ရခိုင်ပြည်နယ် သံတွဲမြို့တွင် ဖြစ်ပွားခဲ့သော ပဋိပက္ခနှင့် ဆက်စပ်ပြီး
ဖမ်းဆီးခံထားရသူများအနက် RNDP ပါတီမှ မြို့နယ်ဥက္ကဋ္ဌ ဦးစောလှိုင် အပါအ၀င်
ရခိုင်တိုင်းရင်းသား ကိုးဦးကို ဒီဇင်ဘာ ၃ ရက်က သံတွဲမြို့နယ် တရားရုံးမှ
အာမခံရရှိကာ အချုပ်မှ လွတ်မြောက်ခွင့် ရရှိခဲ့ကြောင်း သိရသည်။
ယင်းနှင့် ပတ်သက်ပြီး ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ အတွင်းရေးမှူး
ဦးမောင်ဖြူက " ၃ ရက်က မြို့နယ်တရားရုံးက အာမခံပေးလိုက်တာ ဖြစ်ပါတယ်။
ကျွန်တော်တို့အနေနဲ့ကတော့ ဘာမှမပြောလိုဘူး။ သူတို့က တရားဥပဒေတွေနဲ့အညီ
ဖမ်းတယ်လို့ ပြောတာကို ကျွန်တော်တို့ ဖြစ်ချင်တဲ့ဆန္ဒကို ပြောရင်လည်း
လုပ်ပေးမှာ မဟုတ်တဲ့အတွက် မပြောလိုပါဘူး။ မြန်မြန်ဆန်ဆန်နဲ့
ပြီးသွားရင်တော့ ကောင်းတာပေါ့ဗျာ"ဟု ပြောကြားသည်။
အဆိုပါ
ဖြစ်စဉ်နှင့် ပတ်သက်ပြီး သံတွဲမြို့နယ်အတွင်း ဖမ်းဆီးခံထားရသူ ၁၀၀
ကျော်ရှိကြောင်းနှင့် ထိုသို့ ဖမ်းဆီးခံထားရသူများထဲတွင်
နှစ်ဖက်လူမျိုးများ ပါဝင်ကြောင်းလည်း သိရသည်။ ယခုအာမခံရရှိရာတွင် ၁၁ ဦး
ပါဝင်ကြောင်း၊ ဥပဒေပုဒ်မ ၁၈၆ ၀တ္တရားနှောင့်ယှက်မှု၊ ၅၀၅(ဂ) ဆူပူအောင်
လှုံ့ဆော်မူများဖြင့် တရားစွဲဆိုထားခြင်းဖြစ်ပြီး ကိုးဦးမှာ အချုပ်မှ
လွတ်မြောက်သော်လည်း နှစ်ဦးမှာ အာမခံရသည့်တိုင် အချုပ်မှ
မလွတ်သေးကြောင်းလည်း သိရသည်။ လက်ရှိအနေအထားတွင် ရခိုင်ပြည်နယ်အတွင်း
တည်ငြိမ်အေးချမ်းမှုများ ရှိနေသကဲ့သို့ သံတွဲမြို့နယ် အတွင်းတွင်လည်း
တည်ငြိမ်မှုများရှိနေပြီ ဖြစ်ကြောင်း သိရသည်။ ယင်းသို့
တည်ငြိမ်မှုများကြောင့် ဖမ်းဆီးခံထားရသူများအား စိစစ်ကာ အာမခံချက်
ပေးသင့်သူများကိုလည်း ပေးနေပြီ ဖြစ်ကြောင်းလည်း သိရသည်။ ဖမ်းဆီးခံထားရသူ
အချို့အား ချုပ်နှောင်ထားသော ချုပ်ရက်မှာ သုံးလနီးပါး ရှိနေပြီဖြစ်ကြောင်း
သိရသည်။
by weeklyeleven
Thursday, December 5, 2013
သံတွဲပဋိပက္ခနှင့် ဆက်စပ်၍ ဖမ်းဆီးခံရသူ ကိုးဦး ထပ်မံအာမခံရရှိ
Subscribe to:
Post Comments (Atom)










0 comments:
Post a Comment
နည်းပညာနဲ့ ပတ်သတ်ပြီး သိလိုသည်များကို မေးခဲ့နိုင်ပါတယ်...နည်းပညာတိုင်းက ကျွန်တော် ရေးထားတာ မဟုတ်ပေမယ့်..ကျွန်တော် သိသလောက်ကို ဖြေပေးမှာပါ..သတင်းပို့စ်တွေနဲ့ ပတ်သတ်ပြီးလည်း..ကြိုက်သလို ဝေဖန်နိုင်ပါတယ်...