<div style='background-color: none transparent;'></div>

Thursday, November 7, 2013

မီတာခလျော့ချရေးအတွက် ဆူးလေတွင် ဖယောင်းတိုင်ကိုင်ဆောင် ဆန္ဒပြ

မီတာခလျော့ချပေးရေးအတွက် ရန်ကုန်မြို့ ဆူးလေဘုရားမှစတင်၍ မဟာဗန္ဓုလပန်းခြံကို ပတ်ကာ ဖယောင်းတိုင်များ ကိုင်ဆောင်ပြီး လူ၂၀၀ခန့်က နိုဝင်ဘာလ ၆ရက် ညနေ ၆နာရီခွဲခန့်တွင် စတင်ကာ ဆန္ဒထုတ်ဖော်လျှက်ရှိသည်။

ထိုလူ၂၀၀ခန့်က "မီတာခများ လျော့ချရေး ဒို့အရေး"ဟု ကြွေးကြော်ကာ ဖယောင်းတိုင်များ ကိုင်ဆောင်ပြီး လမ်းလျှောက်ဆန္ဒထုတ်ဖော်နေခြင်းဖြစ်သည်ဟု ထိုနေရာတွင် ရောက်ရှိနေသော မဇ္ဈိမသတင်းထောက်က သတင်းပေးပို့သည်။

ဆန္ဒပြမှုကို မျိုးဆက်သစ်လူငယ်အဖွဲ့(Generation Wave)အဖွဲ့မှ ကိုတင်ထွဋ်ပိုင်က ဦးဆောင်ကာ ဆူးလေမှစထွက်ကာ ဗိုလ်အောင်ကျော်လမ်းမှတစ်ဆင့် မဟာဗန္ဓုလပန်းခြံကို ပတ်ကာ ဆန္ဒပြနေခြင်းဖြစ်သည်။

ထို့အပြင် မီတာခလျော့ချရေးအတွက် နိုဝင်ဘာလ ၆ရက် ညနေ ၄နာရီခန့်ကလည်း ကုန်ဈေးနှုန်းကျဆင်းရေးအဖွဲ့မှ ဦးသိန်းမြင့်အောင်က ဦးဆောင်ကာ ကိုတင်မောင်ပြည့်၊ ကိုဇေယျာနှင့် ကိုနောင်နောင်တို့က သိမ်ကြီးဈေးမှ ဆူးလေဘုရားအထိ မီတာခလျော့ချပေးရေးနှင့် မီတာခများ တက်ပါက ကုန်ဈေးနှုန်းမြင့်တက်လာမည်ဟုဆိုကာ ဆန္ဒထုတ်ဖော်ခဲ့ကြသည်။

by mizzima

0 comments:

Post a Comment

နည်းပညာနဲ့ ပတ်သတ်ပြီး သိလိုသည်များကို မေးခဲ့နိုင်ပါတယ်...နည်းပညာတိုင်းက ကျွန်တော် ရေးထားတာ မဟုတ်ပေမယ့်..ကျွန်တော် သိသလောက်ကို ဖြေပေးမှာပါ..သတင်းပို့စ်တွေနဲ့ ပတ်သတ်ပြီးလည်း..ကြိုက်သလို ဝေဖန်နိုင်ပါတယ်...