<div style='background-color: none transparent;'></div>

Friday, December 20, 2013

ပရိသတ်အပေါ် မလျော်မကန် ပြုမူခဲ့သည့်အတွက် ဝီလ်ရှိုင်းယား (၂)ပွဲပယ်ခံရ

ပရိသတ်ကို မလျော်မကန် ကိုယ်လက်အမူအယာ ပြသမှုဖြင့် အာဆင်နယ် ကွင်းလယ်လူ ဂျက်ဝီလ်ရှိုင်းယားကို FAက (၂)ပွဲပယ် ပြစ်ဒဏ် ချမှတ်လိုက်ပြီ ဖြစ်သည်။

မန်ချက်စတာ စီးတီးကို အရေးနိမ့်သော ပရီးမီးယားလိဂ် ပွဲစဉ်တွင် အသက်(၂၁)နှစ်ရှိ အင်္ဂလန် လက်ရွေးစင်က အစ်တီဟတ် အိမ်ကွင်း ပရိသတ်အား လက်ခလယ် ထောင်ပြခဲ့ခြင်းအပေါ် FAက ယခုလို အရေးယူခဲ့ခြင်း ဖြစ်သည်။ ကြာသပတေးနေ့တွင် ဝီလ်ရှိုင်းယား၏ လုပ်ရပ်နှင့် စပ်လျဉ်းပြီး လွတ်လပ်သော ကော်မရှင်တစ်ရပ် ဖွဲ့စည်းကာ စစ်ဆေးခဲ့ပြီးနောက် ပြင်းထန်သည်ဟု ဆိုရမည့် (၂)ပွဲပယ် ပြစ်ဒဏ်ကို ချမှတ်လိုက်ခြင်း ဖြစ်သည်။ ဒိုင်လူကြီး မာတင် အက်ကင်ဆန် အနေဖြင့် အဆိုပါ ဖြစ်ရပ်ကို မမြင်တွေ့ခဲ့သော်လည်း FAက ဓာတ်ပုံမှတ်တမ်းများကို ပြန်လည်ကြည့်ရှုကာ အရေးယူရန် ဆုံးဖြတ်ခဲ့သည်။

ဝီလ်ရှိုင်းယားကို (၃)ဦးပါ လွတ်လပ်သော ကော်မရှင် တစ်ရပ်က စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ပြီးနောက် (၂)ပွဲပယ် ပြစ်ဒဏ်ကို အတည်ပြု ကြေညာသည်။ အာဆင်နယ်သည် ယင်းပြစ်ဒဏ်ကို အယူခံ ဝင်ခဲ့သေးသော်လည်း FAက ပယ်ချသွားခဲ့သည်။ ထို့ကြောင့် ဝီလ်ရှိုင်းယားသည် တနင်္လာနေ့ညတွင် ကစားမည့် ချယ်လ်ဆီးနှင့်ပွဲစဉ်၊ Boxing Dayတွင် ကစားမည့် ဝက်စ်ဟမ်းနှင့် ပွဲစဉ်တို့ကို လွဲချော်တော့မည်ဟု သိရသည်။ FAဥက္ကဋ္ဌ ဂရက်ဂ်ဒိုက်ခ်က ဝီလ်ရှိုင်းယားအတွက် စာနာကြောင်း ပြောဆိုခဲ့သော်လည်း ယခုဖြစ်ရပ်သည် ပြိုင်ဘက်ပရိသတ်များ၏ ပစ်မှတ်ထားခြင်းကို ခံရသည့် အခြေအနေကို မည်သို့မည်ပုံ တုံ့ပြန်သင့်ကြောင်း ၎င်းအတွက် သင်ခန်းစာတစ်ခုဖြစ်ကြောင်းလည်း သတိပေးသွားသည်။

"ဘေးလူအနေနဲ့ မြင်ကြည့်ရင် ကစားသမားတွေကို ကျွန်တော် ကိုယ်ချင်းစာပါတယ်။ ဘာကြောင့်လဲဆိုတော့ လူအုပ်ကြီးက သူတို့ကို တရစပ် ဝေဖန်လှောင်ပြောင်နေတာမျိုး ကြုံနေရတာကိုး။ ဒီအခါ ကိုယ့်ရဲ့ သွေးအေးမှုဟာ ချက်ချင်း ကုန်ဆုံးသွားတတ်ပါတယ်။ ဘာပဲဖြစ်ဖြစ် ဝီလ်ရှိုင်းယားဟာ ဒီဖြစ်ရပ်ကနေ သင်ယူဖို့ လိုပါတယ်။ သူဟာ ဘောလုံးကစားဖို့ လုပ်ခလစာ အများကြီး ရထားသူပါ။ ဒီလိုအခြေအနေတွေကို သူ့အနေနဲ့ ပါးပါးနပ်နပ် ကိုင်တွယ်နိုင်ဖို့ လိုပါတယ်"ဟု ဒိုက်ခ်က ပြောဆိုသွားသည်။

Photo: ပရိသတ်အပေါ် မလျော်မကန် ပြုမူခဲ့သည့်အတွက် ဝီလ်ရှိုင်းယား (၂)ပွဲပယ်ခံရ
Thursday, December 20, 2013

Ref:skysport
Ref:skysport

0 comments:

Post a Comment

နည်းပညာနဲ့ ပတ်သတ်ပြီး သိလိုသည်များကို မေးခဲ့နိုင်ပါတယ်...နည်းပညာတိုင်းက ကျွန်တော် ရေးထားတာ မဟုတ်ပေမယ့်..ကျွန်တော် သိသလောက်ကို ဖြေပေးမှာပါ..သတင်းပို့စ်တွေနဲ့ ပတ်သတ်ပြီးလည်း..ကြိုက်သလို ဝေဖန်နိုင်ပါတယ်...