<div style='background-color: none transparent;'></div>

Tuesday, November 19, 2013

မည်သူကျန်မလဲ (သို့မဟုတ်) မည်သူ့ကို ကမ္ဘာ့ဖလားမှာ တွေ့နိုင်ခွင့်ရနိုင်မလဲ

ဥရောပစံတော်ချိန်များအရ ၁၉ ရက်နေ့ ညပိုင်းတွေနှင့် မြန်မာစံတော်ချိန် ၂၀ ရက်နေ့ မနက်ခင်း တွေမှာ ကမ္ဘာ့ဖလား ခြေစစ်ပွဲ ဥရောပဇုန် ရှုံးထွက်ပွဲစဉ် ဒုတိယအကျော့ ပွဲစဉ်တွေကို ယှဉ်ပြိုင်ကစားကြရတော့မှာဘဲ ဖြစ်ပါတယ်။ ကမ္ဘာ့အကောင်းဆုံးဘောလုံးသမားဆု ရထားဖူးပြီး ဒီနှစ်မှာလည်း မျှော်လင့်ချက် ရှိနေတဲ့ စီရော်နယ်ဒို နှင့် ပူပူနွေးနွေး ဥရောပအကောင်းဆုံး ရထားတဲ့ ရီဘာရီ နှင့် PSG မှာခြေစွမ်းထက်နေတဲ့ ဆွီဒင် တိုက်စစ်မှုး အီဘရာဟီဗိုဗစ် တို့ (၃) သုံးထဲက ပွဲအပြီးတွေမှာ (၂) ဦး (သို့) ၁ ဦးတော့ ကမ္ဘာ့ဖလား ပြိုင်ပွဲကွင်းတွေဆီ သွားရောက်ခွင့် ဆုံးရှုံးရတော့မှာပါ။

ထို့အထဲမှာမှ ပထမအကျော့ ရလဒ်အရ မျှော်လင့်ချက် ရှိနေသေးသည့် ဆွီဒင် နှင့် အိမ်ကွင်းမှာ အနိုင်ယူ လိုက်နိုင်တဲ့ပေါ်တူဂီတို့၏ နောက်တစ်ကြိမ် ထပ်ဆုံကြမည့် ပွဲစဉ်ကို ပရိတ်သတ်များ စောင့်ကြည့်အားပေး ရတော့မှာပါ။ ပထမအကျော့ ပေါ်တူဂီ ကွင်းမှာတုန်းက စီရော်နယ်ဒို၏ ခြေစွမ်းပြသမှုနဲ့အတူ အိမ်ရှင်တို့ (၁) ဂိုး ဂိုးမရှိ ရလဒ်ဖြင့် နိုင်ခဲ့ပါတယ်။ ဒုတိယအကျော့မှာလည်း စီရော်နယ်ဒိုတစ်ယောက် ဆက်ပြီး အစွမ်းပြနိုင်လေမလား၊ အီဗရာဟီမိုဗစ် ကဘဲ ဆွီဒင်နိုင်ငံ၏ သူရဲကောင်း ဖြစ်လေမလားဆိုတာကိုရင်ခုန်စွာ အားပေးကြည့်ရှု့ ရတော့မည် ဖြစ်ပါတယ်။

နှစ်သင်းစလုံးမှာ ဒဏ်ရာရ လူစာရင်းမရှိဘဲ ၁၀၀ % အပြည့် ကြံ့ ခိုင်မှုရှိနေကြကြောင်းသိရပါတယ်။ ပြီးခဲ့သည့် စနေနေ့ ထရိန်နင်မှာ ပေါ်တူဂီ စတားများဖြစ်တဲ့ စီရိုနယ်ဒို နှင့် ပီပီတို့ ကို ပွဲမတိုင်ခင် အနာတရဖြစ်မှာကြောင့် ခဏအနားပေး ထားသည်ကိုတွေ့ခဲ့ရပြီး ဆွီဒင်နဲ့ပွဲအတွက် သူတို့နှစ်ဦးက အရေးကြီးကြောင်းကို သတင်း ၀က်ဆိုက်များမှသုံးသပ်လျှက်ရှိနေကြပါတယ်။

ကျွန်တော်တို့ ပထမအကျော့မှာတုန်း တိုက်စစ်ကို ကောင်းမွန်စွာ ထောက်ပံ့မှု စွမ်းရည်ပိုင်းဆိုင်ရာလျော့နည်းခဲ့ပြီး၊ အဝေးကန်တင်ဘောလုံးများသာ များခဲ့ပါတယ်။ ပွဲပြီးခါနီး ၁၀ မိနစ်အလိုအထိ ကျွန်တော်တို့အသင်း ဂိုးရနိုင်ဖို့ အခွင့်အရေးရှိခဲ့တယ်။ နောက်လာမည့် ပွဲစဉ်မှာ အကောင်းဆုံးစွမ်းဆောင်နိုင်မယ်ဟု ယုံကြည်ကြောင်း ဆွီဒင်နည်းပြကြီးက ပြောကြားခဲ့ပါတယ်။ ပေါ်တူဂီ နည်းပြကြီးကတော့ ကျွန်တော်တို့ အသင်းအနေနဲ့ ပထမအကျော့မှာတုန်းက ဆွီဒင်ဂိုးရှေ့ မှာ အခွင့်အရေးများစွာ ရခဲ့ကြောင်း နှင့် ဂိုးကံခေ ခဲ့သည်များလည်း ရှိခဲ့ကြောင်း နှင့် လာမည့် ဒုတိယအကျော့ ပွဲစဉ်မှာတော့ အကောင်းဆုံး စွမ်းဆောင်မှုတွေနဲ့အတူ ပထမအကျော့ထက် ခြေစွမ်း ပိုမိုကောင်းမွန်မည်ဟု ယုံကြည်ကြောင်း ကို ပြောကြားထားပါတယ်။

သူတို့ နှစ်သင်း၏ အလေးပေးမှု အချိုးများကတော့ ဆွီဒင် အနိုင်ကို (၁၇ / ၁၀) နှင့် ပေါ်တူဂီ အနိုင် (၁၇ /၁၀) ပေးထားပြီး၊ သရေရလဒ်ကို (၂၁/ ၁၀) ရှိကြောင်းသိရပါတယ်။ ခြေစစ်ပွဲအောင်မြင်ရေးအတွက်အတွက်ကတော့ ဆွီဒင်ဘက်ကို (11/4 ) နှင့် ပေါ်တူဂီဘက်ကို (1/4) ပေးထားကြောင်းကို သိရပါတယ်။ ဆွီဒင် နိုင်ခဲ့ရင်တောင် ပေါ်တူဂီမှလည်း သွင်းဂိုးကပ်လိုက်နိုင်လောက်ပါတယ်။ ခြေစွမ်းမကွာတဲ့အသင်းပေမို့ ခန့်မှန်းရခက်နိုင်ပြီး၊ ဇာတာကောင်းတဲ့အသင်း ကမ္ဘာ့ဖလားပြိုင်ပွဲအတွက် ရယူနိုင်လိမ့်မည်ဟု သုံးသပ်မိရင်း မြန်မာစံတော်ချိန် ၂၀ ရက်နေ့ မနက် ၂ နာရီ ၁၅ မှာ ယှဉ်ပြိုင်ကစားမည့် ပွဲကောင်းတစ်ပွဲအား လက်မလွတ်ဘဲ စောင့်မျှော် အားပေးနိုင်စေရးအတွက် ရေးသားဖော်ပြလိုက်ပါတယ်။

Written by မိုးတိမ် (တမာမြေ)

FOOTBALL CAFE

0 comments:

Post a Comment

နည်းပညာနဲ့ ပတ်သတ်ပြီး သိလိုသည်များကို မေးခဲ့နိုင်ပါတယ်...နည်းပညာတိုင်းက ကျွန်တော် ရေးထားတာ မဟုတ်ပေမယ့်..ကျွန်တော် သိသလောက်ကို ဖြေပေးမှာပါ..သတင်းပို့စ်တွေနဲ့ ပတ်သတ်ပြီးလည်း..ကြိုက်သလို ဝေဖန်နိုင်ပါတယ်...