သို့ ကောင်မလေး...
ငါမင်းကို...
ခဏတဖြုတ်အမှားကြောင့်
တစ်ခါမုန်းဖို့ ကြိုးစားခဲ့ဖူးတယ်နော်...
ဘယ်တော့ဖြစ်ဖြစ်...
ငါမင်းကို...
တစ်ခါ မုန်းမယ်လုပ်တိုင်း
မင်းအပြုံးကို မြင်လိုက်ရုံ
မင်းအသံလေးကြားလိုက်ရုံ
ခဏလေးးအတွင်းမှာပဲ...
အဆတစ်ရာလောက်...
ပိုချစ်သွားမိတယ်ကွာ...
တကယ်ပါ...
မင်းအပြုံးလေးတစ်ပွင့်သာ
ငါ့အတွက်အားဆေးတစ်ခွက်ပါ
တကယ်ပါ
မင်းသာလျှင် ငါဘ၀ရဲ့
အလုံခြုံဆုံးအနွေးထည်တစ်ခုပါ
တကယ်ပါ
ငါမင်းကို ငါ့ဘ၀နှင့်ရင်းပြီး
ချစ်ရဲတယ်တယ်ဆိုတာ
လောင်းကြေးထပ်ရဲပါတယ်ကွာ
နေမထိ
Sunday, November 17, 2013
လောင်းကြေး
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment
နည်းပညာနဲ့ ပတ်သတ်ပြီး သိလိုသည်များကို မေးခဲ့နိုင်ပါတယ်...နည်းပညာတိုင်းက ကျွန်တော် ရေးထားတာ မဟုတ်ပေမယ့်..ကျွန်တော် သိသလောက်ကို ဖြေပေးမှာပါ..သတင်းပို့စ်တွေနဲ့ ပတ်သတ်ပြီးလည်း..ကြိုက်သလို ဝေဖန်နိုင်ပါတယ်...