မင်္ဂလာညချမ်းလေးဖြစ်ပါစေလို့ဆုတောင်းပေးလိုက်ပါတယ် … အားလုံးသိချင်နေကြတဲ့
Step2 လေးလာပါပြီဗျာ … ကျနော့်ဖုန်းမှာတော့ Step2 ကြောင့်လားမသိဘူး …
ကော်နက်ရှင်က ဖလန်ဖလန်းထနေပါပြီ … ဖုန်းအစုံမစမ်းရသေးတဲ့အတွက်
ကြိုပြီးတောင်းပန်အပ်ပါတယ် … ကျနော့်အနေနဲ့ ကျနော်က
ဖုန်းဆိုင်ပိုင်ရှင်လဲမဟုတ် ဖုန်းတွေလဲအများကြီးမကိုင်နိုင်ဆိုတော့
ကျနော့်မှာရှိတဲ့ ဖုန်း အမျိုးအစား ၃ မျိုးနဲ့ပဲစမ်းသပ်ရတာမို့လို့ပါ …
ဖော်ပြထားချက်တွေအရတော့ Android ဖုန်းတွေအားလုံးအတွက်လို့တော့
ပြောထားတာတေတွေ့ရပါတယ် … မိမိအသုံးပြုမဲ့ဖုန်းတွေမှာ ဖြစ်လာတဲ့ပြသာနာတွေကို
ကျနော်အတက်နိုင်ဆုံးဖြေရှင်းပေးပါ့မယ် … (လုပ်အားနဲ့နော် …
) အကောင်းဆုံးဖြေရှင်း ပေးပါ့မယ် … ကျနော်ဖုန်းအကုန်လုံးကို အင်တာနက်
ကော်နက်ရှင် အကောင်းဆုံးအနေအထားကို ရစေချင်တဲ့အတွက် ဝေမျှရခြင်းပဲဖြစ်ပါတယ်
… ကဲစလိုက်ရအောင်ဗျာ … သိချင်နေလောက်ပြီ …
၁။ ပထမဦးစွာ မိမိဖုန်းရဲ့ setting ထဲက Advanced setting ထဲကိုဝင်ရပါမယ်
… တချို့ဖုန်းတွေကတော့ Display ထဲကိုဝင်ရပါမယ် … Advanced setting
ထဲဝင်တဲ့ဖုန်းတွေက Animator duration scale ကို Click တစ်ချက်ပေးပြီး
Animation is off ကိုထားပေးရပါမယ် … Display ထဲဝင်တဲ့ ဖုန်းတွေကတော့
Animation ထဲဝင်ပြီး No Animation ကိုရွေးပေးပြီး Home screen
ရောက်အောင်ပြန်ထွက်ထားရပါမယ် …
၂။ မိမိဖုန်းမှာ မူရင်းပါလာတဲ့ Internet Brower တစ်ခုကိုဖွင့်ရပါမယ် …
ဖွင့်ပြီးပြီဆိုရင်တော့ Menu key ကိုနှိပ်ပြီး setting ထဲဝင်ရပါမယ် …
တချို့ဖုန်းတွေက Advanced ထဲဆက်ဝင်ပြီး Enable plug-ins ကို Click
တစ်ချက်ပေးပြီး Enable plug-ins ကို Off ပေးရပါမယ် … တချို့ဖုန်းတွေကကြတော့
Internet Brower ထဲက Setting ထဲဝင်ပြီးတာနဲ့ Enable plug-ins ကို
တိုက်ရိုက်တွေ့နိုင်ပါတယ် … သူ့ကိုလဲ Off ပေးရပါမယ် … ပြီးပြီ ဆိုရင်တော့
Home screen ကိုပြန်သွားထားပေးပါ …
၃ ။ ကျနော်တို့ တတိယ ပြုလုပ်ရမဲ့အချက်ကတော့ မိမိတို့ဖုန်းတွေမှာ
Animation Wallpaper twae တင်ထားလားဆိုတာ သတိပြုပါ … အင်တာနက် ကော်နက်ရှင်
မြန်ချင်ရင်တော့ Animation Wallpaper တွေ တင်မထားဖို့ကို
တားမြစ်ထားတာတွေ့ရပါတယ် … သူငယ်ချင်းတို့ရဲ့ Backgound တွေကို
သေချာပြန်စစ်ကြည့်ပြီး ပြုပြင်ပေးပါ … Animation မပါတဲ့ Background
မျိုးကိုရွေးတင်ထားပေးပါ … ပြီးရင် Home screen ကိုပြန်သွားထားပေးပါ …
၎။ Setting က Application manager ကိုသွားရပါမယ် … တချို့ဖုန်းတွေကတော့
Application ထဲဝင်ပြီး Manage application ထဲဝင်ထားပေးရမှာဖြစ်ပါတယ် …
အဲ့မှာ Download ဆိုတဲ့ tab မှာ Application အရမ်းများနေမယ်ဆိုရင်လဲ
အင်တာနက်ကလေးနေတက်ပါတယ် .. ကိုယ်တစ်ကယ် အသုံးလိုတဲ့ App တွေ လောက်ပဲထားပြီး
… မလိုတာတွေကို Uninstall လုပ်ပြစ်စေချင်ပါတယ် … ဖြစ်နိုင်ရင်တော့ Basic
Application တွေလုပ်ပဲထားတာ အကောင်းဆုံးလို့ဆိုပါတယ် …
၅။ Uninstall လုပ်ပြီးပြီဆိုရင်တော့ Home key ဘေးမှ Back ကို နှိပ်ပြီး
Setting ထဲကိုပြန်သွားပေးပါ … Setting ထဲရောက်ပြီဆိုရင်တော့ Add account
ထဲကိုသွားပါ … တချို့ဖုန်းတွေကတော့ Account and sync လို့ဖော်ပြပါတယ် … ကဲ …
အဲ့ Add account/ Account and sync ထဲကို သွားပေးပါ … အဲ့ထဲမှာရှိတဲ့
ကိုမလိုအပ်တဲ့ အကောင့်တွေကို Sync တွေ လုပ်ထားခဲ့တယ်ဆိုရင်ပိတ်ပြစ်ပါ …
ပိတ်လို့မရရင် remove account လုပ်ပြစ်လိုက်ပါ လိုအပ်တာ အနည်းအကျဉ်းလောက်ပဲ
ထားခဲ့လိုက်ပါ ….
အာလုံးပြီးသွားရင်တော့ ဖုန်းကို Restart ချလိုက်ပါ …
ဖုန်းလေးပြန်တက်လာရင်တော့ အင်တာနက်ဖွင့်တဲ့ bottom လေးကို
နှိပ်ချင်နေလောက်ပြီ … ကျေးဇူးအထူးတင်ပါတယ် … ဖော်ပြပါ အချက်များကို
ဆောင်ရွက်ရာမှာ သတိပြုဆောင်ရွက်သင့်ပါတယ် … ဒါဆိုရင်တော့ အင်တာနက်ပိုင်းရော
ဖုန်းပိုင်းရော ၂ ခုလုံးကို ပြင်ဆင်ပြီးသည့်အတွက် ပြုပြင်မှု ပြီးဆုံးပါပြီ
… အင်တာနက်လိုင်းက Step 1 ပြင်ထားတာနဲ့ သိသိသာသာ
ကြီးကွာခြားမှုကိုတော့တွေ့မြင်ရမှာမဟုတ်ပါဘူး … ဒါပေမဲ့ ရသင့်တဲ့ အင်တာနက်
မြန်နှုန်းကို သူငယ်ချင်းများ ရလိုက်တဲ့အတွက် ဂုဏ်ယူစရာပါ …
ကျနော့ဖုန်းကတော့ Step1 နဲ့ Step2 ပေါင်းပြီး ဘယ်ချိန် Download လုပ်လုပ်
၂၅၀ နဲ့ ၂၇၀ ကြားမှာရှိနေပါပြီ … အရမ်းမခတ်တဲ့အတွက်ကြောင့်
သူငယ်ချင်းများအားလုံး အဆင်ပြေဖို့ဆုတောင်းပေးလိုက်ပါတယ် …
ပို့စ်ရေးသားသူ- Vi Cky
Saturday, November 23, 2013
ဖုန်း IN T E R N E T S P E E D ကိုမြန်အောင်လုပ်နည်း(Step by step Tutorial)
Subscribe to:
Post Comments (Atom)










0 comments:
Post a Comment
နည်းပညာနဲ့ ပတ်သတ်ပြီး သိလိုသည်များကို မေးခဲ့နိုင်ပါတယ်...နည်းပညာတိုင်းက ကျွန်တော် ရေးထားတာ မဟုတ်ပေမယ့်..ကျွန်တော် သိသလောက်ကို ဖြေပေးမှာပါ..သတင်းပို့စ်တွေနဲ့ ပတ်သတ်ပြီးလည်း..ကြိုက်သလို ဝေဖန်နိုင်ပါတယ်...