နိုင်ဝင်ဘာလ (၁၃)ရက်နေ့ နံနက်ပိုင်းက ထန်းတပင်မြို့နယ်၊
မြို့နယ်ရဲစခန်းကနေ သူတပါးအကျိုး ပျက်ဆီးစေမှု၊ ပုဒ်မ ၄၄၇၊ ၄၂၇နှင့်
တိုင်ကြားခံထားရသူကို သွားရောက်ဖမ်းဆီးရာက ပစ်ခတ်မှုဖြစ်ပွားခဲ့ပါသည်။
အောင်းကြီး သပြေးရွာနေ ကိုငယ် ခေါ် ကိုသိန်းတန်ကို ရဲကသွားရောက်ပစ်ခတ်ဖမ်းဆီးရာကနေ ပစ်ခတ်မှုဖြစ်ပွားခဲ့ခြင်း ဖြစ်ပါသည်။
ကိုငယ်မှာ ညာခြေသလုံးမှာ ဒဏ်ရာရရှိခဲ့ပြီး မျက်မြင်သက်သေ ကိုသန်းဇော်ဦးရဲ့ ပြောကြားချက်အရ တဲကို နံနက် (၁၁နာရီ ၅မိနစ်လောက်) ရဲအင်အား (၁၁)ယောက်လောက်လာဝိုင်းခဲ့ပါတယ်၊ တဲကိုဝိုင်းပြီးတော့ ၀င်ပြီးဖမ်းတယ်၊
ဟိုကအေးအေးဆေးဆေးလိုက်ခဲ့ပါမယ်ပြောတာကို မဟုတ်ရပဲ လက်သီးနဲ့ ထိုးတယ်၊ ထန်းပိုးကြီးဒုတ်နဲ့လည်း ညှစ်နယ်၊ ခြေထောက်တွေနဲ့
လည်းကန်တယ်၊ နောက်ပြီးတော့ လက်ထိပ်အတင်းဝင်ခတ်ပြီး ရုံးရင်းဆန်ခတ်ဖြစ်တယ်၊
လက်ထိပ်နှစ်ဆင့်ခတ်ပြီး သေနတ်နဲ့ပစ်တယ်၊ အတွဲလိုက်ကိုပစ်တာ၊ အများကြီးပဲ၊ ၀ုန်းဝုန်း ၀ုန်းဝုန်းနဲ့ကိုပစ်တာ ဟု ပြောပြပါတယ်။
တောင်ငူခရိုင် ရဲတပ်ဖွဲ့မှုးရုံးက ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူး ဦးကိုကိုနိုင်ကတော့ တာဝန်ရှိသူတွေ အခင်းဖြစ်တဲ့နေရာကို သွားရောက်စစ်ဆေးနေပြီး
ဖြစ်စဉ်ကို အတိအကျ မပြောနိုင်သေးဘူးလို့ ပြောပါတယ်။
သေနတ်ဒဏ်ရာရသူကို တောင်ငူဆေးရုံကို ပို့ဆောင်ထားပြီး ဆေးရုံမှာ အသေးစိတ်စောင့်ကြည့်ကာ လိုအပ်တာတွေကို ဆောင်ရွက်နေပါတယ်လို့ သူကပြောသွားပါတယ်။
ဒေါ်ခင်မင်းဇော် သတင်းပေးပို့ထားပါတယ်။ ရိုက်ကူး မင်းထက်ကျော်(တောင်ငူ)
See More Video Here
https://www.facebook.com/photo.php?v=10151995291789618
by DVB News

0 comments:
Post a Comment
နည်းပညာနဲ့ ပတ်သတ်ပြီး သိလိုသည်များကို မေးခဲ့နိုင်ပါတယ်...နည်းပညာတိုင်းက ကျွန်တော် ရေးထားတာ မဟုတ်ပေမယ့်..ကျွန်တော် သိသလောက်ကို ဖြေပေးမှာပါ..သတင်းပို့စ်တွေနဲ့ ပတ်သတ်ပြီးလည်း..ကြိုက်သလို ဝေဖန်နိုင်ပါတယ်...