<div style='background-color: none transparent;'></div>

Friday, December 13, 2013

သရုပ်ဆောင်မိုးဟေကိုဧ။်မောင် ဖုန်းမြင့်ကျော် သေဆုံးသောကားတိုက်မှု အတွက် ရှုင်းလင်းချက်

သက်ဆိုင်သူ Facebook မှကူးယူတင်ပြသည့် သေဆုံးသူ ကျတော်ညီ ဖုန်းမြင့်ကျော် အတွက် အမှန်တရားဖြစ်စေရန်

ထို ဓါတ်ပုံများကိုကြည့်ချင်းအားဖြင့် ကျတော်ညီမှ တခြားကားအားသွား တိုက်သည်လား အတိုက်ခံရသည်လား ဆိုသည်ကို လူတိုင်းသိနိုင်ပါသည်။

ကျတော်ညီ၏အမှားတစ်ချက်မှာ ဗိုလ်ချုပ်လမ်းသို့ ဝင်ပြီးနောက် အကြောင်းတစ်ခုကြောင့် လမ်းရှင်းနေသဖြင့် လူငယ်သဘာဝ အလွယ်ပြန်လှည့်မောင်းသဖြင့် လမ်းပြောင်းမှန်မောင်းသလိုဖြစ်သွားပြီး

မီးပွိုင့်ဖြတ်ရာမှ အ၇ှိန်ဖြင့် မီးနီဖြတ်မောင်းလာသောကားမှ ဝင်ရောက်တိုက်ခြင်းဖြစ်ပါသည်။ ထိုကားသည် အရှိန်ပြင်းပြင်းဖြင့် ကိုဖုန်းကားအားတိုက်ပြီးနောက် ၄င်းအ၇ှိန်မထိန်းနိုင်ဘဲဆွဲချရာမှ ကားမှာက်ပြီးထိုကားပေါ်ပါ လူနှစ်ဦးသေဆုံးခဲ့ခြင်းဖြစ်ပါသည်။

သို့သော် တချို့ဂျာနယ်များနှင့် Post ရေးသားချက်များမှာ ကိုဖုန်းမှ သွားတိုက်သယောင်ရေးသားထားပါသည်။အတိုက်ခံ၇သည့်ကားမှာ ပြိုင်ကားမဟုတ်ဘဲ Mark 2 ( Model 99 ) ဖြစ်ပြီး ပြိုင်ကားမှန်းမသိ ဇိမ်ခံကားမှန်းမသိ ဗဟုသုတပြည့်ဝစွာရေးသားထားပါသေးသည်။

ကိုဖုန်းကားပေါ်ပါ နှစ်ဦးအားဖမ်းသွားသည်ဟု ရေးသားထားပြီး အမှန်မှာ တစ်ဦးမှာ ဦးခေါင်းထိသွားသဖြင့်( မစိုးရိမ်ရ ) ဆေးရုံတင်လိုက်ရပြီး ကျန်တစ်ဦးမှာ ကိုဖုန်းဆေးရုံတက်စဉ်နှင့် ဈာပန အထိလိုက်ပါပို့
့ဆောင်ပေးခဲ့ပါသည်။

ကိုဖုန်းအား ပုဒ်မများဖြင့် တရားစွဲဆိုထားသည်ဟုရေးသားထားပြီး အမှန်မှာ လမ်းပြောင်းပြန်မောင်းမှု ပုဒ်မတစ်ခုသာ အရေးယူထားပါသည်။ကိုဖုန်းသည် ရမ်းကားနေသူတစ်ဦးမဟုတ်မှန်း သူနှင့်တွေ့ဆုံဖူးသူတိုင်းသိကြပါသည်။

ထိုကြောင့် သေချာစွာမစုံစမ်းဘဲ မိမိဂျာနယ်ရောင်းကောင်းရေး
တကိုယ်ကောင်းစိတ်ဓါတ်ဖြင့် လူစိတ်ဝင်စားစေ၇န် ထင်ရာကြားရာရေး
သားထားပြီးကိုဖုန်းမှ ကားတိုက်မှုကျူးလွန်သယောင်ရေးသားချက်များသည် စာနယ်ဇင်းကျင့်ဝတ်နှင့်မညီ တာဝန်ကင်းမဲ့စွာရေးသား ထားသဖြင့်
သေဆုံးသူ ကိုဖုန်းနှင့် မိသားစု ဂုဏ်သိပ်ကာထိခိုက်ညှိုးနွမ်းစေပါသည်။

ထို့ကြောင့်ထိုဂျာနယ်များ နှင့် Postေ၇းသားချက်များအားပြင်း
ထန်စွာကန့်ကွက်အပ်ပါသည်။

Credits : ပြိုင်ကားချစ်သူများဆုံဆည်းရာ

From Lsomaungmaung Maung
Photo: သရုပ်ဆောင်မိုးဟေကိုဧ။်မောင် ဖုန်းမြင့်ကျော် သေဆုံးသောကားတိုက်မှု
အတွက် ရှုင်းလင်းချက်

Aye Chan Mon
Aye Chan Mon

0 comments:

Post a Comment

နည်းပညာနဲ့ ပတ်သတ်ပြီး သိလိုသည်များကို မေးခဲ့နိုင်ပါတယ်...နည်းပညာတိုင်းက ကျွန်တော် ရေးထားတာ မဟုတ်ပေမယ့်..ကျွန်တော် သိသလောက်ကို ဖြေပေးမှာပါ..သတင်းပို့စ်တွေနဲ့ ပတ်သတ်ပြီးလည်း..ကြိုက်သလို ဝေဖန်နိုင်ပါတယ်...