ကြည့်မြင်တိုင်မြို့နယ်တွင် လူလေးဦးတို့က အိမ်ခန်းအတွင်းထိ ၀င်ရောက်၍
ဓားခုတ်မှု ဖြစ်ပွားခဲ့ရာတွင် ကျူးလွန်သူများထဲမှ သုံးဦးကို
ဖမ်းဆီးရမိထားပြီဖြစ်ကြောင်း ကြည့်မြင်တိုင်ရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်တစ်ဦး က
ဆိုသည်။
အဆိုပါ အမှုမှာ နိုဝင်ဘာ ၁၉ ရက် ညသန်းခေါင် ၁၂ နာရီခွဲအချိန်က ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး သန်လျင်မြို့နယ်နေသူ ဓားထိုးခံရသူ အိမ်ရှင်၏ သူငယ်ချင်းက အမှုဖွင့်တိုင်တန်းထားခြင်း ဖြစ်သည်။
“သုံးယောက်ကိုတော့ မိထားပြီးပါပြီ၊ လောလောဆယ်တော့ ဘာမှကို
ပြောလို့မရသေးပါဘူး၊ ဆက်လက် စစ်ဆေးရဦးမှာပါ” ဟု အဆိုပါ ရဲစခန်းမှ
ရဲတပ်ဖွဲ့ဝင်တစ်ဦးက မဇ္ဈိမကို ဖြေကြားသည်။
အမှုတွင် တရားလိုသည်
သူငယ်ချင်းဖြစ်သူ အောင်အောင်(၂၃)နှစ် နှင့်အတူ ကြည့်မြင်တိုင် ဈေးကလေး
ရပ်ကွက်၊ ကမ်းနားလမ်း၊ တိုက်ခန်းတွင်ရှိနေစဉ် တိုက်ခန်းတံခါးတွန်းဖွင့်၍
လူတစ်ဦးဝင်လာသဖြင့် ကျော်သူဇော်က ထကြည့်ခဲ့ရာ ၀င်လာသောသူက
“မင်းတို့ငါ့သိလား၊ နေလင်းအောင်ဆိုတာကြားဖူး လား” ဟု မေးရာတွင် မသိဘူးဟု
ပြောပြနေစဉ်မှာပင် နောက်ထပ်လူသုံးဦး ထပ်မံရောက်ရှိလာသည်ဟု တရားလိုဘက်က
အမှုဖွင့် ရာတွင် ပြောပြထားသည်။
ထို့နောက် အမည်မသိလူတစ်ဦးက
ဆာလာအိတ်ဖြင့် ပတ်ထားသော ဓားအားထုတ်ကိုင်၍ ၎င်းတို့အား ထိုင်ခိုင်းခဲ့ကာ
ကျန်သူနှစ်ဦးမှလည်း ၎င်းကိုလက်သီးဖြင့် ထိုးခဲ့သဖြင့် နှာခေါင်းသွေးထွက်
ဒဏ်ရာရရှိခဲ့ သည်ဟု တရားလိုက အမှုဖွင့်ရာတွင် ပြောပြထားသည်။
ထို့ပြင် အောင်အောင်ကိုလည်း ဓားရှည်ဖြင့် ခုတ်သဖြင့် ၀ဲဘက်ချိုစောင်း
ပြတ်ရှဒဏ်ရာ (မစိုးရိမ်ရ)ရရှိပြီး ရန်ကုန် အနောက်ပိုင်းဆေးရုံကြီးတွင်အတွင
ထို့ကြောင့် အမည်မသိလူလေးဦးအပေါ် စုံးစမ်းဖော်ထုတ်အရေးယူပေးရန် တိုင်တန်းထားသဖြင့် (ပ) ၇၅၂/
ဖမ်းဆီးရမိထားသူများအား ပြစ်မှုကျူးလွန်ကြောင်း စစ်ဆေးတွေ့ရှိပါက
ပြစ်မှုပုဒ်မ ၃၂၅/၃၂၆ တို့ဖြင့် တရားစွဲတင်သွားမည်ဟုလည်း အဆိုပါ ရဲတပ်ဖွဲ့က
ဆိုထားသည်။
အောက်တိုဘာ ၂၆ ရက် ည ၁၁ နာရီ ကျော်အချိန်ကလည်း
ကြည့်မြင်တိုင် စက်ဆန်းနယ်မြေရှိ ဦးမြရပ်ကွက်၊ စံပယ်လက်ဖက်ရည်ဆိုင်တွင်
ဘောလုံးပွဲကြည့်နေသည့် လူငယ်တစ်ဦးကို အခြားလူငယ်သုံးဦး က ချုပ်ကိုင်ပြီး
ကျန်လူငယ်တစ်ဦးက ဓားဖြင့် ခုတ်ခဲ့သည်ဆိုသော တိုင် တန်းမှုတစ်ခုလည်း
ဖြစ်ပွားထားသည်။
ယင်းအမှုတွင် ဓားဖြင့်ခုတ်သည်ဟု ဆိုသော်လည်း
အဆစ်ပါသည့် ခဲချွန် ဓားဖြင့် ထိုးခြင်းသာဖြစ်ပြီး
ပြစ်မှုကျူးလွန်သူများကိုလည်း မိဘများကိုယ်တိုင် ရဲလက်သို့ အပ်ခဲ့သည်။
ထို့ပြင် အောက်တိုဘာ ၁၃ ရက် ည ၉နာရီကလည်း နေအိမ်ပေါ်တွင် အိပ်ပျော်နေသူ
အမျိုးသားတစ်ဦးအား လူတစ်ဦးက နေအိမ်ပေါ်ထိတက်ပြီး ဓားဖြင့်ထိုးသတ်ခဲ့မှု
ကြည့်မြင်တိုင် အောက်ရုံရပ်ကွက်တွင် ဖြစ်ပွားခဲ့ပြီး ပြစ် မှုကျူးလွန်သူကို
သက်သေခံ ဓားနှင့်အတူ ဖမ်းဆီးနိုင်ခဲ့သည်။
by mizzima
Thursday, November 21, 2013
အိမ်ခန်းအတွင်းအထိ ၀င်ရောက်ဓားခုတ်မှု ကြည့်မြင်တိုင်တွင် ဖြစ်ပွား
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment
နည်းပညာနဲ့ ပတ်သတ်ပြီး သိလိုသည်များကို မေးခဲ့နိုင်ပါတယ်...နည်းပညာတိုင်းက ကျွန်တော် ရေးထားတာ မဟုတ်ပေမယ့်..ကျွန်တော် သိသလောက်ကို ဖြေပေးမှာပါ..သတင်းပို့စ်တွေနဲ့ ပတ်သတ်ပြီးလည်း..ကြိုက်သလို ဝေဖန်နိုင်ပါတယ်...