မကွေးတိုင်း သရက်ခရိုင် မင်းလှမြို့နယ် အနောက်ဘက် မိုင်
၃၀ခန့်အကွာတွင်ရှိသည့် စိန်တံခွန်ကုမ္ပဏီ၏ ရေနံလုပ်ကွက်အတွင်း နိုဝင်ဘာ ၁၀
ရက် ညပိုင်းက ရေနံများလျှံ၊ ဂက်စ်ကန်ထွက်ကာ ပေါက်ကွဲ မီးလောင်ရာမှ
အလုပ်သမားတစ်ဦး သေဆုံးကာ၊ ရှစ်ဦးဒဏ်ရာရရှိသွားသည်။
မီးတောက်မှာ လုံးပတ် ၁၀ ပေခန့်၊ အမြင့်၂၅ ပေအထိမြင့်တက်ပြီး အခြားဘေးရှိ မိုးကာဖြင့်
ရေနံလှောင် ကန်များပါ ကူးစက်လောင်ကျွမ်းခဲ့ရာ မကွေးတိုင်း
မီးသတ်ဦးစီးမှူး ဦးအောင်ဝင်းစိန်နှင့် မင်းလှမြို့၊ မင်း ဘူးမြို့၊
မကွေးမြို့များမှ မီးသတ်ကားခြောက်စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင် ၁၈ ဦး၊
အရန်တပ်ဖွဲ့ဝင် ၁၅ဦး၊ ကျေးရွာသူ ကျေးရွာသားများ ၀ိုင်းဝန်း
ငြှိမ်းသတ်ခဲ့ရသည်ဟု မီးသတ်တိုင်းဦးစီးမှူး ဦးအောင်ဝင်းစိန်က ပြောသည်။
“မီးလောင်တာက ရေနံကိုလောင်တာနဲ့ ဂက်စ်မီးတောက်ကိုလောင်နေတာ နှစ်ခုဖြစ်တော့
မီးသတ်ဆေး နှစ်မျိုးကို အလှည့်ကျ သုံးရပါတယ်။ မီးတောက်ထဲကို
မီးကာဝတ်စုံနဲ့ ရဲဘော်တွေဝင်ပြီး ဂက်စ်ကန်ထွက် နေတဲ့ရေနံတွင်းကို
သစ်သားအဆို့လုပ်ပြီး ရိုက်ထည့်ရတယ်”ဟု ပြောသည်။
မီးလောင်မှုကို
ရေဂါလံ ၈၀၀၀၊ မီးသတ်ဆေးဘူး ၂၅ ဗူး၊ မီးသတ်အမြုပ်ဆေးရေ ၈၅ ဂါလံ၊ ဓာတုပေါင်ဒါ
မှုန့်မီးသတ်ဆေး ၂၅ ဘူးတို့ဖြင့် ငြှိမ်းသတ်ခဲ့ရသည်။ မီးလောင်မှုသည်
နိုဝင်ဘာ ၁၀ ရက် ည ၁၀ နာရီက စတင်ခဲ့ရာ နိုဝင်ဘာ ၁၁ ရက် နေ့လယ်ပိုင်းမှသာ
ငြှိမ်းသတ်နိုင်ခဲ့သည်။
မီးလောင်မှုကြောင့် ရေနံတွင်းတူးစင်တစ်ခု၊
တွင်းတူးကလပ်ခုံ စက်တစ်စုံ (ကာလတန်ဘိုး ၃၅ သိန်းခန့်) ဆုံးရှုံးခဲ့သည်။
ရေနံတွင်းပိုင်ရှင် ဦးကျော်ဝင်းကို မင်းလှမြို့မရဲစခန်းတွင် (ပ)၆၂/၂၀၁၃
ပုဒ်မ ၂၈၅/၃၃၇/ ၃၃၈/၃၀၄(က)ဖြင့် အရေးယူ ဆောင်ရွက်ထားသည်။
Mizzima - News in Burmese
Thursday, November 14, 2013
မင်းလှရေနံမှော် မီးလောင် တစ်ဦးသေ၊ ရှစ်ဦးဒဏ်ရာရ
Subscribe to:
Post Comments (Atom)










0 comments:
Post a Comment
နည်းပညာနဲ့ ပတ်သတ်ပြီး သိလိုသည်များကို မေးခဲ့နိုင်ပါတယ်...နည်းပညာတိုင်းက ကျွန်တော် ရေးထားတာ မဟုတ်ပေမယ့်..ကျွန်တော် သိသလောက်ကို ဖြေပေးမှာပါ..သတင်းပို့စ်တွေနဲ့ ပတ်သတ်ပြီးလည်း..ကြိုက်သလို ဝေဖန်နိုင်ပါတယ်...