မန်ယူတိုက်စစ်မှူး ရွန်နီက ကာဒစ်ဖ်နှင့်ပွဲစဉ်တွင် ပြိုင်ဘက်အသင်း
ကွင်းလယ်ဖန်တီးရှင် ဂျော်ဒန်မက်ကိုနောက်မှကန်ခဲ့ခြင်းမှာ မှားယွင်းသည့်လုပ်ရပ်ဖြစ်ကြောင်း
ဝန်ခံခဲ့သည်။ ရွန်နီမှာ ကာဒစ်ဖ်နှင့် (၂)ဂိုးစီ သရေကျခဲ့သည့်ပွဲစဉ်၏
ပွဲချိန်(၈)မိနစ်တွင် ဂျော်ဒန်မက်ကို ကန်ခဲ့သည့်အတွက် အ၀ါကတ်ပြသခံခဲ့ရပြီး
အဆိုပါပွဲစဉ်ကို ပြန်လည်ကြည့်ရှုချိန်၌ ဆိုးသွမ်းသည့်
ဖျက်ထုတ်မှုဖြစ်ခဲ့သည်ဟု ရွန်နီက ၀န်ခံခဲ့ခြင်းဖြစ်သည်။
သို့သော် ရွန်နီက အဆိုပါပွဲစဉ်ကို ကြေညာသည့် စကိုင်းစပေါ့ ရုပ်သံမှ အစီအစဉ်ကြေညာသူများမှာ မျှတခဲ့ခြင်းမရှိဟု ပြန်လည်ဝေဖန်လိုက်
သည်။ စကိုင်းစပေါ့ရုပ်သံမှ မာတင်တေလာနှင့် ဆောင်းနက်စ်တို့မှာ အဆိုပါပွဲ အစီအစဉ်ကြေညာနေချိန်တွင် ရွန်နီ၏လုပ်ရပ်ကို ထပ်ဖန်တလဲလဲ ပြောခဲ့ကြပြီး ဖယ်လိုင်နီ၏ မျက်နှာကို လက်ဖြင့်ရိုက်ခဲ့သည့် ကာဒစ်ဖ်ကွင်းလယ်လူ မီဒယ်၏လုပ်ရပ်ကို ဝေဖန်ခဲ့ခြင်းမရှိသည့်အတွက် ရွန်နီက တွစ်တာမှတစ်ဆင့် ယခုကဲ့သို့ တုံ့ပြန်ခဲ့ခြင်းဖြစ်သည်။ “ဒီပွဲ ဗီဒီယို ပြန်ကြည့်လိုက်တာနဲ့ကျွန်တော့်ရဲ့ ဘောလုံးဖျက်ထုတ်မှု တော်တော်ဆိုးခဲ့တယ်လို့ သဘောပေါက်ခဲ့ပါတယ်။ ဒိုင်ကလည်း ဒီအတွက် အရေးယူခဲ့ပါတယ်။ ဒါပေမဲ့ မာတင်တေလာကတော့ ဒီအဖြစ်အပျက်နဲ့ ပတ်သက်ပြီး ပြောတာမပြီးတော့ပါဘူး။ ဆောင်းနက်ကလည်း ပြိုင်ဘက်ကစားသမားကို ကန်ရင် ထုတ်ပယ်ခံရမယ်လို့ ပြောပြီး ဖယ်လိုင်နီရဲ့ မျက်နှာကို မီဒယ်လက်နဲ့ ရိုက်တာကျတော့ သူ့အလုပ်သူလုပ်တာလို့ ပြောခဲ့ပါတယ်။ တော်တော်ကို ရယ်ဖို့ကောင်းလွန်းပါတယ်”ဟု ရွန်နီက ဆိုခဲ့သည်။

by myawady

0 comments:
Post a Comment
နည်းပညာနဲ့ ပတ်သတ်ပြီး သိလိုသည်များကို မေးခဲ့နိုင်ပါတယ်...နည်းပညာတိုင်းက ကျွန်တော် ရေးထားတာ မဟုတ်ပေမယ့်..ကျွန်တော် သိသလောက်ကို ဖြေပေးမှာပါ..သတင်းပို့စ်တွေနဲ့ ပတ်သတ်ပြီးလည်း..ကြိုက်သလို ဝေဖန်နိုင်ပါတယ်...