<div style='background-color: none transparent;'></div>

Tuesday, November 19, 2013

အလုပ်သမား ရှစ်သိန်းကို လူမှုဖူလုံရေး စမတ်ကတ်များ ထုတ်ပေးပြီ

ယခုနှစ်အတွင်း အလုပ်သမား ရှစ်သိန်းခန့်ကို လူမှုဖူလုံရေးစမတ်ကတ်များ ကိုင်ဆောင်နိုင်ရန် စတင် အ ကောင်အထည်ဖော်နေရာ လက်ရှိတွင် အလုပ်သမား ကိုးသောင်းကျော်အထိ ထုတ်ပေးပြီးဖြစ်သည်ဟု လူမှုဖူလုံရေးအဖွဲ့ရုံးချုပ်မှ ဦးစီးအရာရှိ ဦးအောင်ကိုဇော်က နိုဝင်ဘာ ၁၇ ရက်တွင် မဇ္ဈိမကို ပြောသည်။

မင်္ဂလာဒုံ၊ အင်းစိန်၊ ကမာရွက်၊ မရမ်းကုန်း၊ ရွှေပြည်သာ၊ သင်္ဃန်းကျွန်း၊ လှိုင်သာယာမြို့နယ်များ၌ လူမှုဖူ လုံရေးကတ်များ ထုတ်ပေးနိုင်ရန် လက်ဗွေရာများ၊ ဓာတ်ပုံရိုက်ယူခြင်းများကို ဆက်လက် ပြုလုပ်နေပြီး လာမည့်နှစ် ဖေဖော်ဝါရီလတွင် မြန်မာတစ်နိုင်ငံလုံး ထုတ်ပေးရန် မျှော်မှန်းထားသည်။

“ကတ်ထုတ်ပေးဖို့အတွက် လိုအပ်တာတွေကို နယ်မှာ အဖွဲ့လေးဖွဲ့၊ ရန်ကုန်မှာ တစ်ဖွဲ့၊ အာလုံး အဖွဲ့ငါး ဖွဲ့နဲ့တောင်းယူနေတယ်။ အဲဒါတွေကို ဒီဇင်ဘာလကုန်မှာ အကုန်လုံးရယူပြီးသွားချိန်မှာ ဇန်န၀ါရီမှာအပြီး ထုတ်ရမယ်”ဟု ဦးအောင်ကိုဇော်က ပြောသည်။

ယခင်က လူမှုဖူလုံရေးကတ်ကို သာမန်စက္ကူကတ်ဖြင့် ထုတ်ပေးခဲ့ပြီး ယခုအခါ ပလပ်စတစ်ကတ်ပြားဖြင့် ထုတ်ပေးခြင်းဖြင့် ရေစို၊ မိုးစိုခံနိုင်ပြီး ကြာရှည် အသုံးပြုနိုင်မည်ဖြစ်ခြင်း၊ ဥပဒေသစ်တွင် အကျိုးခံစားခွင့် များပြားလာမည်ဖြစ်ပြီး ယင်းကတ်ပြားဖြင့် အလုပ်လုပ်ခြင်းဖြင့် ကာယကံရှင်သည် အာမခံ အလုပ်သမား ဟုတ်မဟုတ် ထည့်ဝင်ကြေး မှန်ကန်စွာ ပေးသွင်းသွားခြင်း ရှိမရှိ ကတ်ပြားကို ဖတ်လိုက်သည်နှင့် မှန်မ မှန် အတည်ပြုနိုင်မည်ဖြစ်သည်။

“ဒီကတ်ပြားကို ကိုင်ဆောင်တဲ့ အလုပ်သမားက လူမှုဖူလုံရေး ဆေးရုံ၊ ဆေးခန်းတွေမှာ လူမှုဖူလုံရေး ကတ်ပြားကို ပြလိုက်ရုံနဲ့ ဘယ်ဆေးရုံ၊ ဆေးခန်းဖြစ်ဖြစ် ပြသပြီး ဆေးကုသမှုခံယူခွင့်ရှိတယ်။ အဲဒီစရိတ် တွေ ထုတ်ပေးမယ်”ဟု ဦးအောင်ကိုဇော်က ပြောသည်။

ယခင်ဥပဒေတွင် အလုပ်သမားများ၏ ထည့်ဝင်ကြေးများကို ပြန်လည် ထုတ်ယူခွင့်မရှိဘဲ ပြည်သူပိုင်အ ဖြစ် သတ်မှတ်ခဲ့ပြီး ယခုဥပဒေအသစ်တွင် ထည့်သွင်းထားသည့်ငွေသည် အလုပ်ဌာနပြောင်းလဲလုပ်ကိုင် သော်လည်း ဆက်လက် အကျုံးဝင်နေမည်ဖြစ်ပြီး ထည့်ဝင်ထားသည့်နှစ် ၁၀ နှစ်ပြည့်မြောက်ပါက ပြန် လည်ထုတ်ယူနိုင်မည်ဟု ပြဋ္ဌာန်းထားသည်။

၂၀၁၂ ခုနှစ် လူမှုဖူလုံရေး အက်ဥပဒေကို ကျင့်သုံး အကောင်အထည်ဖော်ရန်အတွက် နည်းဥပဒေကို လွှတ်တော်ကအတည်ပြုထားပြီး၂၀၁၄ ခုနှစ်တွင် ကျင့်သုံးမည်ဖြစ်သည်။၁၉၅၄ခုနှစ် ဥပဒေ(အဟောင်း) သတ်မှတ်ချက်အရ စီပွားရေးလုပ်ငန်း လုပ်ကိုင်နေသည့် အစိုးရ၀န်ထမ်းများလည်း အကျုံးဝင်သည်။


by mizzima

0 comments:

Post a Comment

နည်းပညာနဲ့ ပတ်သတ်ပြီး သိလိုသည်များကို မေးခဲ့နိုင်ပါတယ်...နည်းပညာတိုင်းက ကျွန်တော် ရေးထားတာ မဟုတ်ပေမယ့်..ကျွန်တော် သိသလောက်ကို ဖြေပေးမှာပါ..သတင်းပို့စ်တွေနဲ့ ပတ်သတ်ပြီးလည်း..ကြိုက်သလို ဝေဖန်နိုင်ပါတယ်...