နိုဝင်ဘာ ၄ ရက် နံနက် ၁၂ နာရီဝန်းကျင်က မန္တလေး အပြည်ပြည်ဆိုင်ရာ လေဆိပ်ရှိ
ထူးကုမ္ပဏီပိုင် Escape Cafe & Bar စားသောက်ဆိုင်မှတစ်ဆင့်
မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့ရာ ပျက်စီးဆုံးရှုံးသွားခဲ့သော မန္တလေး
အပြည်ပြည်ဆိုင်ရာ လေဆိပ် မျက်နှာကြက်နှင့် ကျန်အစိတ်အပိုင်းများကို
ယင်းကုမ္ပဏီမှပင် ငွေကြေး အကုန်အကျခံကာ ပြန်လည် ပြုပြင်ပေးသွားမည်
ဖြစ်ကြောင်း သိရသည်။
"ကျွန်တော်သိတာကတော့ အဲဒီကော်ဖီဆိုင်ကပဲ
ပြန်လည် ပြုပြင်ပေးမယ်လို့ သိရတယ်။ ကော်ဖီဆိုင်ရဲ့ နောက်ကပိုင်ရှင် ဘယ်သူ၊
ဘယ်ဝါ ဆိုတာကတော့ မသိဘူး။ ဒါပေမဲ့ ပျက်စီးသွားတဲ့ လေဆိပ်ရဲ့ အစိတ်
အပိုင်းတွေကို ပြုပြင်ပေးသွားပါ့မယ်လို့တော့ ပြောသွားပါတယ်"ဟု မန္တလေး
အပြည်ပြည်ဆိုင်ရာ လေဆိပ်မှ အထွေထွေ မန်နေဂျာ ဦးစိုးလွင်က The Daily Eleven
သတင်းစာသို့ ပြောကြားသည်။
လေဆိပ်၏ ပျက်စီးဆုံးရှုံးမှု တန်ဖိုးကိုမူ
လက်ရှိအချိန်၌ ခုံရုံးဖွဲ့ စစ်ဆေးနေပြီး ဆုံးရှုံးမှုတန်ဖိုးနှင့်
မီးလောင်မှု၌ တာဝန်အရှိဆုံးသူ ဆိုသည့်အချက်များကို အစီရင်ခံစာ
တစ်စောင်ရေးသားပြီး ပို့ဆောင်ရေး ၀န်ကြီးဌာနသို့ ပေးပို့သွားမည်
ဖြစ်ကြောင်း ၎င်းထံမှ သိရသည်။
by weeklyeleven
Wednesday, November 13, 2013
မီးလောင်ပျက်စီးခဲ့သော မန္တလေးလေဆိပ်အား ထူးကုမ္ပဏီမှ ပြန်လည် ပြုပြင်ပေးမည်
Subscribe to:
Post Comments (Atom)










0 comments:
Post a Comment
နည်းပညာနဲ့ ပတ်သတ်ပြီး သိလိုသည်များကို မေးခဲ့နိုင်ပါတယ်...နည်းပညာတိုင်းက ကျွန်တော် ရေးထားတာ မဟုတ်ပေမယ့်..ကျွန်တော် သိသလောက်ကို ဖြေပေးမှာပါ..သတင်းပို့စ်တွေနဲ့ ပတ်သတ်ပြီးလည်း..ကြိုက်သလို ဝေဖန်နိုင်ပါတယ်...