<div style='background-color: none transparent;'></div>

Thursday, December 5, 2013

ဆီးဂိမ်းအတွက် တစ်ခါသုံး ဂျီအက်စ်အမ်ဆင်းကတ်များ စတင်ရောင်းချ

ဆီးဂိမ်းကာလ နိုင်ငံတကာမှ လာရောက်မည့် နိုင်ငံခြားသား ဧည့်သည်များအတွက် အင်တာနက်ပါ အသုံး ပြုနိုင်သော ၀၉၄၃-----ဖြင့် စတင်သည့် ဂျီအက်စ်အမ် တစ်ခါသုံးဆင်းကတ်များကို ဒီဇင်ဘာ ၄ ရက် နံနက် ပိုင်းမှ စတင်ကာ Elite Tech မိုဘိုင်းဖုန်းအရောင်းဆိုင်များတွင် ရောင်းချပေးနေပြီ ဖြစ်သည်။

အဆိုပါ ဂျီအက်စ်အမ် တစ်ခါသုံးဆင်းကတ်များကို ကျပ်ငွေနှစ်သောင်းကျပ်နှုန်းဖြင့် ရောင်းချပေးခြင်းဖြစ် ပြီး နိုင်ငံခြားသားများကိုသာ ရောင်းချပေးကြောင်း သိရပါသည်။ ဆင်းကတ်တွင် ပြည်တွင်းခေါ်ဆိုမှုအတွက် ၂၅၀၀ ကျပ်နှင့် ပြည်ပခေါ်ဆိုမှုအတွက် ၁၆၀၀၀ ကျပ် အသုံးပြုနိုင်မည်ဟု သိရပါသည်။

တယ်လီဖုန်းခေါ်ဆိုခနှုန်းထားများအနေဖြင့် ပြည်တွင်းခေါ်ဆိုမှုအတွက် တစ်မိနစ် ကျပ် ၅၀၊ ပြည်ပခေါ် ဆိုမှုအတွက် တစ်မိနစ် ၈၁၀ ကျပ်နှုန်း ဖြတ်တောက်သွားမည်ဖြစ်သည်။ ဖုန်းလက်ခံမှုအတွက်မူ ပြည် တွင်း ပြည်ပ နှစ်မျိုးစလုံးအတွက် တစ်မိနစ် ၂၅ ကျပ်နှုန်း သတ်မှတ်ထားသည်။ အင်တာနက် အသုံးပြုမှု အတွက် ကိုမူ တစ်မိနစ် နှစ်ကျပ်နှုန်း ကောက်ခံမည်ဖြစ်သည်။

တစ်ခါသုံး ဂျီအက်စ်အမ်ဆင်းကတ်ကို စတင်အသုံးပြုချိန်မှစ၍ တစ်လသာ အသုံးပြုနိုင်မည်ဖြစ်ပြီး အသုံး ပြုနေစဉ် ဖုန်းဘေလ်ကုန်သွားပါက ထပ်မံ ဖြည့်တင်းနိုင်ရန် စီစဉ်ထားသည်ဟု Elite Tech မှ တာဝန်ရှိ သူတစ်ဦးက ပြောသည်။ ၀ယ်ယူလိုသူ နိုင်ငံခြားသားများသည် ပတ်စ်ပို့နံပါတ်နှင့် တည်းခိုနေသည့်နေ ရပ်လိပ်စာတို့ကို စာရင်းသွင်း ၀ယ်ယူနိုင်သည်။

by mizzima

0 comments:

Post a Comment

နည်းပညာနဲ့ ပတ်သတ်ပြီး သိလိုသည်များကို မေးခဲ့နိုင်ပါတယ်...နည်းပညာတိုင်းက ကျွန်တော် ရေးထားတာ မဟုတ်ပေမယ့်..ကျွန်တော် သိသလောက်ကို ဖြေပေးမှာပါ..သတင်းပို့စ်တွေနဲ့ ပတ်သတ်ပြီးလည်း..ကြိုက်သလို ဝေဖန်နိုင်ပါတယ်...