<div style='background-color: none transparent;'></div>

Saturday, November 23, 2013

အာဖရိကတွင် မြန်နှုန်းမြင့်နက်ဝပ်များ ဂူဂယ်လ် တည်ဆောက်မည်

ဖွံ့ဖြိုးဆဲကမ္ဘာ့နိုင်ငံများအတွက် ရည်ရွယ်သော မြန်နှုန်းမြင့်အင်တာနက် နက်ဝပ် တည်ဆောက်မည့် အစီအစဉ်အား ဂူဂယ်လ်မှ နိုဝင်ဘာ ၂၀ ရက်တွင် စတင်ဆောင်ရွက်ခဲ့သည်။

Project Link အစီအစဉ်ဖြင့် အင်တာနက်ဆိုင်ရာအခြေခံအဆောက်အအုံများ အလုံအလောက်မရှိသေး သော နေရာဒေသများ သို့မဟုတ် လုံးဝမရှိသေးသောနေရာဒေသများတွင် မြန်နှုန်းမြင့် ဖိုက်ဘာနက် ၀ပ်များ တပ်ဆင်လျက်ရှိသည်ဟု နိုဝင်ဘာ ၂၀ ရက်တွင် ဂူဂယ်လ် မှ ကြေညာခဲ့သည်။ ယင်းကနဦးအစီ အစဉ်မှတစ်ဆင့် ဒေသခံအင်တာနက် ၀န်ဆောင်မှုများ ထုတ်ပေးနေသည့် လုပ်ငန်းရှင်များအား မြန်နှုန်း မြင့်အင်တာနက်ကွန်နက်ရှင်များ ကမ်းလှမ်းသွားမည်ဖြစ်ပြီး လူများကိုလည်း ပညာရေးနှင့် အသက်မွေး ၀မ်းကျောင်းမှု အခွင့်အလမ်း အသစ်များနှင့် ဖော်ထုတ်ပေးသွားမည် ဖြစ်သည်။

“အာဖရိကမှာ လူဦးရေ တစ်ဘီလီယံလောက်ရှိပြီး လူဦးရေတိုးတက်မှုနှုန်း အမြန်ဆုံးတိုက်တစ်ခုဖြစ်ပါ တယ်။ ဒါပေမဲ့လည်း စုစုပေါင်းလူဦးရေရဲ့ ၁၆ ရာခိုင်နှုန်းလောက်ပဲ အင်တာနက်သုံးစွဲနိုင်ပါသေးတယ်” ဟု Google ၏ ကွင်ဆင်းလေ့လာရေးဒါရိုက်တာ Kai Wulff က ကုမ္ပဏီ၏ ဘလော့စာမျက်နှာတွင်ရေး သားဖော်ပြထားသည်။

ထို့အတူ “ဒီအခြေအနေက လူအများစုကို စိတ်ချယုံကြည်ရတဲ့ နောက်ဆုံးပေါ်သတင်းတွေ၊ ကမ္ဘာ့ကုန် သွယ်ရေးနဲ့ဆက်စပ်နိုင်မည့် လက်နက်ကိရိယာတစ်ခုသို့မဟုတ် ဓာတ်ပုံတွေ၊ ဗီဒီယိုတွေ အစရှိတာတွေ ကို ဖန်တီးမျှဝေနိုင်မယ့် ပလက်ဖောင်းတစ်ခုတို့လို အခွင့်အလမ်းသစ်တွေရရှိဖို့ အရေးကနေ ဖယ်ကျဉ် လိုက်ပါတယ်”ဟုလည်း ၎င်းက ထပ်လောင်းပြောကြားလိုက်သည်။

ဂူဂယ်လ်မှ ၎င်းစီမံချက်အား ယူဂန်ဒါ နိုင်ငံ၏ လူဦးရေအထူထပ်ဆုံးသော မြို့တော်ကမ်ပလာတွင် စတင် ဆောင်ရွက်နေပြီဖြစ်ပြီး ယင်းမြို့မှာ အင်တာနက် နှေးကွေးခြင်းကြောင့် အွန်လိုင်းလုပ်ငန်းဆောင်တာ များ ကြန့်ကြာနေရသည့် မြို့တစ်မြို့ဖြစ်သည်ဟု ဂူဂယ်လ်ကဆို သည်။ ပိုမိုလျင်မြန်သည့် အင်တာနက် ကွန်နက်ရှင်များ ပြုလုပ်ပေးရေးမှာ စီမံချက်၏ အဓိကရည်ရွယ်ချက်ဖြစ်သော်လည်း အာဖရိကတိုက်ရှိ အင်တာနက် ထောက်ပံ့ရေးကွန်ရက်အား ပိုမိုအားကောင်းလာစေရန်အတွက်လည်း ၎င်းစီမံချက်မှ မျှော် မှန်းထားသည်။

“တချို့လိုင်းတွေက တော်တော်လေးခိုင်မာလာပါပြီ။ ပင်လယ်အောက်က ကေဘယ်လ်လိုင်းတွေက အာဖရိကတိုက်ရဲ့ကမ်းခြေတွေဆီကို ဒေတာတွေယူလာပေးပြီးဖြစ်သလို မိုဘိုင်းဖုန်းထုတ်လုပ်သူတွေ ကလည်း အာဖရိကတိုက်တစ်လွှားမှာ ၀န်ဆောင်မှုတွေ ထပ်မံတိုးချဲ့နေပါပြီ။ အခုချိန်မှာတော့ ကျွန် တော်တို့က ဒီလိုင်းတွေကြားမှာ နောက်ဆုံးနဲ့ အကောင်းဆုံးဖြစ်တဲ့ဝက်ဘ်ဆိုဒ်တွေကို အထောက်အကူ ဖြစ်စေမယ့်မြန်နှုန်းနဲ့ အရည်အသွေးကို ပို့ဆောင်ပေးဖို့အတွက် အရည်အသွေးရှိတဲ့ အခြေခံအဆောက် အအုံတွေကို တည်ဆောက်ခဲ့တာပါ”ဟုလည်း Wulff က ဆိုသည်။

သို့သော် ဂူဂယ်လ်အနေဖြင့် Project Link မည်သည့်နေရာများတွင် မည်သည့်အချိန်၌ ထပ်မံတိုးချဲ့သွား မည်ဆိုသည်ကို ပြောကြားခဲ့ခြင်း မရှိသေးပေ။ သို့သော် ၎င်းစီမံချက်မှာ ဖွံ့ဖြိုးမှုနိမ့်ကျနေသေးသည့်နေ ရာများတွင် အင်တာနက်သုံးစွဲရေးအတွက် ဂူဂယ်လ်မှ ပထမဆုံးအကြိမ်အဖြစ် စတင်ဆောင်ရွက်ခြင်းဖြစ် သည်။ ယခင်ကလည်း မိုးပျံပူပေါင်းများမှတစ်ဆင့် ကမ္ဘာတစ်လွှားတွင် ၀ိုင်ယာလက်အင်တာနက်များ သုံးစွဲနိုင်ရေးအား မြှင့်တင်သည့်အနေဖြင့် Project Loon အား စမ်းသပ်ခဲ့ဖူးသည်။


by mizzima

0 comments:

Post a Comment

နည်းပညာနဲ့ ပတ်သတ်ပြီး သိလိုသည်များကို မေးခဲ့နိုင်ပါတယ်...နည်းပညာတိုင်းက ကျွန်တော် ရေးထားတာ မဟုတ်ပေမယ့်..ကျွန်တော် သိသလောက်ကို ဖြေပေးမှာပါ..သတင်းပို့စ်တွေနဲ့ ပတ်သတ်ပြီးလည်း..ကြိုက်သလို ဝေဖန်နိုင်ပါတယ်...