မန္တလေးတိုင်းဒေသကြီး သပိတ်ကျင်းမြို့နယ် စမ္ပာယ်ရဂိုရ်ကျေးရွာ ဘုန်းကြီးကျောင်းအတွင်း ပူဇော် ကိုးကွယ် ထားသော ရှေးဟောင်း ဘုရားဆင်းတုတော်များ ပျောက်ဆုံးကြောင်းသိရသည်။
အဆိုပါ ဆင်းတိုတော်များကို စမ္ပာယ်ရဂိုရ်ကျေးရွာ ရွာဦးဘုန်းကြီး ကျောင်းအတွင်း ထားရှိရာမှ ဥာဏ်တော် ၂၀ လက်မ၊ ပဉ္စလာဟာဆင်းတု တော်တစ်ဆူ၊ ၁၈ လက်မရှိ ကျွန်းသား ဆင်းတုတော်တစ်ဆူ၊ ၁၀ လက်မရှိ ကြေးဆင်းတုတော်တစ်ဆူ စုစုပေါင်း သုံးဆူကို နိုဝင်ဘာ ၂၈ ရက်က ပျောက်ဆုံးသွားကြောင်း၊ ဆင်းတု တော်များမှာ နိုဝင်ဘာ ၁၁ ရက်က မြေငလျင်လှုပ်ခဲ့ခြင်းကြောင့် ပြိုကျခဲ့ပြီး ဘုရားစေတီ အတွင်းမှ ရရှိခဲ့သော ဌာပနာများ ဖြစ်ပြီး ရှေးဟောင်းသုတေသန အဖွဲ့ငယ် လေ့လာတွေ့ရှိမှု မှတ်တမ်းများအရ ရှေးဟောင်း ဘုရား ဆင်းတုတော်များ ဖြစ်ကြောင်း သိရသည်။
MOI Webportal Myanmar











0 comments:
Post a Comment
နည်းပညာနဲ့ ပတ်သတ်ပြီး သိလိုသည်များကို မေးခဲ့နိုင်ပါတယ်...နည်းပညာတိုင်းက ကျွန်တော် ရေးထားတာ မဟုတ်ပေမယ့်..ကျွန်တော် သိသလောက်ကို ဖြေပေးမှာပါ..သတင်းပို့စ်တွေနဲ့ ပတ်သတ်ပြီးလည်း..ကြိုက်သလို ဝေဖန်နိုင်ပါတယ်...