<div style='background-color: none transparent;'></div>

Thursday, November 21, 2013

ကားတင်ဆောင်သည့် ၁၀ ဘီးယာဉ် တံတားပေါ် ဖြတ်သန်းစဉ် တံတားကျိုးကျ

စစ်ကိုင်းတိုင်း ဒေသကြီး အင်းတော် မြို့နယ် မော်လူးဒေသ စီးမော်အုပ်စု စီပိန်းကျေးရွာ အနီးရှိ နန့်ဒရန့် တံတားပေါ်သို့ နိုဝင်ဘာ ၁၉ ရက် ည ၁၁ နာရီခွဲ ခန့်က အထူးအဖွဲ့ (၁) ဆောက်လုပ်ရေး ၁၀ ဘီးကားပေါ်တွင် ယာဉ်တစ်စီး တင်ဆောင်၍ ဖြတ်သန်းစဉ် တံတား ကျိုးခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ အထူးအဖွဲ့ (၁)မှ ယာဉ်တစ်စီး တင်ဆောင် ထားသော ဆောက်လုပ်ရေး ၁ဝ ဘီးကား ယာဉ်မောင်း ဦးမင်းနိုင် အဆင့်(၅) မောင်းနှင် လာသည့် ယာဉ်သည် အရှည် ပေ ၂၄ဝ တံတား အမှတ် ၂/၂၆ဝ နန့်ဒရန် တံတား ပေါ်တွင် ဖြတ်သန်းစဉ် တံတား ကျိုးကျရာ သံပေါင် တံတားပါ တိုင်စဉ် အခင်းပြား ၄၀ ပေခန့် ပျက်စီး ခဲ့သည်။

တံတားအား ဖြတ်ကူး၍ မရတော့ သဖြင့် ခရီးသွား ယာဉ်များ နှင့် ဖြတ်သန်း သွားလာ နေသော ဒေသခံများ အခက်ကြုံတွေ့ နေရကာ လမ်း နှင့် တံတား များကို ကောင်းမွန်အောင် ဆောင်ရွက် ပေးစေလို ကြောင်း ခရီးသည်
များ၏ ပြောပြချက် အရ သိရှိရသည်။

by The Myawady Daily

0 comments:

Post a Comment

နည်းပညာနဲ့ ပတ်သတ်ပြီး သိလိုသည်များကို မေးခဲ့နိုင်ပါတယ်...နည်းပညာတိုင်းက ကျွန်တော် ရေးထားတာ မဟုတ်ပေမယ့်..ကျွန်တော် သိသလောက်ကို ဖြေပေးမှာပါ..သတင်းပို့စ်တွေနဲ့ ပတ်သတ်ပြီးလည်း..ကြိုက်သလို ဝေဖန်နိုင်ပါတယ်...