<div style='background-color: none transparent;'></div>

Sunday, November 24, 2013

အသက်ဆက်တေး

ငါမလိမ်ပါဘူး...
နင့်ကိုချစ်တယ်ဆိုတာ
ယုံပေးမလား...

ငါမညာပါဘူး...
နင့်ကိုလွမ်းတယ်ဆိုတာ
ယုံပေးမလား...

နင်မလိမ်ပါနှင့်...
ငါ့ကိုမချစ်ဘူးဆိုရင်

နင်မညာပါနှင့်
ငါ့ကိုမုန်းတယ်ဆိုရင်

ငါသိပါတယ်...
နင်သတ်မှတ်တဲ့အချစ်က
ငါ့အတွက်မပာုတ်ဘူးဆိုတာ

ငါမြင်ပါတယ်..
နင်ပေးနိုင်တဲ့အချစ်က
ငါ မပာုတ်ဘူးဆိုတာ

ဒါကြောင့်...မင်းကို
ငါချစ်ပါတယ် ငါလွမ်းပါတယ်
ဆိုရုံ ဘယ်တတ်နိုင်မှာလဲ

မွေးရာပါချမ်းသာခြင်းဆိုလို့
မင်းအပေါ်မြတ်နိုးတဲ့စိတ်လေးသာ
ငါ့ရဲ့အသက်ဆက်တေးတစ်ပုဒ်ပါကွာ...

နေမထိ(ရှိုင်းမင်း)

0 comments:

Post a Comment

နည်းပညာနဲ့ ပတ်သတ်ပြီး သိလိုသည်များကို မေးခဲ့နိုင်ပါတယ်...နည်းပညာတိုင်းက ကျွန်တော် ရေးထားတာ မဟုတ်ပေမယ့်..ကျွန်တော် သိသလောက်ကို ဖြေပေးမှာပါ..သတင်းပို့စ်တွေနဲ့ ပတ်သတ်ပြီးလည်း..ကြိုက်သလို ဝေဖန်နိုင်ပါတယ်...