့ ဖြစ်ခဲ့သင့်ပါတယ်”ဟု ထုတ်ဖော်ခဲ့သည်။ အေစီမီလန် အသင်းပိုင်ရှင် ဘာလူစကိုနီမှာ ၎င်း၏သမီး ဘာဘရာကို တာဝန်လွှဲအပ်ပေးဖွယ် ရှိနေရာတွင် ဂယ်လီယာနီနှင့် ဘာဘရာတို့ကြား လုပ်ပိုင်ခွင့်အားပြိုင်ခဲ့ရာမှတစ်ဆင့် အီဘရာဟီမိုဗစ်ခ်ျ၊ သီယာဂိုဆေးလ်ဗားစသည့် ကစားသမားကောင်းများကို ရောင်းချခဲ့သည့် ဂယ်လီယာနီ၏ အပြောင်းအရွှေ့လုပ်ဆောင်မှုများအပေါ် ဘာဘရာတို့လူစုမှ အပြစ်တင်ခဲ့ကြသည့်အတွက် ဂယ်လီယာနီ ယခုကဲ့သို့ ရာထူးမှနုတ်ထွက်ရန် ဆုံးဖြတ်ခြင်းဖြစ်ကြောင်း သတင်းများတွင် ဖော်ပြခဲ့သည်။

by yoyarlay

0 comments:

Post a Comment

နည်းပညာနဲ့ ပတ်သတ်ပြီး သိလိုသည်များကို မေးခဲ့နိုင်ပါတယ်...နည်းပညာတိုင်းက ကျွန်တော် ရေးထားတာ မဟုတ်ပေမယ့်..ကျွန်တော် သိသလောက်ကို ဖြေပေးမှာပါ..သတင်းပို့စ်တွေနဲ့ ပတ်သတ်ပြီးလည်း..ကြိုက်သလို ဝေဖန်နိုင်ပါတယ်...