ရန်ကုန်မြို့လယ်ရှိ ဆူးလေ ဘုရားလမ်း ကုန်သည်ကြီးများ ဟိုတယ်တွင်
အောက်တိုဘာလ အတွင်းက ဖြစ်ပွားခဲ့သော ဗုံးပေါက်ကွဲမှု၏ အဓိက တရားခံဟုဆိုသူ
ကရင်အမျိုးသား အစည်းအရုံး (KNU) တပ်မဟာ (၅) မှ ဒုတပ်ရင်းမှူး အဆင့်ရှိ
စောနေတိုးကို KNU ဗဟိုက တရားခံပြေးအဖြစ် ကြေညာခဲ့ကြောင်း အဆိုပါ အစည်းအရုံး
ဗုံးပေါက်ကွဲမှု စုံစမ်းလေ့လာ ဖော်ထုတ်ရေး
ကော်မတီ အဖွဲ့ခေါင်းဆောင် ကာကွယ်ရေးဝန်ကြီး ဖဒိုစောရော်ဂျာခင်က ဒီဇင်ဘာလ
၁၆ ရက် နံနက် ၉ နာရီခွဲအချိန်တွင် The Voice သို့ ပြောကြားသည်။
“စောနေတိုးက KNU တပ်မဟာ (၅) လက်အောက်ခံ ဖာပွန်ခရိုင် နယ်မြေထဲမှာ
ရှိနေပါတယ်။ လာအဖမ်းခံဖို့ အမိန့် ထုတ်ထားပေမယ့် လက်ရှိမှာ သူကပြေးနေပါတယ်။
ဒါကြောင့် တရားခံပြေးအဖြစ် ကြေညာပြီး တွေ့တဲ့နေရာမှာ ဖမ်းဆီးထားဖို့ကရင်
အမျိုးသား အစည်းအရုံးဗဟိုက အမိန့် ထုတ်ထားပါတယ်” ဟု ၎င်းကဆက်လက် ပြောကြားသည်။
ကုန်သည်ကြီးများ ဟိုတယ် ဗုံးပေါက်ကွဲမှုတွင် သံသယရှိသူ ဖာပွန်ခရိုင် သူမွဲထ
ကျေးရွာနေ အသက် ၂၆ နှစ်အရွယ် စောမြင့်လွင်ကို အောက်တိုဘာ ၁၅ ရက်နေ့တွင်
သထုံခရိုင် ဘီးလင်းမြို့နယ် နတ်ကြီး ကျေးရွာ ကားလမ်းမပေါ်တွင် လက်ရ
ဖမ်းဆီးမိခဲ့ပြီး နောက်ကွယ်မှ အဓိက ကြိုးကိုင်သူဟု ယူဆရသည့် စောနေတိုးကိုမူ
ယခုအချိန်အထိ ဖမ်းဆီးရရှိခြင်း မရှိသေးဟု ရန်ကုန်မြို့တွင် ပြုလုပ်ခဲ့သည့်
ဗုံးပေါက်ကွဲမှုများအတွက် သတင်းစာရှင်းလင်းပွဲတွင် ထုတ်ပြန်ခဲ့သည်။
ယခုနှစ် အောက်တိုဘာလအတွင်း မြန်မာနိုင်ငံ နေရာအနှံ့အပြား၌
ဗုံးပေါက်ကွဲမှုများ ဖြစ်ပေါ်ခဲ့မှုတွင် ပါဝင် ပတ်သက် နေသူများကို
ဖမ်းဆီးနိုင်ရေးအတွက် ကရင် အမျိုးသား အစည်းအရုံးက ပူးပေါင်း ပါဝင်ရန်
တာဝန်ရှိသူများနှင့် ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေး ဖော်ဆောင်ရေးအဖွဲ့
ဒုဥက္ကဋ္ဌ ဦးအောင်မင်းတို့ နိုဝင်ဘာလ ပထမပတ်တွင် တွေ့ဆုံ ညှိနှိုင်း
သဘောတူညီခဲ့ကြကြောင်း ကရင် အမျိုးသား အစည်းအရုံး ဗဟိုမှ ကာကွယ်ရေးဝန်ကြီး
ဖြစ်သူ ဖဒိုစောရောဂျာခင်က ပြောကြားသည်။
ရန်ကုန်မြို့
ဆူးလေဘုရားလမ်း ကုန်သည်ကြီးများ ဟိုတယ် အခန်းအမှတ် ၉၂၁ တွင် အောက်တိုဘာ ၁၃
ရက်နေ့ည ၁၁ နာရီမိနစ်၂၀ တွင် ဖြစ်ပွားခဲ့သည့် ဗုံးပေါက်ကွဲမှု၌ အသက် ၄၃
နှစ်အရွယ်ရှိ အမေရိကန် နိုင်ငံသူတစ်ဦး ဒဏ်ရာရရှိခဲ့ပြီး
ပြစ်မှုကျူးလွန်သူဟု ယူဆရသော စောမြင့်လွင်ကို အောက်တိုဘာ ၁၅ ရက်နေ့ နံနက်က
သထုံခရိုင် ဘီးလင်းမြို့နယ် နတ်ကြီးကျေးရွာ ကားလမ်းပေါ်တွင် ဖမ်းဆီး
ရရှိခဲ့ကြောင်း သထုံခရိင် ရဲတပ်ဖွဲ့မှူးရုံး၏ ထုတ်ပြန်ချက်များအရ
စုံစမ်းသိရှိရသည်။
မြန်မာနိုင်ငံ မြို့ကြီးအချို့တွင် အောက်တိုဘာလ
၉ ရက်နေ့မှ ၁၅ ရက်နေ့အထိ ခုနစ်ရက်တာ ကာလအတွင်း ဗုံးတွေ့ရှိမှု လေးကြိမ်၊
ဗုံးလန့်မှု ၁၀ ကြိမ်၊ ဗုံးပေါက်ကွဲမှု ခြောက်ကြိမ် ဖြစ်ပွားခဲ့ရာ လူသုံးဦး
သေဆုံးကာ လေးဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ထံမှ
သိရှိရသည်။
ဇေယျာကို (တောင်ငူ)
Sunday, December 22, 2013
ဟိုတယ် ဗုံးပေါက်ကွဲမှု အဓိကတရားခံ စောနေတိုး တရားခံပြေး အဖြစ် ကြေညာ
Subscribe to:
Post Comments (Atom)










0 comments:
Post a Comment
နည်းပညာနဲ့ ပတ်သတ်ပြီး သိလိုသည်များကို မေးခဲ့နိုင်ပါတယ်...နည်းပညာတိုင်းက ကျွန်တော် ရေးထားတာ မဟုတ်ပေမယ့်..ကျွန်တော် သိသလောက်ကို ဖြေပေးမှာပါ..သတင်းပို့စ်တွေနဲ့ ပတ်သတ်ပြီးလည်း..ကြိုက်သလို ဝေဖန်နိုင်ပါတယ်...