မလေးရှားနိုင်ငံ ပီနန်တွင် လွန်ခဲ့သော စနေနေ့က အသက် (၂၀) မြန်မာ လူငယ်
တစ်ဦးသည် အကြိမ်ကြိမ် ဓါးထိုးခံရပြီးနောက် ရေထဲ ပစ်ချခံရသည်ဟု သိရသည်။
၎င်းလူငယ်သည်
Weld Quay အရပ်ရှိ Tan အမည်ရှိသော တံတားတွင် အပမ်းဖြေနေစဉ် အမည်မသိ
လူနှစ်ဦးက ဓါးဖြင့် အကြိမ်ကြိမ်ထိုးပြီး ရေထဲကို ပစ်ချထားခဲ့သည်ဟု
မလေးရှားနိုင်ငံ The Star အွင်လိုင်း သတင်းတွင် ဖေါ်ပြသည်။
၎င်းမြန်မာလူငယ်အား ထိုးသတ်ခဲ့သော ဓါးကိုလည်း အခင်း ဖြစ်ပွားရာ နေရာတွင်ပင် တွေ့ရှိသည်ဟု ၎င်းသတင်းတွင် ဖေါ်ပြသည်။
ဓါးထိုးခံရသော
မြန်မာလူငယ်၏ ၀မ်းဗိုက်မှ အအူများ ထွက်ကျလာသော်လည်း ကမ်းစပ်သို့
ရောက်အောင် ရေကူးခဲ့ပြီး အော်ဟစ် အကူအညီ တောင်းခံမူကြောင့် အနီးအနားမှ
လူများက ညဥ့် ၁၀ နာရီ အချိန်တွင် ပီနန် ဆေးရုံသို့ တင်ပို့ခဲ့သည်ဟု ဆိုသည်။
George
Town မြို့ ပုလိပ်မင်းကြီး Supt Ismail Toh Paduka Idris က
၎င်းမြန်မာလူငယ်ထံမှ တစ်စုံတစ်ရာ အထောက်အထားများကို ရှာဖွေတွေ့ရှိခြင်း
မရှိကြောင်း ပြောဆိုသည်ဟု သတင်းတွင် ဖေါ်ပြသည်။
ဆေးရုံမှ ဆရာဝန်မှ
ခွဲစိတ်ကုသထားသော်လည်း မြန်မာ လူငယ်၏ အခြေအနေမှာ စိုးရိမ်ရသော အနေအထားတွင်
ရှိနေသေးကြောင်း၊ သူထံမှ တစ်စုံတစ်ရာ ဖွင့်ဟ ပြောဆိုချက်ကို မရသေးကြောင်း၊
ယခုအခါ ပုဒ်မ ၃၂၆ လူကို သေစေနိုင်သော လက်နက်ဖြင့် တိုက်ခိုက်မူဖြင့်
အမူဖွင့်ထားပြီး စစ်ဆေးမူများ ပြုလုပ်နေကြောင်း ၎င်းပုလိပ်မင်းကြီးက ပြောသည်။
၎င်းပြင် ပုလိပ်မင်းကြီးက “ ယခု တိုက်ခိုက်မူ၏ နောက်ကွယ်က အကြောင်းအရာကို စစ်ဆေးနေကြောင်း” ပြောကြားသည်။
ဆေးရုံကို ရောက် မြန်မာ လူငယ်ကို တွေ့ရစဉ်။
(နိရဉ္စရာ- ၅ နိုဝင်္ဘာလ ၂၀၁၃)/ ခိုင်ဦးမောင်
Tuesday, November 5, 2013
မလေးရှား ပီနန်တွင် မြန်မာ တစ်ဦး အကြိမ်ကြိမ် ဓါးထိုးခံရပြီး ရေထဲပစ်ချခံရ
Subscribe to:
Post Comments (Atom)










0 comments:
Post a Comment
နည်းပညာနဲ့ ပတ်သတ်ပြီး သိလိုသည်များကို မေးခဲ့နိုင်ပါတယ်...နည်းပညာတိုင်းက ကျွန်တော် ရေးထားတာ မဟုတ်ပေမယ့်..ကျွန်တော် သိသလောက်ကို ဖြေပေးမှာပါ..သတင်းပို့စ်တွေနဲ့ ပတ်သတ်ပြီးလည်း..ကြိုက်သလို ဝေဖန်နိုင်ပါတယ်...