စစ်ကိုင်းတိုင်း၊ ဟုမ္မလင်းမြို့နယ် ချင်းတွင်းမြစ်အတွင်း ခရီးသည်တင်ရေယာဉ်
နှစ်စင်းခေါင်းချင်းဆိုင် တိုက်မိကာ နစ်မြုပ်သွားပြီး
ခရီးသည်တချို့ပျောက်ဆုံးနေသည်ဟု
ခရီးသည်တင် ရေယာဉ်နှစ်စင်းသည် ဟုမ္မလင်းမြို့နယ်၊ မှန်ကင်းဆိပ်ကမ်းအနီး
ချင်းတွင်းမြစ်ကြောင်း အတွင်း ဒီဇင်ဘာ ၃ ရက်က
ခေါင်းချင်းဆိုင်တိုက်မိခြင်း ဖြစ်ပြီး ရေထဲသို့ နစ်မြုပ်သွားသည့်အတွက်
ပျောက်ဆုံးနေသည့် ခရီးသည်များကို ရှာဖွေနေဆဲ ဖြစ်သည်။
တိုက်မိသည့်
ရေယာဉ်နှစ်စင်းမှာ ပုတ်သိုးကျေးရွာမှ မောင်းခမ်း(တောင်/
မြောက်)ကျေးရွာများသို့ မောင်းနှင်လာသည့် တရုတ်နီအမျိုးအစား မြင်းကောင် ရေ
၂၅ ကောင် အင်ဂျင်တပ်ဆင်ပါရှိသော အလျား ၁၈ ပေရှိ ရေယာဉ်နှင့် တရုတ်နီ
အမျိုးအစား မြင်းကောင်ရေ ၂၅ ကောင် အင်ဂျင်စက် တပ်ဆင် ပါရှိသော အလျား ၂၄
တောင်ရှိ အပြာရောင် ရေယာဉ်နှစ်စင်းဖြစ်သည်။
တိုက်မိပြီးနောက်
အလျား ၂၄ တောင်ရှိ ရေယာဉ်ပေါ်တွင် လိုက်ပါလာသည့်ခရီးသည် ၂၄ ဦးအနက်
ဦးမိုးညွှန့် အသက်၄၂ နှစ်၊ ဒေါ်သန်းမြင့် အသက် ၅၂နှစ်ဆိုသူ
ခရီးသည်နှစ်ဦးမှာ ပျောက်ဆုံးနေဆဲဖြစ်သည်။
“ဖြစ်တာက ည ၇ နာရီအချိန်ကြီးဆိုတော့ ဘာမှကောင်းကောင်းမမြင်ရတော့ဘူး၊
အဆိုပါ ရေယာဉ်စီးခရီးသည်များအား
ကူညီကယ်ဆယ်ပေးလျက်ရှိသည့် ဒု-ရဲအုပ် စိုးဝင်းအောင်က ၎င်းကိစ္စအား
တရားလိုပြုလုပ်၍ ထမံသီနယ်မြေ ရဲခန်းသို့ တိုင်တန်းခဲ့သည့်အတွက် ရဲ စခန်းက
ယာဉ် (ပ) ၂၁/၂၀၁၃ ပြစ်မှု ပုဒ်မ ၂၈၂ အရ အမှုဖွင့်ထားကြောင်း သိရသည်။
ရေယာဉ်သုံးစွဲမှု တစ်နေ့တခြားများပြားလာသည့် ချင်းတွင်းမြစ်ကြောင်းတွင်
မကြာခဏ ရေယာဉ်တိမ်း မှောက်မှုများနှင့် ရေယာဉ်တိုက်မှုများ ဆက်တိုက်ဆိုသလို
ဖြစ်ပေါ်လျက်ရှိသည်။ မကြာသေးမီက စစ် ကိုင်းတိုင်း ရေကြောင်းပို့ဆောင်ရေး
ညွှန်ကြားမှု ဦးစီးဌာန၊ တိုင်းညွှန်ကြားရေးမှူး ဦးအေးမင်းမှ ရေယာဉ် များတွင်
အသက်ကယ်အင်္ကျီများ တပ်ဆင်ထားရန် အမိန့် ထုတ်ပြန်ထားသေးသည်။
ချင်းတွင်းမြစ်ကြောင်းအတွင်း ရေယာဉ်တိမ်းမှောက် နစ်မြုပ်မှုဖြစ်ပွားခဲ့ရသည့်
ဖြစ်စဉ်သည် ယခုနှစ် အတွင်း ၁၄ ကြိမ်ခန့်ရှိခဲ့ပြီး ယခုလအတွင်း ကလေးဝ
ဆိပ်ကမ်းတွင် အမြန်ရေယာဉ်၏ ရေယက်ပန် ကာခုတ်မိသဖြင့် ဈေးရောင်းလှေတစ်စင်း
တိမ်းမှောက်ကာ ဆယ်တန်းကျောင်းသူ ဈေးသည်တစ်ဦး သေဆုံးခဲ့သည့်ဖြစ်စဉ်
များလည်းရှိခဲ့သည်။
by mizzima
Thursday, December 5, 2013
ဟုမ္မလင်းတွင် ခရီးသည်တင် ရေယာဉ်နှစ်စင်း ခေါင်းချင်းဆိုင်တိုက်မိ
Subscribe to:
Post Comments (Atom)










0 comments:
Post a Comment
နည်းပညာနဲ့ ပတ်သတ်ပြီး သိလိုသည်များကို မေးခဲ့နိုင်ပါတယ်...နည်းပညာတိုင်းက ကျွန်တော် ရေးထားတာ မဟုတ်ပေမယ့်..ကျွန်တော် သိသလောက်ကို ဖြေပေးမှာပါ..သတင်းပို့စ်တွေနဲ့ ပတ်သတ်ပြီးလည်း..ကြိုက်သလို ဝေဖန်နိုင်ပါတယ်...